စနေ, ဧပြီ 20, 2024

ကောင်းကင်တမန်၃မျိုး

ကောင်းကင်တမန်ကိုဟေဗြဲဘာသာစကားအရ“တမန်”လို့သက်ရောက်တဲ့အတွက်မြန်မာ‌လိုကောင်းကင်တမန်လို့ဆရာယုဒဿန်ဘာသာပြန်ထားတာအင်မတန်ရိုးရှင်းထိရောက်လှပါတယ်။သူတို့ကိုဘုရားသခင်ကလူတွေထက်အဆင့်မြင့်ပြီးဖန်ဆင်းပေးခဲ့တာပါ(ဆာလံ၈:၄၊၁၄၈:၂-၅)။လူလိုအကန့်သတ်မရှိဘဲတန်ခိုးပါဝါရှိကြပေမယ့်၊သူတို့ဟာကယ်တင်ခြင်းရပြီးတဲ့သူတွေကိုပြုစုရမယ့်အစေခံလည်းဖြစ်ပါတယ်(၁ကော၆း၃၊မဿဲ၁၈း၁၀၊ဟေဗြဲ၁း၁၄)။ကျားမခွဲတဲ့လိင်အကန့်သတ်ထဲမရှိဘဲနာမ်ဝိညာဉ်ဖြစ်ကြပေမယ့်၊လူလိုအသွင်ယူနိုင်ပြီးစားသောက်နိုင်တဲ့တန်ခိုးရှိကြပါတယ်၊မသေနိုင်ကြတဲ့သူတွေဖြစ်ပြီးလွတ်လပ်စွာရွေးချယ်ခွင့်လည်းရှိကြပါတယ်၊လူနဲ့မတူတာကနောင်တရခြင်းမျိုး(အခွင့်)မရှိတာပါ(ကမ္ဘာ18:3၊‌ဟေဗြဲ1:14၊မာကု12:25၊လုကာ20:36၊ကမ္ဘာ18:1-8; 19:1-3)။ကျမ်းစာတအုပ်လုံးထဲမှာသူတို့ကိုအမျိုးအစား၃မျိုးနဲ့ဖော်ပြတာတွေ့ရပါတယ်။

၁။‌ကောင်းကင်တမန်မိက္ခေလ

နာမည်ရဲ့အဓိပ္ပာယ်က“ဘုရားသခင်နဲ့ဘယ်သူတူနိုင်မလဲ”လို့သက်ရောက်ပါတယ်။မိမိကိုယ်ကိုနှိမ့်ချခြင်းရဲ့သင်္ကေတဖြစ်ပြီးကောင်ကင်တမန်မင်းမျိုးအဆင့်ကပါ။ဒီနာမည်ကသူတဦးတည်းရဲ့နာမည်ဖြစ်ပါတယ်။စစ်ဖက်ဆိုင်ရာ‌ခေါင်း‌ဆောင်ပါ။စစ်တိုက်ရတဲ့အလုပ်လုပ်ရပါတယ်။ကာကွယ်ရေးဦးစီးပေါ့။(ရှင်ယုဒ၉)

၂။ကောင်းကင်တမန်ဂါ‌ဗြေလ

နာမည်ရဲ့အဓိပ္ပာယ်က“ဘုရားသခင်၏လူ”လို့သက်ရောက်ပါတယ်။သူလည်းကောင်းကင်တမန်မင်းအဆင့်ကပါဘဲ။ဒါ‌ပေမယ့်သူ့တာဝန်ကသတင်းစကားပို့တဲ့သူပါ။
(ဒံယလေ8:15-27၊9:20-27၊လုကာ1:8-19၊လုကာ1:26-38)။

၃။ကောင်းကင်တမန်သရပ်

“သရပ်”ဆိုတာကောင်းကင်တမန်တဦးတယောက်ရဲ့အမည်မဟုတ်ဘဲအမျိုးအစားတခုလုံးရဲ့အမည်ပါ။“‌တောက်လောင်ခြင်း”လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ဘုရားသခင်ရဲ့ပလ္လင်နားမှာအမြဲ‌နေပြီးကိုင်းရှိုင်းခြင်းနဲ့သန့်ရှင်းခြင်းကို‌ ကြွေးကြော်သောတမန်တွေပါ။အတောင်၆ခုရှိတဲ့တမန်ပါ။နှစ်ခုကမျက်နာကိုဖုံးကြတယ်၊အဓိပ္ပာယ်ကမိမိကိုယ်‌ပေါ်လွင်ခြင်းမဟုတ်ဘဲ၊ဘုန်းတန်ခိုးအာနုဘော်အားလုံးဘုရားသခင်ဆီသက်ရောက်စေခြင်း။တောင်ပံနှစ်ခုကခြေကိုဖုံးကြတယ်၊အဓိပ္ပာယ်ကကိုယ်လုပ်သမျှငါဆိုတာမပေါ်လွင်စေခြင်းပါ။နောက်ဆုံးနှစ်ခုကပျံသန်းတယ်၊အဓိပ္ပာယ်ကဖြောင့်မတ်ခြင်းတရားသယ်ဆောင်သူလို့သက်ရောက်ပါတယ်။(ဟေရှာ၆:၁-၇)

၄။ကောင်းကင်တမန်ခေရုဗိမ်

“ခေရုဗိမ်”ဆိုတာကလည်းကောင်းကင်တမန်တဦးတယောက်ရဲ့အမည်မဟုတ်ဘဲအမျိုးအစားတခုလုံးရဲ့အမည်ပါ။“နီးစပ်ခြင်း”လို့အဓိပ္ပာယ်သက်‌ရောက်ပါတယ်။ဘုရားနဲ့အနီးကပ်ဆုံးနေပြီးကာကွယ်ရေးနဲ့ချီးမွမ်း‌ရေးကိုတာဝန်ယူတဲ့တမန်တွေပါ။တချိန်ကဧဒင်ဥယျဉ်တံခါးစောင့်တာဝန်ယူခဲ့သလို၊ပဠိညာဉ်သေတ္တာပေါ်ကစောင့်ထိန်းတဲ့ရုပ်တုထုခံရတဲ့တာဝန်ယူပုံ‌ဆောင်သူတွေပါ။ ယေဇကျေလရဲ့ယူပါရုံအရသူတို့မှာမျက်နာ၄ခုနဲ့အတောင်ပံ၄ခုစီရှိကြပါတယ်။(ကမ္ဘာ3:24၊ယေဇကျေ28:14၊ထွက်25:17-22)။

၅။လူစီဖာ

လူစီဖာ(မိုးသောက်ကြယ်)ဆိုတဲ့ဘွဲ့နာမရဖူးခဲ့တဲ့စာတန်ဟာလည်းတချိန်ကခေရုဗိမ်အမျိုးစားဝင်တမန်ပါဘဲ(ယေဇကျေလ28:14)။မူရင်းဟေဘရူးစကားကဟေရှာယ၁၄:၁၂ထဲမှာစာတန်ကို‌ ဟေရှာယကသူမကျရှုံးခင်တင်စားခေါ်ဝေါ်ခဲ့တဲ့အမည်တခုပါ။ဂျူးကျမ်းစာရဲ့Septuagintဘာသာပြန်ဗားရှင်းမှာהֵילֵל ကိုဂရိလိုἑωσφόροςလို့ဘာသာပြန်ခဲ့ပြီး၊နောက်ပိုင်းလာတင်လိုအပါအဝင်ယနေ့KJVဘာသာပြန်ကအစ(Lucifer)လို့အသုံးပြုလာခဲ့ပါတယ်။အဓိပ္ပာယ်ကနံနက်သားမိုးသောက်ကြယ်လို့သက်‌ရောက်ပါတယ်။ကျန်တဲ့ဘာသာပြန်ကျမ်း‌ တွေမှာတော့(မြန်မာဘာသာပြန်ကျမ်းအပါအဝင်)မိုးသောက်ကြယ်Morning starလို့ဘဲသုံးထားပါတယ်။သတိထားရမှာကယေရှုကိုယ်တိုင်ကလည်းဗျာ၂၂:၁၆မှာလည်းငါဟာမိုးသောက်ကြယ်ဖြစ်တယ်လို့ဆိုထားပါတယ်၊ဒါပေမယ့်မတူတာကမူရင်းစကားလုံးမှာလူစီဖာနဲ့တူညီတဲ့စကားလုံးမသုံးခဲ့ပါဘူး။အဓိပ္ပာယ်ကတော့ခရစ်တော်ဟာလောကအလင်းဖြစ်ကြောင်းပါ။
ဆိုတော့နံပတ်၁နဲ့၂ကကောင်းကင်တမန်မင်းမျိုးဖြစ်ပြီး၊နံပတ်၃ကတမျိုး၊၄နဲ့၅က‌နောက်အမျိုးစားတမျိုး‌အားလုံးပေါင်း၃မျိုးပါ။ကျမ်းစာထဲမှာဖော်ပြထားတဲ့ကောင်းကင်တမန် တွေရဲ့အလုပ်ကတော့ဘုရားသခင်ခိုင်းသမျှကိုလုပ်ရခြင်းပါဘဲ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်