စနေ, ဧပြီ 20, 2024

ကိုဗစ်ကာကွယ်ဆေးက၆၆၆လား?

ခုတလောအမှုတော်ဆောင်တချို့ကကိုဗစ်ကာကွယ်ဆေးကို၆၆၆(သားရဲတံဆိပ်၊အန်တိခရစ်၊ခရစ်တော်ကိုပုန်ကန်သူ)ပါလို့ဟောလာကြပြီးယုံကြည်သူ‌တွေကိုမထိုးကြဖို့၊ထိုးလိုက်ရင်ကယ်တင်ခြင်းမရတော့ဘူးဘာညာဟောပြောလာတာတွေ့ရပါတယ်။

တချို့ဆိုရင်၆၆၆ရဲ့ရှေ့‌ပြေးလက္ခဏာဘာညာပေါ့။ သူတို့ရဲ့ခံယူချက်က ကိုဗစ်ကာကွယ်ဆေးဟာသူ့ကိုထိုးထားမှအလုပ်လုပ်ခွင့်ရမယ်၊ခရီးထွက်အပြင်ထွက်ခွင့်ရမယ်၊စီးပွာရှာခွင့်‌‌ ဈေးဝယ်ခွင့်ရမှာမို့ကိုဗစ်ကာကွယ်ဆေးဟာလူသားတစုလုံးကိုထိန်းချုပ်လာပြီဆိုပြီးမထိုးခိုင်းတာပါ။နောက်တချို့တော့ကိုဗစ်ကာကွယ်ဆေးကုဒ်မှာနံပတ်၆၆၆ပါနေမှဆေးဖြစ်တာဘာညာပေါ့။

အမှန်တော့ဒီလိုခံယူတာဟာအဓိကကိုမကြည့်ဘဲသာမညကိုသာချိန်ကြည့်နေလို့ဖြစ်ပါတယ်။၆၆၆အန်တိခရစ်ဆိုတာခရစ်တော်ကိုပုန်ကန်သောသူပါ၊တနည်းအားဖြင့်သူ့တံဆိပ်ကလူသားအားလုံးကိုထိန်းချုပ်လာမယ်ဆိုပေမယ့်

အဓိကချိန်ထိုးရမှာကဒီတံဆိပ်ဟာ…

ခရစ်တော်ကိုပုန်ကန်နေပြီလား?

ယုံကြည်သူတွေကိုဖိနှိပ်‌ဖို့ဖြစ်နေလား?

အသင်းတော်ကိုဖိနှိပ်နေလား?

ဒါတွေကအဓိကချိန်ထိုးရမယ့်အရာတခုပါ။

ဒါကြောင့်ကိုဗစ်ကာကွယ်ဆေးက၆၆၆လားလို့မေးရင်ချိန်ထိုးရမှာကဒီကာကွယ်ဆေးကခရစ်တော်ကိုပုန်ကန်နေတာလား?ဒီကာကွယ်ဆေးကယုံကြည်သူတွေကိုဖိနှိပ်နေပြီလား?ဒီဆေးကအသင်းတော်ကိုဖိနှိပ်နေသလား?အဖြေထုတ်တဲ့အခါ“နိုးပါ”ဆိုတာရှင်းနေပါတယ်။ကိုဗစ်ကာကွယ်‌ ဆေးကခရစ်တော်ကိုမပုန်ကန်ရုံမကလူတွေကိုမသေအောင်ကူညီအကျိုးပြု‌နေတာပါ။

အကယ်၍လူတွေရဲ့စားဝတ်နေရေးနဲ့စီးပွားရေးအလုပ်ကိုထိန်းချုပ်နိုင်တိုင်း၆၆၆လို့သတ်မှတ်ရင်ယနေ့ကျွန်တော်တို့ရဲ့နိုင်ငံသားမှတ်ပုံတင်(သို့မဟုတ်)နိုင်ငံခြားထွက်လက်မှတ်ဗီစာတွေလည်း၆၆၆ဖြစ်သွားပါလိမ့်မယ်။ဘာကြောင့်လည်းဆိုတော့များ‌သောအားဖြင့်မှတ်ပုံတင်ရှိမှအလုပ်လုပ်လို့ရတာပါ၊စီးပွားရှာလို့ရတာပါ၊ဗီစာရှိမှနိုင်ငံရပ်ခြားသွားလို့ရတာပါ။ဆိုတော့မှတ်ပုံတင်ဟာလူသားတိုင်းကိုထိန်းချုပ်နေလို့ဆိုပြီး၆၆၆သတ်မှတ်ရမလား?ယုံကြည်သူတွေမှတ်ပုံတင်မလုပ်ဘဲနေရမလား?မရပါ။လုပ်ရပါတယ်။မှတ်ပုံတင်ဟာခရစ်‌တော်ကိုမပုန်ကန်နေသလိုအသင်းတော်ကိုလည်းမဖိနှိပ်နေပါဘူး။ထို့အတူလူကိုအကျိုးပြုတဲ့ကိုဗစ်ကာကွယ်ဆေးလည်းအန်တိခရစ်၆၆၆မဟုတ်ပါ။ထိုးလို့ရသလိုထိုးလည်းထိုးသင့်ပါတယ်။

အကယ်၍မထိုးဘူးဆိုရင်တောင်၆၆၆မို့လို့မဟုတ်ဘဲအခြားအကြောင်းရင်းတခုခုကြောင့်သာဖြစ်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ခုထွက်နေတဲ့ကာကွယ်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးရှိနေသေးတာမို့ပါ၊ ဆေးကိုယ်၌ချို့ယွင်းချက်ရှိလို့ချင့်ချိန်ဖို့သာ‌ဆရာဝန်‌‌တွေဆော်အောကြတာပါ။ကာကွယ်‌ဆေးက666မို့မထိုးဖို့ဘယ်ဆရာဝန်ကမှမ‌ပြောသလိုဘယ်ကျမ်းပညာရှင်အဲလိုအနက်ပြန်ထားတာမတွေ့ရပါဘူး။ဆိုက်အဖန့်ရှိနေလို့တချို့ကမထိုးရဲကြသေးတာပါ။အဲလိုဆိုရင်ပြဿနာမရှိပါဘူး။ ဒါကြောင့်ကိုဗစ်ကာကွယ်ဆေးဟာ၆၆၆အန်တိခရစ်လုံးဝ(လုံးဝ)မဟုတ်ပါ။‌၆၆၆မ‌ဖြစ်ခင်ပင်လယ်ကထွက်လာတဲ့သားရဲအရင်‌ပေါ်လာရတာမ‌မေ့ပါနဲ့၊ဗျာဒိတ်၁၃:၁-၁၀ကိုဖတ်ကြည့်ပါ။အဲဒီအရာ‌‌ တွေဖြစ်ပြီးမှ၆၆၆‌ပေါ်လာရတာပါ။နောက်နောင်ကိုဗစ်ကာကာကွယ်ဆေးကို၆၆၆အန်တိခရစ်လို့ဟောသူတွေ့ရင်အဲလိုဆရာတွေကိုဝေးဝေးရှောင်ပါ။မဟုတ်ရင်သင်လည်းအဲလိုဆရာတွေနဲ့အတူစောစောစီးစီးခရစ်တော်၌အိပ်ပျော်ခွင့်ရပေလိမ့်မယ်။

ကိုးကားကျမ်း-၁ယော၂:၁၈၊၂သက်၂:၃၊ဗျာ၁၃:၁-၁၈၊ဗျာ၁၃:၇-၈ 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်