စနေ, ဧပြီ 20, 2024

ကိုရိုနာနှင့်ခရစ်ယာန်များဆင်ခြင်ရန်

၁။ကိုရိုနာ‌ကြောင့်ခေတ္တခန္ဓာသေမှာကိုကြောက်တတ်‌တာထက်၊အပြစ်ကြောင့်ထာဝရသေရမှာကိုပိုပြီးကြောက်တတ်ဖို့လိုပါတယ်။ရောဂါကသင့်ခန္ဓာကိုဘဲသတ်နိုင်တာပါ၊အပြစ်တရားကတော့သင့်ကိုထာဝရသတ်သွားပါလိမ့်မည်။
(တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။ရှင်မဿဲခရစ်ဝင်10:28)

၂။ကိုရိုနာရောဂါမကူးအောင်အမျိုးမျိုးကာကွယ်တတ်တာထက်၊အပြစ်မလုပ်မိအောင်သမ္မာတရားတိုင်းအသက်ရှင်ကာကွယ်တတ်ဖို့ပိုလိုအပ်ပါတယ်။
(ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။ဆာလံကျမ်း 119:11 )

၃။ကိုရိုနာသတင်းကို‌ နေ့စဉ်ဖတ်ရှုစောင့်ကြည့်တာထက်၊သမ္မာကျမ်းစာကိုပိုပြီးဖတ်ရှုဆင်ခြင်ပြီးနောက်ဆုံးသောကာလကို‌စောင့်ကြည့်တတ်ဖို့လိုပါတယ်။
(လူ​ဆိုး​တို့၏ လမ်း​တွင်​မ​ရပ်​မ​နေ၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့၏ အ​စည်း​အ​ဝေး​၌​မ​ထိုင်၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌ မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။
ဆာလံကျမ်း1:2 )

၄။‌ကိုရိုနာဆိုင်ရာကောလဟာလနဲ့သတင်းတုတွေကိုမယုံသင့်၊မရှဲသင့်သလို၊ ယုံကြည်မှုဆိုင်ရာလွဲမှားတဲ့အယူဝါဒနဲ့မိစ္ဆာပရောဖက်တွေကိုပိုပြီးရှောင်သင့်ပါတယ်။
(ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်1:10)

၅။ကိုရိုနာရောဂါက‌နေလူသားအားလုံးအမြန်ကျော်လွားပျောက်ကင်းပါစေလို့မျှော်လင့်ဆုတောင်းတာထက်၊လူတိုင်းဧဝံဂေလိစကားအမြန်ကြားရပြီးထာဝရသေခြင်းကနေလွတ်မြောက်ပါစေလို့ပိုပြီးဆုတောင်းဖို့လိုအပ်ပါတယ်။
(ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။ရှင်ပေတရု ဩဝါဒစာဒုတိယစောင်3:9 )

၆။မိမိအသင်းတော်လူစုလူဝေးကြောင့်အခြားလူတွေကူးစက်ရောဂါရသွားမှာကိုစိုးရိမ်တတ်တာထက်၊မိမိအသင်းတော်ရဲ့ဧဝံဂေလိတာဝန်မကျေမှူကြောင့်လူများစွာထာဝရပျက်စီးသွားမှာကိုပိုပြီးစိုးရိမ်တတ်ဖို့လိုပါတယ်။
(သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။ယေဇကျေလအနာဂတ္တိကျမ်း3:18)

၇။ကိုရိုနာရောဂါအ‌‌ခြေနေကြောင့်ဘုရားကျောင်းခေတ္တပိတ်ထားဖို့လိုအပ်လာသလို၊အပြစ်နွံထဲနှစ်နေသူ‌ တွေကိုကယ်တင်ဖို့အတွက်သင့်အလုပ်နဲ့အိမ်ကိုလဲတခါတလေခေတ္တပိတ်ပြီးအမှု‌တော်ဆောင်ဖို့ပိုပြီးလိုအပ်ပါတယ်။
(နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-တိမောသေဩဝါဒစာဒုတိယစောင်4:2)

၈။နူတ်ကပတ်‌တော်နဲ့မဆန့်ကျင်တဲ့အစိုးရမင်းတို့ရဲ့စကားကိုလိုက်နာဖို့လိုသလို၊ဘုရားသခင်ရဲ့စကားတော်ကိုသာ၍လိုက်နာတတ်ဖို့လိုအပ်ပါတယ်။
(အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။ရောမဩဝါဒစာ။ 13:1)
ကိုရိုနာရောဂါကိုသတိထားကာကွယ်ဖို့လိုသလိုဒီ‌ ရောဂါကြောင့်ပိုအရေးကြီးသောအရာကိုဥပေက္ခာမပြုမိဖို့လိုအပ်ကြောင်းသတိပေးလိုက်ပါတယ်။
ဘုရားသခင်ကောင်းကြီးပေးပါစေ၊
အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်