စနေ, ဧပြီ 20, 2024

ကိုယ်တိုင်မှားခဲ့ဘူးသောအလွဲများ

၁။ဖန်ဆင်းခြင်းကိုသက်သေပြဖို့အမျိုးသားတွေမှာနံရိုးတချောင်းနည်းနေကြောင်းဟောဘူးတယ်။ဒါပေမယ့်တကယ်တမ်းမှာအာဒံကလွဲလို့လူတိုင်းနံရိုး၂၄ချောင်းဆီပုံမှန်ပါဘဲ။ဥပမာအဖေကလက်တဖက်ပြတ်နေရင်မွေးလာတဲ့သားလဲလက်တဖက်ပြတ်နေရမယ်လို့ရယ်မဟုတ်ပါဘူး၊အာဒံကနံရိုးတစ်ချောင်းထုတ်ခံခဲ့ရပေမယ့်သူ့မျိုးဆက်တွေကတော့ပြည့်စုံလျှက်ပါ။ဒါကြောင့်ဧဝံဂေလိဟောတဲ့အခါယောင်္ကျားလေးတွေနံရိုးတချောင်းနည်းနေတယ်လို့ဆက်မဟောသင့်ပါ။
၂။ကျမ်းစာမှန်ကန်ကြောင်းသက်သေပြဖို့ဆေးရုံမှာသုံးတဲ့တိုင်ပေါ်မြွေပတ်နေပုံ(W.H.Oရဲ့LOGO)ကိုကျမ်းစာထဲကမောရှေခေတ်ကနေဆင်းသက်လာကြောင်းဟောဘူးတယ်။တကယ်တမ်းတော့တိုင်ပေါ်မြွေပတ်ထားတဲ့သမိုင်းဟာW.H.Oရဲ့ဖော်ပြမှုအရဂရိနတ်ဘုရားဖြစ်တဲ့ဆေးကုနတ်ဘုရားကနေဆင်းသက်လာတာပါ။ဒါမတိုင်ခင်ကျမ်းစာထဲမှာမောရှေခေတ်ကကြေးဝါတိုင်ပေါ်မြွေပတ်ထားတဲ့ကယ်တင်ခြင်းအမှုရှိခဲ့တာတော့အမှန်ပါဘဲ။ဆက်စပ်ပြီး‌ ဟောလို့ရပေမယ့်ဒီLOGOကကျမ်းစာထဲကလာတယ်‌ဆိုပြီးမ‌ဟောသင့်ပေ။ (လေ့လာရန်https://www.who.int/about/who-we-are/publishing-policies/logo)
၃။သူနာပြုအဖွဲ့LOGO၊လူနာတင်ကားမှာသုံးတဲ့အနီရောင်အပေါင်းလက္ခာဏာကိုလက်ဝါးကပ်တိုင်နဲ့ဆင်တူလို့ကားတိုင်ရဲ့ကယ်တင်ခြင်းကနေဆင်းသက်လာတယ်လို့ဟောဘူးတယ်။အမှန်တော့တဖက်တလမ်းကနေနိူင်းယှဉ်လို့ရပေမယ့်၊ဒီLOGOကကားတိုင်ကနေဆင်းသက်အသုံးပြုလာတယ်လို့မဖော်ပြထားပါဘူး။စစ်ပွဲမှာငြိမ်းချမ်းရေးယူဖို့အဖြူအောက်ခံနဲ့၊လူတိုင်းကြည့်လိုက်တာနဲ့မှတ်လို့လွယ်အောင်ဆိုပြီးအနီရောင်အပေါင်းလက္ခာဏာကိုအသုံးပြုခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်တရားဟောတဲ့အခါဆက်နွယ်အသုံးပြုလို့ရပေမယ့်ကားတိုင်ကနေအခြေခံပြီးဖြစ်လာကြောင်းအတိကျမဟောသင့်ပါ။
ဆက်လက်တင်ပြပါမည်။လေ့လာရင်း၊ဆင်ခြင်ရင်း၊ပြုပြင်ရင်းပေါ့။
မိတ်ဆွေတို့မှားခဲ့တဲ့ရာရှိရင်လည်းကောမန့်မှာမျှဝေသွားပေးပါခင်ဗျာ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်