စနေ, ဧပြီ 20, 2024

ခရစ်ယာန်အိမ်ထောင်တိုက်မြစ်(၇)ခု

၁။အချင်းချင်းတသားတကိုယ်ထဲလို့ခံယူပါ။
ရှင်မဿဲခရစ်ဝင် ၁၉:၄-၆” ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည်ယောကျာ်းနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ထိုအကြောင်းကြောင့် ယောကျာ်းသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော။ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။”
 
၂။အေးတူပူအမျှတလုံးတဝဖြစ်စေပါ။
ကမ္ဘာဦးကျမ်း ၂:၂၃
လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
 
၃။အချင်းချင်းသစ္စာရှိပါ။
သုတ္တံကျမ်း ၆:၂၆
အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသောယောကျာ်းသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကို ဖမ်းတတ်၏။
 
၄။ဘုရားပေးသောနေရာတာဝန်ကိုခွဲ့ခြားသိမြင်ပါ။
ဧဖက်ဩဝါဒစာ ၅:၂၃
အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောကျာ်း သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။
 
၅။အချင်းချင်းရိုသေပြီးချစ်ကြပါ။
ဧဖက်ဩဝါဒစာ ၅:၂၅
အချင်းယောကျာ်းတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။
တိတုဩဝါဒစာ ၂:၄
…အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊ …။
 
၆။အချင်းချင်းနှိမ့်ချဖေးမပါ။
ဧဖက်ဩဝါဒစာ ၅:၂၁
ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။
 
၇။အချင်းချင်းလိင်၏သာယာဖြည့်စည်းမှုရှိစေပါ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၇:၂-၃
ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောကျာ်းတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။ ယောကျာ်းသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။ထာဝရမြဲမြံ
 
သာယာသောခရစ်ယာန်အိမ်ထောင်များဖြစ်ကြပါစေ။ အာမင်။Ye Ming (ပတ္တမြားမြေ)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်