စနေ, ဧပြီ 20, 2024

ကျေးဇူးတော်ချီးမွမ်းခြင်းမှရသောထပ်ဆင့်ကောင်းကြီး(၇)မျိုး

အခြေပြုကျမ်း-ယော၁:၁၆
 
နိဒါန်း
အားလုံးခရစ်တော်၌ငြိမ်သက်ခြင်းရှိပါစေ။ဒီနေ့ဟာ” ဦး…ဒေါ်…” အိမ်ထောင်မိသားစုရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုစည်းဝေးဘဲဖြစ်ပါတယ်၊ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်လို့ပြောလိုက်တဲ့အခါဘုရားသခင်ရဲ့အလိုတော်ဖြစ်သလိုယုံကြည်သူတိုင်းလုပ်ရမယ့်အရာတခုလဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ပူဇော်တတ်တဲ့လူတစ်ယောက်ဟာထပ်ဆင့်ကျေးဇူးတော်၇မျိုးခံစားရလိမ့်မယ်လို့သမ္မာကျမ်းစာကဖော်ပြထားလို့ဘဲဖြစ်ပါတယ်။ဒီနေ့အားလုံးနဲ့အတူဒီ၇ချက်ကိုတချက်ခြင်းလေ့လာခွန်အားယူချင်ပါတယ်။
 
၁။ဘေးအမျိုးမျိုးမှကယ်လွတ်ခြင်းကျေးဇူး
ဆာလံကျမ်း ၅၀:၁၄-၁၅” ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။
 
၂။ရန်သူနှင့်သင့်မြတ်စေခြင်းကျေးဇူး
ဆာလံကျမ်း ၆၉:၃၀-၃၁” ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ထာဝရဘုရားသည် ချိုနှင့်လည်းကောင်း၊ ခွါနှင့်လည်းကောင်း ပြည့်စုံသောနွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။”
သုတ္တံကျမ်း ၁၆:၇
လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
 
၃။မပြည့်စုံမှုကိုဖုံးအုပ်နိုင်ခြင်းကျေးဇူး
၁ကော၁:၂-၆မှာရှင်ပေါလုဟာကောရိန်သုအသင်းသားတွေကိုစာရေးပေးတဲ့အခါသုံးထားတဲ့အသုံးနုန်းလေးပါ။အမှန်တော့ကောရိန်သုအသင်းတော်ဟာပြသနာအများဆုံးနဲ့အဆိုးရွားဆုံးအခြေနေကလူတွေပါ၊ဒါပေမယ့်ရှင်ပေါလုကဒီလူတွေကိုသန့်ရှင်းသောသူအပြစ်ကင်းစင်သောသူဆိုပြီးသူတို့အတွက်ကျေးဇူးတော်ချီးမွမ်းပြီးစကားအစချီခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ကျေးဇူးတော်အမြဲချီးမွမ်းတတ်သူဟာသူတပါးအပေါ်အမြင်ကြည်လင်စေပြီးဝေဖန်ပြစ်တင်မှုနည်းလာမှာပါ။သူတပါးရဲ့မပြည့်စုံမှုကိုဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ဖုံးအုပ်တတ်သောသူဖြစ်လာပါလိမ့်မယ်။
 
၄။ချမ်းသာရခြင်းကျေးဇူး
ယောနတ္ထု ၂:၉
အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
 
၅။စောင့်မခြင်းကျေးဇူး
ဖိလိပ္ပိဩဝါဒစာ ၄:၆-၇
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
 
၆။စာတန်ကိုအောင်နိုင်ခြင်းကျေးဇူး
ယောဘဝတ္တု ၁:၂၁
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ယေဘဟာအခက်ခဲဆုံးအချိန်မှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့စာတန်ရဲ့စုံစမ်းခြင်းကိုအောင်နိုင်ခဲ့သူပါ။
 
၇။ကျန်းမာရွှင်လန်းခြင်းကျေးဇူး
သုတ္တံကျမ်း ၁၇:၂၂မှာ” စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။” လို့ဆိုပါတယ်။ကျေးဇူးတော်အမြဲရေတွက်နေတတ်တဲ့သူဟာရွှင်လန်းခြင်းကိုရရှိနေသူဖြစ်ပြီး၊စိတ်အမြဲရွှင်လန်းနေတဲ့သူဟာကျန်းမာခြင်းရဲ့အခြေခံအုတ်မြစ်ဘဲဆိုတာသမ္မာကျမ်းစာကဆိုထားသလိုလက်ရှိဆေးပညာပိုင်းမှာလဲသက်သေထူထားပါပြီ။ဒါကြောင့်ကျေးဇူးတော်အမြဲရေတွက်ချီးမွမ်းတတ်သောသူဟာကျမ်းမာရွှင်းလန်းခြင်းကျေးဇူးကိုထပ်ဆင့်ခံစားရပါလိမ့်မယ်။
 
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပုဇော်တဲ့သူတွေဟာထပ်ဆင့်ကျေးဇူးတော်၇မျိုးဖြစ်တဲ့၁။ဘေးအမျိုးမျိုးမှကယ်လွတ်ခြင်းကျေးဇူး၊၂။ရန်သူနှင့်သင့်မြတ်စေခြင်းကျေးဇူး၊၃။မပြည့်စုံမှုကိုဖုံးအုပ်နိုင်ခြင်းကျေးဇူး၊၄။ချမ်းသာရခြင်းကျေးဇူး၊၅။စောင့်မခြင်းကျေးဇူး၊၆။စာတန်ကိုအောင်နိုင်ခြင်းကျေးဇူးနဲ့၊၇။ကျမ်းမာရွှင်လန်းခြင်းကျေးဇူး၊တွေရရှိမှာဖြစ်ကြောင်းဝေငှခွန်အားယူခဲ့တာဖြစ်ပါတယ်။ဒီလိုကျေးဇူးတော်ချီးမွမ်းတတ်တဲ့အပြုအမူလေးဟာလဲတချိန်ထဲမှာဘုရားဘုန်းထက်ရှားစေမှာဖြစ်ကြောင်းဆာလံ၅၀:၂၃မှာဖော်ပြထားပါတယ်။ဒါကြောင့်ဒီလောက်ကောင်းတဲ့အရာကိုရယူဖို့ဒီနေ့အိမ်ထောင်မိသားစုကိုအတုယူပြီးကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုအတူတကွပူဇော်ကြပါစို့။ဖတ်ရှုသူအယောက်ဆီတိုင်းဘုရားကောင်းကြီးပေးပါစေ၊အာမင်။
Ye Ming(ပတ္တမြားမြေ)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်