စနေ, ဧပြီ 20, 2024

စာမေးအပွဲဖြေမည့်သူများအတွက်ပေးစာ

၁။စကားတခွန်းရှိတယ်” I will do my best, and God will do the rest” တဲ့။အဓိပ္ပာယ်က ငါလုပ်ရမဲ့အပိုင်းငါတာဝန်ကျေမယ်၊ကျန်တာဘုရားစောင့်မလိမ့်မယ်။သုတ္တံကျမ်း ၂၁:၃၁မှာလဲ” စစ်တိုက်ရာကာလအဖို့ မြင်းများကို ပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။” လို့မှတ်သားထားပါတယ်။ဆိုလိုရင်းကကြိုးစားရမှာကယုံကြည်သူကျောင်းသူကျောင်းသားအပိုင်းပါ၊ရှေ့လျှောက်ဖြစ်လာမဲ့ကိစ္စဘုရားသခင်အကောင်းဆုံးပြင်ဆင်မယ်ဆိုတာပါဘဲ။ပုံမှန်မကြိုးစာဘဲစာမေးပွဲရောက်မှဘုရားဝတ်ပြုချိန်တောင်မသွားနိုင်စာကျက်တာမျိုးတော့မလုပ်ပါနဲ့လေ။

၂။စိတ်လှုပ်ရှားနေသလား?စာမေးပွဲမဖြေခင်စိုးရိမ်ပူပန်နေသလား?ဖိလိပ္ပိဩဝါဒစာ ၄:၆က်ုဖတ်ကြည့်ပါ” အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” …အထက်ပါအတိုင်းကိုယ်တာဝန်ကျေကျေကြိုးစားထားပြီဆိုရင်စိုးရိမ်မနေဘဲကျေးဇူးတော်ချီးမွမ်းဆုတောင်းပြီး ရင်ဆိုင်လိုက်ပါ။

၃။စာမေးပွဲအတွက်ဆုတောင်းပါ။ဒါပေမဲ့အမှတ်များများရဖို့၊အောင်ဖို့ထက်ကြိုးစားချင်တဲ့စိတ်ရှိဖို့၊မှတ်ညာဏ်ရှိဖို့၊မပျင်းရိစေဖို့၊စိတ်နှလုံးသားခိုင်မာစေဖို့နဲ့ဒီစာမေးပွဲကြောင့်ဘုရားနဲ့မဝေးမိစေဖို့အဓိကဆုတောင်းသင့်ပါပေတယ်။စာမေးပွဲရောက်မှဘုရားကိုပိုဆုတောင်းလာတာကောင်းပါပေတယ်၊ဒါပေမဲ့စာမေးပွဲမရှိလဲအမြဲတမ်းဘုရားကိုဆုတောင်းတာဘုရားပိုနှစ်သက်ပါတယ်။လိုတဲ့အချိန်ယူပြီးမလိုတဲ့အချိန်ပစ်ထားရအောင်ဘုရားကကျွန်တော်တို့အစေခံမဟုတ်ပါ၊ဘုရားသခင်ဟာအာဒံဧဝကစပြီးယနေ့တိုင်အောင်လူသားတွေကိုကိုယ့်အလုပ်ကိုယ်တာဝန်ကျေစေတဲ့ဘုရားပါ၊လူသားမလုပ်နိုင်တဲ့အရာတွေကိုမှသူကကူညီလုပ်ဆောင်သွားမှာပါ။သုတ္တံကျမ်း ၂၁:၅
လုံ့လဝိရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ သမ္မာသတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။

၄။စာမေးပွဲဆိုတာဘဝတခုလုံးကိုဆုံးဖြတ်ပေးနေတာမဟုတ်ပေမဲ့စာမေးပွဲရှိမှအရေအချင်းဆိုတာရှိလာတာပါ၊ကျောင်းစာမေးပွဲ၊ဘဝအသက်တာမှာကြုံလာရမဲ့စာမေးပွဲအမျိုးမျိုးရှိပါတယ်၊အဓိကကတော့ဖြတ်လမ်းလုံးဝလုံးဝမလိုက်မိပါစေနဲ့၊ကိုယ်တိုင်မကြိုးစားဘဲဖြတ်လမ်းလိုက်ခဲ့ရင်ရှေ့လျှောက်ဘဝမှာလက်တွေ့အစစ်ခံရတဲ့အခါခြေမခိုင်တော့ပါ။အထူးသဖြင့်ယုံကြည်ခြင်းလမ်းမှာလဲဖြတ်လမ်းမလိုက်ပါနဲ့နောက်ဆုံးပလ္လင်ဖြူရှေ့မှာအောင်စာရင်းကြေငြာတဲ့အခါထာဝရရှုံးရပါလိမ့်မယ်။
ဂလာတိဩဝါဒစာ ၆:၇
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။

၅။အမှတ်များများရမှဂုဏ်ထူးပါမှဘုရားဘုန်းထင်ရှားမယ်လို့ရယ်မဟုတ်ပါ။အဓိကတာဝန်ကျေကြိုးစားခဲ့ရင်okပါပြီ။ဒါကြောင့်မိဘများအနေနဲ့ကလေးကိုဖိအားမပေးသင့်ပါ။စာမေးပွဲကြောင့်ဖိအားဖြစ်နေတဲ့အချိန်မှာမိဘများကဖိအားထပ်ပေးခြင်းမလုပ်ဘဲအားပေးစကားများများသာပြောပေးသင့်ပါတယ်။ကောလောသဲဩဝါဒစာ ၃:၂၁
အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

၆။အောင်စာရင်းထွက်လာတဲ့အခါ၊ကြိုးစားထားရဲ့သားနဲ့ကိုယ်လိုချင်တဲ့အမှတ်မရခဲ့ရင်၊မိဘတွေလိုချင်တဲ့ဂုဏ်ထူးမပါခဲ့ရင်စိတ်ဓာတ်မကျပါနဲ့၊ရောမဩဝါဒစာ၈:၂၈ယုံကြည်သူတွေကြုံလာသမျှခပ်သိမ်းသောအရာတွေဟာယုံကြည်သူတွေအကျိုးရဖို့တညီတညွတ်တည်းဖြစ်တည်လာကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ဘဝတခုလုံးဟာဘုရားလက်ထဲမှာရှိတဲ့အတွက်ဘုရားအလိုတော်အတိုင်းကြုံလာသမျှကိုယ့်အတွက်အကောင်းဆုံးဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုသူများအားလုံးကျမ်းမာရွှင်လန်းအောင်မြင်နိုင်ကြပါစေ။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်