စနေ, ဧပြီ 20, 2024

ခရစ္စမတ်(Christmas)ဆိုတာ

ဖြေ-ခရစ္စမတ်ဆိုတာအင်္ဂလိပ်လိုစကားစုနှစ်ခုဖြစ်တဲ့Christ+Masပေါင်းစည်းထားတာကိုမြန်မာအသံထွက်နဲ့ရေးထွက်အသုံးပြုနေခြင်းပါ။Christဆိုတဲ့အင်္ဂလိပ်စာရဲ့အဓိပ္ပာယ်ကခရစ်တော်(ယေရှု)ဖြစ်ပြီးဂရိလိုΧριστός(ခရစ်တော်)ကနေလာတာပါ(တချို့ဂရိစာအတိုကောက်နဲ့လာတင်လိုMasကိုတွဲပြီးXmasလို့သုံးကြတာရှိပါတယ်၊ဒါမမှားပါ)။Masဆိုတာကတော့လာတင်လိုmissaကနေဆင်းသက်လာပြီးအဓိပ္ပာယ်ကတော့အမှုပြီးဆုံးခြင်းဖြစ်ပါတယ်။အင်္ဂလိပ်လိုsတလုံးပိုထည့်ပြီးmassဆိုရင်လူထုလို့ပြန်သက်ရောက်ပါတယ်။

ဒါကြောင့်ခရစ္စမတ်ကိုမြန်မာလိုစကားပြေအနေနဲ့ဖွင့်ဆိုရမယ်ဆိုရင်ယေရှုခရစ်တော်ပြုတဲ့ကယ်တင်ခြင်းအမှုပြီးခြင်းဖြစ်ပါတယ်။အင်္ဂလိပ်လိုနားလည်ရရင်ဘုရားနဲ့လူပြန်လည်သင့်မြတ်ခြင်းလို့ခံယူလို့ရပါတယ်။ဒီစကားလုံးကိုခရစ်ယာန်များကခရစ်တော်မွေးနေ့အဖြစ်တူညီတဲ့ရက်တခုသတ်မှတ်ပြီး၊တွင်တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။
Ye Ming(ပတ္တမြားမြေ)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်