စနေ, ဧပြီ 20, 2024

စာမေးပွဲအောင်သူ၊ကျသူအတွက်ပေးစာ

အောင်သူအတွက်ဘုရားသခင်ကိုချီးမွမ်းသလို၊ကျသူအတွက်လဲစိတ်ဓာတ်မကျဘဲဆက်ကြိုးစားပါလို့ခွန်အားပေးချင်ပါတယ်။ဆယ်တန်းကျတာကြောက်စရာမကောင်းပါဘူး၊ကြောက်စရာကောင်းတာကစိတ်ဓာတ်အရှုံးပေးလိုက်တာပါ။ဒီလိုပါဘဲဆယ်တန်းအောင်တယ်ဆိုတာပျော်စရာဂုဏ်ယူစရာကောင်းပေမဲ့၊ပိုပြီးဂုဏ်ယူရမှာကရှေ့လျှောက်အနာဂတ်မှာအောင်မြင်အောင်လုပ်ဖို့ပါဘဲ။ကျခဲ့သူအတွက်ဆင်ခြင်ရမှာကငါတကယ်ကြိုးစားခဲ့ပြီလားဆိုတာပါဘဲ?မိဘတွေရဲ့သွေးချွေးနဲ့ရှာပြီးထောက်ပန့်တာကိုငါတာဝန်ကျေခဲ့ရဲ့လား?အကယ်၍တာဝန်မကျေခဲ့ရင်လဲတဲ့နေရာကနေပြန်ထနိုင်အောင်ကြိုးစားပါ။လဲကျတာကိုယ်ကလုံးဝအသုံးမကျတာမဟုတ်ပါဘူး၊လဲကျပြီးပြန်မထနိုင်တာကဘဲလုံးဝအသုံးမကျတော့တာပါ။

ဆယ်တန်းအောင်လို့ဘဝတခုလုံးအောင်မြင်သွားတာမဟုတ်သလို၊ဆယ်တန်းကျလို့ဘဝတခုလုံးရှုံးနှိမ့်သွားတာမဟုတ်ဘူးဆိုတာကျနော်သတိပေးချင်ပါတယ်။ဒါကြောင့်ဆယ်တန်းအောင်သူရော၊ဆယ်ဆန်းကျသူပါရှေ့လျှောက်တူညီတဲ့အလုပ်တခုက” ပိုကြိုးစားပါ” ။ကျသူကနောက်နှစ်အောင်နိုင်အောင်ကြိုးစားရမှာဖြစ်သလို၊အောင်သူကလဲရှေ့လျှောက်ပိုပြီးမြင့်တဲ့စိန်ခေါ်မှုအတွက်ပိုကြိုးစားရမှာပါ။

ကြိုးစားပါလို့ဆိုတဲ့အခါ၊ယနေ့ယုံကြည်သူများသိထားရမှာကဘုရားသခင်ဟာကမ္ဘာဦးအစမှယနေ့အထိတိုင်လူကိုအလုပ်လုပ်ခိုင်းတဲ့ဘုရားပါ၊မပျင်းခိုင်းပါဘူး။ဒါကြောင့်ဘုရားကလူတွေကိုကူညီရင်လူ့ဖက်ကတာဝန်ကျေခြင်းအားဖြင့်အောင်မြင်စေပါတယ်၊ဥပမာ…
အပြစ်မရှိစဉ်ကတည်းကအာဒံဧဝဟာဧဒင်ဥယျဉ်မှာအလုပ်လုပ်ရပါတယ်၊တာဝန်ကျေရပါတယ်…
ဂေါလျက်ကြီးကိုနိုင်ဖို့ဒါဝိဒ်လောက်လွဲစာကောက်ရတယ်တိုက်ရပါတယ်။
ပင်လယ်နှစ်ခြမ်းကွဲစေဖို့မောရှေတောင်ဝေးကိုင်ရတယ်၊လက်ဖြန့်ရတယ်လုပ်ရပါတယ်၊ဒါမှဘုရားကအောင်မြင်စေတာဖြစ်တယ်။
တောလည်ရာမှာဣသရေလလူတွေကိုဘုရားခေါ်ဆောင်တယ်၊တခါထဲတန်ခိုးနဲ့ခါနန်ပြည်ရောက်စေဆိုပြီးလုပ်လို့ရပေမဲ့နှစ်၄၀လမ်းလျှောက်ခဲ့ရတယ်။
အခြားသာဓကအများကြီးပါ။

နောက်ဆုံးပြောချင်တာကကိုယ်ကဘာမှမလုပ်ဘဲဘုရားကူညီမည်မဟုတ်ပါ၊ကယ်တင်ခြင်းတောင်ကိုယ်ကယုံကြည်ရပါတယ်။
ဆိုတော့သုတ္တံ၂၁:၃၁ကဆိုထားသလို၁၀၀%ပြင်ဆင်ထားဖို့ကကိုယ့်တာဝန်ပါ၊အောင်မြင်ခြင်းကိုတော့ဘုရားပေးပါလိမ့်မယ်။အကယ်၍ကိုယ့်ဖက်ကလုပ်ရမယ့်တာဝန်ကိုမကျေခဲ့လို့ကျရှုံးခဲ့တယ်ဆိုရင်‌တောင်ပြန်ထဖို့ဝန်မလေးပါနဲ့။ဘယ်နေရာလဲကျသွားရင်အဲဒီနေရာကနေပြန်ထပြီးပြန်စပါ။

သုတ္တံကျမ်း ၂၄:၁၆ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
သု တ္တံ ကျမ်း၂၁:၃၁စစ်​တိုက်​ရာ​ကာ​လ​အ​ဖို့ မြင်း​များ​ကို​ပြင်​ဆင်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်