စနေ, ဧပြီ 20, 2024

ခရစ်ယာန်အစွန်းရောက်(၃)မျိုး

၁။ပထမအစွန်း‌ရောက်တမျိုးက

မိမိကြိုက်နှစ်သက်တဲ့ဆရာတွေအမှားကြီးလုပ်ခဲ့တာသိ‌နေလျက်မေတ္တာနဲ့မထောက်ပြဘဲလိုက်ဖာထေးနေသူများ၊အခြားသူတွေက‌နေဒီဆရာမှားနေကြောင်း‌မေတ္တာနဲ့ထောက်ပြတာကိုလည်းရန်လိုသူများ။မိမိဆရာကိုထိဓားကြည့်ဆိုသူများ၊ဒါဟာ‌လောကမေတ္တာမှန်ကောင်းမှန်မယ်၊သမ္မာတရားပေါ်ရပ်တည်တဲ့ဘုရားမေတ္တာတော့မဟုတ်ဘူး။တနည်းအားဖြင့်ဆရာစွဲလွန်သွားတဲ့အစွန်းရောက်ယုံကြည်မှုပါဘဲ။“ဘုရားလူမှားရင်ဘုရားစီရင်မယ်လူတွေဘာမှမပြောနဲ့”ဆိုတဲ့ခံယူချက်ဟာသမ္မာတရားနဲ့လုံးဝမကိုက်ညီပါဘူး၊ဘုရား‌ရွေး‌ ကောက်တင်မြောက်ထားတဲ့ဒါဝိဒ်မှားခဲ့ရင်တောင်ပရောဖက်နာသန်ကဘုရားစကားနဲ့ရဲရဲတောက်ထောက်ပြခဲ့တာပါ။ယ‌နေ့‌ခေတ်မှာဘုရားသခင်ပြောမယ့်စကားတွေကသမ္မာကျမ်းစာထဲအကုန်ပေးထားပါပြီ၊ဒီကျမ်းစာနဲ့မှားမှန်ကိုပိုင်းခြားပြီးခံယူထောက်ပြတတ်ဖို့လိုပါတယ်။ကျမ်းစာမဖတ်ဘဲမိမိခံစားချက်နဲ့ပြောချင်တာတွေက‌တော့ဘုရားစကားမဖြစ်နိုင်ပါဘူး။
(အ​ကြောင်း​မူ​ကား၊ ယ​ခု​တွင် ငါ​သည် လူ​တို့၏ အ​လို​သို့​လိုက်​သ​လော။ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို လိုက်​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြ​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြံ​သေး​လျှင်၊ ခ​ရစ်​တော်၏ အ​စေ​ခံ​ကျွန်​မ​ဟုတ်​ပြီ။ဂလာတိဩဝါဒစာ1:10 )

၂။ဒုတိယအစွန်း‌ ရောက်တမျိုးက

သူတပါးအမှားကိုမေတ္တာနဲ့ပြန်လည်တည်ဆောက်ပေးဖို့ရည်ရွယ်တာမဟုတ်ဘဲ၊အပြစ်လိုက်ပုံချနေသူများ၊စီရင်လွန်နေသူများ၊တမင်တကာလှောင်ပြောင်ကဲ့ရဲ့နေသူများ၊သတင်းတုဖွပြီးတိုက်ခိုက်‌နေသူများ၊မိမိအပြစ်ကိုမမြင်ဘဲသူတပါးအမှားကိုလိုက်လံဆဲဆိုရိုင်းစိုင်းနေသူများဟာလောကတရားအနေနဲ့ဖြစ်သင့်ကောင်းဖြစ်သင့်မယ်၊သမ္မာတရားရဲ့သွန်သင်မှုကတော့လုံးဝမဟုတ်ပါဘူး။ဒီလိုလူတွေဟာခရစ်ယာန်‌ တွေဆိုရင်တောင်တနည်းအားဖြင့်အစွန်းရောက်နေတဲ့ခရစ်ယာန်တွေဘဲဖြစ်ပါမယ်။
(ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။ကောရိန္သုဩဝါဒစာဒုတိယစောင် 13:10)

၃။နောက်ဆုံးအစွန်းရောက်တမျိုးကအမှားကိုမဝန်ခံတဲ့အမှုတော်ဆောင်တွေနဲ့ဝန်ခံ‌ပေမယ့်ဆက်မှားနေသူပါ။

လူတိုင်းမှားတတ်ပါတယ်၊အထူးသဖြင့်အမှု‌ တော်ဆောင်တွေပလ္လင်ပေါ်မှာဟောပြောတာကျ‌နော်အပါအဝင်မမှားဖူးသူမရှိပါဘူး။မှားဖူးတဲ့အမှု တော်‌ ဆောင်ချင်းတူပေမယ့်မတူတာကတော့မိမိအမှားကိုဆင်ခြင်ပြီးပြုပြင်သူနဲ့ဆက်မှားနေသူပါ။ဥပမာဒါဝိဒ်နဲ့‌ရှောလု၊အမှားလုပ်တာချင်းတူ‌ပေမယ့်မတူတာကအမှားကိုဝန်ချတတ်ပြီးဆက်မလုပ်‌ တော့တဲ့သူနဲ့အမှားကိုအ‌‌ ပေါ်ယံသာဝန်ချပြီးလက်တွေ့မပြောင်းလဲသူကကွာသွားတာပါ။ယ‌နေ့အမှုတော်ဆောင်တွေအမှန်ဖြစ်သင့်တာကကိုယ်ပြောခဲ့တာလုပ်ခဲ့တာမှားသွားရင်၊သမ္မာကျမ်းစာနဲ့သွေဖယ်တဲ့ဟောပြောမှုတွေရှိခဲ့တာမှန်ရင်နောင်တရဝန်ချတတ်ဖို့လိုပါတယ်။ဆက်မှားနေတာကိုမှန်သလိုခံယူနေတဲ့အမှုတော်ဆောင်‌တွေဟာအစွန်းရောက်တဲ့သူတွေပါဘဲ။
(ထို​အ​ယူ​နှင့်​သ​ဘော​တူ​သော နိ​ကော​လ​တ​ပည့်​တို့၏ အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် ထို​နည်း​တူ သင်၌​ရှိ​ကြ၏။ထို​ကြောင့် နောင်​တ​ရ​လော့။ မ​ရ​လျှင် သင်​ရှိ​ရာ​သို့​ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ထို​သူ​တို့​ကို ငါ့​ခံ​တွင်း၏​သန်​လျက်​နှင့် စစ်​တိုက်​မည်။ဗျာဒိတ်ကျမ်း2:15‭-‬16 )

ကျွန်တော်ရေးနေဟောနေတာတွေကနူတ်ကပတ်တော်နဲ့မကိုက်ညီတာရှိရင်မေတ္တာနဲ့ထောက်ပြပေးနိုင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်