စနေ, ဧပြီ 20, 2024

ခရစ်တော်၌ညီကိုမောင်နှများဆိုတာ

၁။အဖတပါးတည်းဖြစ်လို့(ထာဝရဘုရား)
၂။ကယ်တင်ရှင်တပါးတည်းဖြစ်လို့(ယေရှုခရစ်တော်)
၃။ဥပဇ္ဈယ်ဆရာတပါးတည်းဖြစ်လို့(သန့်ရှင်းသောဝိညာဉ်တော်)
၄။မိသားစုလမ်းညွန်စာအုပ်တအုပ်တည်းရှိလို့(သမ္မာကျမ်းစာ)
၅။အားလုံးတအိမ်ထဲမိသားစုဝင်ဖြစ်ရလို့(အသင်းတော်)
၆။အချင်းချင်းအခေါ်အဝေါ်တခုထဲဖြစ်လို့(ညီကိုမောင်နှမ)
၇။တခုတည်းသောနူတ်ဆက်ခြင်းရှိလို့(ယေရှုခရစ်တော်၌…)
၈။တူညီသောအမည်ကိုရရှိထားလို့(ခရစ်ယာန်)
၉။တူညီသောသောအာမခံချက်ရရှိထားလို့(ဧမာနွေလ)
၁၀။တူညီသောသောချီးမွမ်းသံရှိလို့(ဟာလေလုယာ…အာမင်)
၁၁။တူညီသောအိမ်စည်းကမ်းရှိလို့(အချင်းချင်းချစ်မေတ္တာ)
၁၂။တူညီသော တာဝန်ရှိလို့(ဧဝံဂေလိ)
၁၃။တူညီသောမျှော်လင့်ချက်ရှိလို့(ချီဆောင်ခြင်း)

ထို့ကြောင့်…

၁။ခရစ်တော်၌ပုန်ကန်ခြင်းမရှိဘူး၊အချင်းချင်းလက်ခံခြင်းဘဲရှိရမယ်။
၂။ခရစ်တော်၌တိုက်ခိုက်ခြင်းမရှိဘူး၊ခွင့်လွတ်နားလည်ခြင်းဘဲရှိတယ်။
၃။ခရစ်တော်၌ကွဲပြားခြင်းမရှိဘူး၊တလုံးတဝဖြစ်ခြင်းဘဲရှိတယ်။
၄။ခရစ်တော်၌ထိမိလဲကျစေခြင်းမရှိဘူး၊လဲသူကိုထူပေးဖြစ်ခြင်းဘဲရှိတယ်။
၅။ခရစ်တော်၌ကျိမ်ခြင်းအမင်္ဂလာမရှိဘူး၊ကောင်းကြီးမင်္ဂလာဘဲရှိတယ်။
၆။ခရစ်တော်၌အေးစက်ခြင်းမရှိဘူး၊နိုးထမှုဖြစ်ခြင်းဘဲရှိတယ်။
၇။ခရစ်တော်၌ရန်သူမရှိဘူး၊ချစ်ခြင်းမေတ္တာဘဲရှိတယ်။
၈။ခရစ်တော်၌စိတ်ပျက်ခြင်းမရှိဘူး၊ပျော်ရွှင်ငြိမ်သက်ခြင်းဘဲရှိတယ်။
၉။ခရစ်တော်၌မာန်မာနမရှိဘူး၊နှိမ့်ချ ခြင်းဘဲရှိတယ်။
၁၀။ခရစ်တော်၌အဓမ္မတရားမရှိဘူး၊သမ္မာတရားဘဲရှိတယ်။
၁၁။ခရစ်တော်၌ပျက်ရယ်ပြုခြင်းမရှိဘူး၊အားပေးနှစ်သိမ့်ခြင်းဘဲရှိတယ်။
၁၂။ခရစ်တော်၌ပျက်စီးခြင်းမရှိဘူး၊ထာဝရအသက်ဘဲရှိတယ်။

ဟာလေလုယာ။အာမင်။

ရှင်မာကုခရစ်ဝင် ၃:၃၅ယေရှုက “ ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း” ဟု မိန့်တော်မူ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်