စနေ, ဧပြီ 20, 2024

စံပြခင်ပွန်းကောင်းဖြစ်ဖို့အချက်(၁၀)ချက်

၁။ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသူ

ဆာလံ ၁၂၈း၁-၃ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​ခ​ရီး​တော်​သို့​လိုက်​သွား​သ​မျှ​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

၂။ မိမိဇနီးပေါ်ဦးခေါင်းတာဝန်ကျေပွန်ပါ။

ဧဖက်ဩဝါဒစာ ၅:၂၃မှာခရစ်တော်ဟာအသင်းတော်ရဲ့ခေါင်းဖြစ်သသလိုယောက်ျား ဟာဇနီးသည် ရဲ့ခေါင်းဖြစ်ရမယ်လို့ပြောပါတယ်။ဦးခေါင်းနေရာဆိုတာရာထူးထက်တာဝန်လို့ပြောရင်မမှားပါဘူး၊ခရစ်တော်ကိုယ်တိုင်လူတွေရဲ့ခြေဆေးပေးပြီးစံနမူနာပေးခဲ့ပါပြီ၊ယနေ့အမျိုးသားလုပ်သူတွေမိမိဇနီးနဲ့မိသားစုပေါ်ဆရာကြီးလုပ်ဖို့မဟုတ်ဘဲတာဝန်ယူပြီးအစေခံစိတ်ရှိဖို့ဖော်ပြနေတာဘဲဖြစ်ပါတယ်။ဦးခေါင်းဆိုတဲ့အိမ်ထောင်ဦးစီးတာဝန်အများကြီးရှိတဲ့အထဲအရေးကြီးအချက်၃ချက်တင်ပြပါ့မယ်။

၁။ဘုရားဝတ်မှာဦးဆောင်လမ်းပြခြင်း (ယောရှု၂၄း၁၅)

၂။မိသားစုဝင်ကိုကာကွယ်ခြင်း(ဧဖက်၅း၂၈-၂၉)

၃။စားဝတ်နေရေးတာဝန်ယူခြင်း(၁တိ၅း၈)

၃။ဇနီးသည်နှင့်အတူတူအမြဲနေထိုင်ပါ။

၁ပေ၃းရထဲမှာဘဲခင်ပွန်းသည်များကိုယ့်ဇနီးသည်နဲ့အတူတကွပေါင်းသင်းကြပါလို့သွန်သင်ထားပါတယ်၊ဘာကြောင့်လဲဆိုတော့အမျိုးသားတွေဟာများသောအားဖြင့်ဇနီးနဲ့အတူမနေဘဲအဝေးတနေရာမှာလုပ်ကိုင်စားသောက်နေကြလို့ပါ။တကယ်တမ်းတော့ဘယ်ရောက်ရောက်ဘာလုပ်လုပ်ဇနီးမောင်နှံဆိုတာအေးတူပူအမျှအတူတူနေမှစုံစမ်းခြင်းနဲ့ကင်းဝေးမှာမို့ကျမ်းစာကအတူနေဖို့မိန့်မှာထားတာပါ။

၄။ မိမိဇနီးကိုနားလည်တန်ဖိုးထားပါ။

၁ပေ၃းရမှာခင်ပွန်းသည်တွေကမိမိဇနီးသည်ကိုကိုယ့်ထက်အားနည်းတဲ့သူမို့နားလည်မှုပေးပြီး၊တန်ဖိုးထားဖို့သွန်သင်ထားပါတယ်။ယနေ့သင့်ဇနီးကိုသင်တန်ဖိုးထားနားလည်ပေးနေပြီလော?သင်ဖြစ်စေချင်တာထက်ဘုရားအလိုတော်ကိုဝန်ခံဖို့လိုပါတယ်။

၅။ဇနီးသည်ပေါ်အမြဲသစ္စာရှိပါ။

မာလခိ၂:၁၅မှာဘုရားသခင်ဟာလူမိန်းမလူယောကျင်္ားများစွာကိုဖန်ဆင်းလို့ရနိုင်ပေမဲ့၊မိန်းမတယောက်ထဲနဲ့ယောကျင်္ားတယာက်ထဲကိုသာအရင်ဖန်ဆင်းခဲ့ခြင်းဟာထိုက်တန်ကိုင်းရှိုင်းတဲ့အမျိုးကိုရလိုခြင်းပါလို့ဖော်ပြပါတယ်။ဆက်ပြီးလက်ထပ်ထားတဲ့ မယားကို သစ္စာဖျက်ပြီးမပြစ်မှားကြနှင့်လို့မိန့်မူထားပါတယ်။ဒါကြောင့်တလင်တမယားနဲ့ထာဝရသစ္စာရှိဖို့အရေးကြီးပါတယ်။

၆။ မိမိဇနီးသည်ကိုချစ်ပါ။

ဧဖက်၅:၂၈မှာခင်ပွန်းလုပ်သူတွေကိုယ့်ဇနီးသည်ကိုချစ်ပါလို့ဆိုပါတယ်။ကျမ်းစာတအုပ်လုံးမှာဒီလိုမှာကြားချက်၃ခါရှိပါတယ်။ချစ်တယ်ဆိုတာပါးစပ်ကနေတဖွဖွပြောနေတာထက်ကိုယ့်ဇနီးကိုလက်တွေ့ကာကွယ်ပေးခြင်းနဲ့လုပ်ကြွေးခြင်းအားဖြင့်သက်သေပြရပါမယ်

၇။ဇနီးသည်ပေါ်မကြမ်းတမ်းဘဲနူးညံ့ပါ။

ကောလောသဲဩဝါဒစာ၃:၁၉မှာယောကျင်္ားထုတွေကိုမိမိဇနီးပေါ်ကြမ်းတမ်းစွာမပြုကြဖို့မိန့်မှာထားပါတယ်။ဒါကြောင့်အတူပေါင်းသင်းတဲ့ဘဝအသက်တာမှာဘာဖြစ်ဖြစ်ကိုယ့်ဇနီးပေါ်မအော်ဟောက်မိဖို့၊လက်လွန်ပြီးမရိုက်နက်မိဖို့အမြဲတစေသတိထားရပါမယ်

၈။ကိုယ်စိတ်နှလုံးအားလုံးဇနီးပေါ်မှီဝဲပါ။

ဧဖက်ဩဝါဒစာ၅:၃၁မှာယောကျင်္ားတွေကိုယ့်မိဘကိုစွန့်ပြီးဇနီးပေါ်မှီဝဲရမယ်လို့သွန်သင်ပါတယ်။ဒီနေရာမှာမိဘကိုပစ်ပယ်ပြီးကျေးဇူးကန်းခိုင်းတာမဟုတ်ပါဘူး၊ဇနီးသည်ကို” အခြားလူ” လို့မသတ်မှတ်တော့ဘဲကိုယ်နဲ့တသားထဲဖြစ်သွားလို့ဘာမဆိုဇနီးသည်ကိုအရင်သိခိုင်းပြီးသူနဲ့အတူဆုံးဖြတ်ဖို့ပါ။အထူးသဖြင့်မိဘထက်ပိုနီးစပ်သူအဖြစ်သတ်မှတ်ခိုင်းတဲ့သဘောပါ။ပြီးမှအတူတကွနှစ်ဖက်မိဘကျေးဇူးဆပ်ရမှာပါ။

၉။အ​မျက်​ထွက်​ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲဆုတောင်းသောသူ

၁တိ ၂:၈သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ‘

၁၀။မူးယစ်သောက်စားခြင်း၊လောင်းကစားနှင့်ကင်းသူ

‘ရောမ ၁၃:၁၃-၁၄ပွဲ​လုပ်​ခြင်း၊ ယစ်​မျိုး​သောက်​ကြူး​ခြင်း၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း​အ​မှု​တို့​ကို ကြဉ်​ရှောင်၍၊ နေ့​အ​ချိန်၌​ကဲ့​သို့ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​ဆောင် ပြု​မူ​ကြ​ကုန်​အံ့။- သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။’

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်