စနေ, ဧပြီ 20, 2024

ဆယ်ဖို့တစ်ဖို့အမေးအဖြေ(၂)

၁။၁၀/၁ကိုမိဘမဲ့၊မုဆိုးမ၊မရှိဆင်းရဲသား၊ဘုရားကျောင်းဆောက်ဖို့၊ကျမ်းစာ‌ကျောင်းသားအပါအဝင်စစ်‌ဘေးရှောင်တွေဆီမှာပေးလှူလို့ရပါသလား?
ဖြေ-သမ္မာကျမ်းစာအရတော့မိမိရဲ့၁၀/၁ဟာမိမိဝိညာဉ်ရေးရာကိုအမြဲထိန်းသိမ်းတည်ဆောက်ပေးနေတဲ့အမှုတော်ဆောင်ကိုသာထောက်ပန့်ဖို့ဖြစ်သင့်ပါတယ်။အကယ်၍အသင်းတော်ကအမှုတော်ဆောင်ကိုလစာပေးနေတယ်ဆိုရင်အသင်းတော်ကိုသာထည့်ပါ။မိဘမဲ့၊မုဆိုးမ၊မရှိဆင်းရဲသား၊ဘုရားကျောင်းဆောက်ဖို့နဲ့ကျမ်းစာ‌ ကျောင်းတက်နေသူကိုပေးလှူချင်တယ်ဆိုရင်မိမိမှာကျန်တဲ့၉ဘို့ထဲကပေးပါ။ဘာကြောင့်လဲဆိုတော့၁၀/၁ဆိုပြီးရည်ညွန်းလိုက်ကတည်းကဘုရားအမှုတော်မြတ်မှာ၂၄နာရီအချိန်ပြည့်ဆက်ကပ် နေတဲ့သူတွေ(မိမိဝိညာဉ်ရေးကိုပြုစုနေသူ)ကိုထောက်ပန့်ဖို့သာဖြစ်ပါတယ်။ကျန်တဲ့သူကိုကျန်တဲ့၉ဘို့ထဲကပေးလှူပါ။ဓမ္မဟောင်းအရသုံးနှစ်တခါမရှိဆင်းရဲသားကိုထပ်လှူချင်ရင်၃နှစ်တခါဆယ်ဘို့တဘို့တမျိုးထပ်တိုးပြီးလုပ်ပါ။

၂။၁၀/၁ကိုမိမိနှစ်သက်သလိုခွဲ့ခန့်စီမံပြီးပေးလိုက်ရင်ဘာဖြစ်မလဲ?
ဖြေ-ဘာမှတော့မဖြစ်ပါဘူး၊နည်းစနစ်ကျမထည့်တဲ့အတွက်၁၀/၁နဲ့ဆိုင်တဲ့ကောင်းကြီး‌နဲ့တော့လွဲချော်သွားနိုင်ပါတယ်။

၃။၁၀/၁ထည့်မှကောင်းကြီးရမှာလား?မထည့်ရင်ကောင်းကြီးမရတော့ဘူးလား?
ဖြေ-၁၀/၁မထည့်ခင်ကတည်းကသင့်ကိုဘုရားကောင်းကြီးပေးပြီးသားပါ၊ဒါကိုတုန့်ပြန်ဖို့၁၀/၁ထည့်ရတာလေးပါ။နောက်တခုကဘုရားပေးတဲ့ကောင်းကြီးမတူညီတာတွေအများကြီးရှိပါတယ်၊ဥပမာမယုံကြည်သူတွေကိုလည်းနေပူမိုးရွာ‌ပေးစေတဲ့ကျေးဇူးတော်ကောင်းကြီးချပေးပါတယ်(မဿဲ၅:၄၅)။ဒီလိုပါဘဲ၁၀/၁မထည့်သူကတော့၁၀/၁နဲ့သက်ဆိုင်တဲ့ဥစ္စာကြွယ်ဝခြင်းကောင်းကြီး၊တိုးပွားခြင်းကောင်းကြီးနဲ့လွဲနေပါလိမ့်မယ်။

၄။အသင်းတော်ကော်မတီက၁၀/၁ကိုအမှုတော်ဆောင်ဆီလုံလောက်စွာမထောက်ပံ့ဘဲ(နူတ်ကပတ်တော်နဲ့မကိုက်ညီဘဲ)မမှန်မကန်သုံးနေရင်ဆက်ထည့်ရအုံးမလား?
ဖြေ-အဲဒီလိုဖြစ်နေတာသေချာရင်မိမိသင်းအုပ်နဲ့အမှုတော်‌ဆောင်တွေကိုတိုက်ရိုက်မျှပေးလိုက်ပါ။မိမိဝိညာဉ်ရေးရာနဲ့မဆိုင်တဲ့ဆရာတွေကိုပေးချင်ရင်တော့ကျန်၉ဘို့ကပေးပါ။

၅။မိမိသင်းအုပ်ဆရာကအလုပ်မလုပ်ဘူး၊တနည်းအားဖြင့်မိမိဝိညာဉ်ရေးရာနဲ့ခန္ဓာ‌ရေးရာကိုတာဝန်မယူပေးဘဲ၁၀/၁တော့လာတောင်းနေတယ်ဆိုရင်ထောက်ပံ့ရမှာလား?
ဖြေ-တချို့ကဒီလိုသွန်သင်တတ်ပါတယ်၊၁၀/၁ပေးရမှာကကျွန်တော်တို့တာဝန်တဲ့၊ဘယ်လိုသုံးမသုံးကအသင်းတော်တာဝန်ထားပါတဲ့။ဒါပေမယ့်ကျွန်တော်ကတော့ဒီလိုလေးဖြေပေးချင်တယ်၊မိမိသင်းအုပ်ဆရာကအမည်ခံသာရှိပြီးတာဝန်မ‌ ကျေခဲ့ရင်အခြားမိမိဝိညာဥ်‌ရေးရာကိုအမြဲတာဝန်ယူနေသူကိုသာသစ္စာရှိရှိပေးလိုက်ပါ။

၆။စီးပွားရေးလုပ်နေတဲ့အမှုတော်ဆောင်တွေကို၁၀/၁နဲ့ထောက်ပံ့သင့်ပါသလား?
ဖြေ-အမှုတော်ဆောင်ဆို‌တာဖြစ်နိုင်ရင်‌တော့စီးပွားရေးမလုပ်ဘဲအချိန်ပြည့်ဘုရားအမှုတော်မှာဆက်ကပ်သင့်ပါတယ်။ဒါပေမယ့်ထောက်ပံ့သူမရှိသေးတဲ့အခါအမှုတော်မှာဆက်လက်ရပ်တည်နိုင်ဖို့စီးပွားရေးတခုခုလုပ်နေရင်မမှားပါဘူး(ဥပမာပေါလုလို)။အလုပ်လုပ်တာဟာသူ့မှာထောက်ပံ့သူမရှိသေးလို့ပါ။ဒီလိုဝင်ငွေမရှိတဲ့အမှုတော်ဆောင်တွေကိုစီးပွားရေးမလုပ်နဲ့လို့ပြောချင်ရင်သူ့ကိုထောက်ပံ့မှရပါမယ်၊သူလည်းလုပ်ချင်လို့မဟုတ်ဘဲအမှု‌ တော်မြတ်မှာရပ်တည်နိုင်ဖို့လုပ်နေရတာမျိုးရှိပါတယ်။ဒါ‌ကြောင့်အကယ်၍အမှုတော်ဆောင်တစ်ယောက်ဟာဝင်ငွေမရှိလို့စီးပွားရေးတခုခုလုပ်ပြီးသာသနာမှာရပ်တည်နေတယ်ဆိုရင်မိမိ၁၀/၁နဲ့ထောက်ပံ့လို့ရပါတယ်။ဒါမှမဟုတ်ဘဲအမှုတော်ဆောင်တယောက်ဟာလုံလောက်သောထောက်ပံ့မှုရရှိ နေပြီး၊အမှု‌တော်မြတ်မှာအချိန်ပြည့်အလုပ်မလုပ်ဘဲစီးပွားရေးဘဲလုပ်နေတယ်ဆိုရင် တော့၁၀/၁နဲ့မထောက်ပံ့ပါနဲ့‌လို့ဘဲဖြေပေးချင်ပါတယ်။ကိုယ်တိုင်လေ့လာဆန်းစစ်ပြီး‌ပေးပါ။

၇။၁၀/၁ကိုယူသုံးမိပြီးပြန်မဆပ်နိုင်ရင်ဘာဖြစ်လာမလဲ?
ဖြေ-အဲလိုဆိုရင်ဘုရားအတွက်‌ ပေးလှူထားတဲ့ငွေကိုခိုးတဲ့သူခိုးဖြစ်သွားမှာပေါ့၊ပိုပြီးငတ်ပြတ်လာနိုင်တာမို့အမြန်ပြန်ဆပ်ပြီးနောက်တခါမသုံးမိအောင်အသင်းတော်ဆီ(သို့မဟုတ်)သင်းအုပ်ဆရာဆီအမြန်အပ်ပါ။

၈။၁၀/၁မထည့်ရင်ကယ်တင်ခြင်းဆုံးရှုံးပါသလား?
ဖြေ-ဆယ်ဘို့တဘို့ကကယ်တင်ခြင်းမပေးနိုင်သလိုမထည့်လို့လည်းကယ်တင်ခြင်းကိုမထိခိုက်ပါဘူး။ဒါပေမယ့်ယခုဘဝ(၁၀/၁)နဲ့ဆိုင်တဲ့ရသင့်တဲ့ကောင်းကြီးတွေမရဘဲဖြစ်နိုပါတယ်။တကယ်တော့စစ်မှန်သောယုံကြည်သူတွေဟာ ကောင်းကြီးမရမှာစိုးလို့ဆိုတာထက်ဘုရားကိုချစ်လို့၁၀/၁ကိုထည့်ကြသလိုဒီထက်ပိုလှူကြပါတယ်။

၉။၁၀/၁ကမထည့်မရလား?
ဖြေ-မထည့်မရလို့ခံယူပြီးမထည့်ပါနှင့်လို့ကျမ်းစာကပြောထားသလို၊မထည့်ဘဲလည်းမနေပါနဲ့လို့ပြောထားပါတယ်။ဒါကြောင့်ဘုရားကိုချစ်ပြီးသာသနာကိုထောက်ပန့်တဲ့စိတ်နဲ့ထည့်ပါ။(၂ကော၉:၇)

၁၀။၁၀/၁ ကိုအွန်လိုင်းကဆရာတွေကိုပေးလို့ရပါသလား?
ဖြေ-မိမိအသင်းတော်ကဆရာတွေဟာမိမိဝိညာဉ်ရေးကိုလာဂရုမစိုက်ပေးလို့၊ကိုဗစ်ကာလမှာအခြားဆရာတပါးပါးဆီကနေဝိညာဉ်ရေးရာတည်ဆောက်ယူနေရတယ်ဆိုရင်အဲဒီဆရာကိုပေးလို့ရပါမယ်။ဒါ‌ပေမယ့်သတိထားရမှာကအဝေးကအွန်လိုင်းဆရာကိုဘဲအထူးအထင်မကြီးမိပါစေနဲ့၊အ‌ရေးကြုံသာရေးနာရေးနဲ့အခက်ခဲဖျားနာလာရင်သင့်ကိုကူညီနိုင်တာအနီးဆုံးကအသင်းတော်မို့ပါ။ဒီ‌ တော့မိမိပါဝင်‌နေတဲ့အသင်းတော်ကိုဦးစားပေးပါ။မိမိဝိညာဥ်‌ရေးရာတည်‌ ဆောက်ပေးနေတဲ့အွန်လိုင်းကဆရာကိုလည်း‌ထောက်ပန့်ပေါ့။

၁၁။ထမ်းဘိုးမညီတဲ့အိမ်၁၀/၁ဘယ်လိုထည့်မလဲ?
ဖြေ-၁၀/၁ဆိုတာယုံကြည်ပြီးဘုရားကိုကျေးဇူးတင်တဲ့အနေနဲ့ပေးတာမို့၊မိသားစုထဲမှာတချို့ကမယုံကြည်သူရှိနေရင်ယုံကြည်တဲ့သူတွေရဲ့ဝင်ငွေထဲက၁၀/၁သာထည့်ပါ။ယုံကြည်သူမိသားစုဝင်တွေကမယုံကြည်သူတွေကိုအတင်းထည့်ခိုင်းခြင်းမျိုးမလုပ်သင့်ပါ။

၁၂။ဘုရားက‌ငွေလိုနေလို့လား?သို့မဟုတ်၁၀/၁ကိုဟောပြောနေခြင်းဟာအမှုတော်ဆောင်တွေငွေမက်လို့လား၊စားခွက်ပျောက်မှာစိုးလို့လား?
‌ဖြေ-တချို့အသင်းတော်အတည်တကျမရှိတဲ့အမှုတော်ဆောင်တချို့နဲ့စီးပွားရေးလုပ်ပြီးအမှုတော်ဆောင်နေတဲ့ဆရာတချို့ကအချိန်ပြည့်အမှု‌တော်ဆောင်တွေကို(၁၀/၁ထည့်ဖို့ဟောပြောသူကို)ငွေမက်လို့၊စားခွက်ပျောက်မှာစိုးလို့ဆိုတဲ့အဆင့်ထိဝေဖန်ပုတ်ခတ်နေတာတွေကြားနေရပါတယ်။လုပ်စား၊လိမ်စား၊ပြစား‌နေတဲ့အမှုတော်ဆောင်မရှိဘူးလို့မဆိုလိုပါ။ဒါပေမယ့်ညီကိုမောင်နှမတို့၊ကျွန်တော်တို့သိထားရမှာကအသင်းတော်တခုမှာအချိန်ပြည့်စစ်မှန်သောအမှုတော်ဆောင်လုပ်တယ်ဆိုတာမလွယ်ကူပါဘူး၊မိမိတဘဝလုံးကိုပုံအပ်ထားရတယ်၊စီးပွားရေးမလုပ်ဘဲအင်မတန်နည်းပါးတဲ့လစာနဲ့ရပ်တည်နေရတယ်၊တချို့ဆို၄-၅ သောင်း၊တချို့တော့၂-၃သိန်းပေါ့။အမှန်တော့အမှုတော်ဆောင်တွေအပြင်မှာအလုပ်သွားလုပ်ရင်အခုလစာထက်ပိုရလိမ့်မယ်ဆိုတာကျိန်းသေပါတယ်။ဒါပေမယ့်ဒီလူတွေဟာမိမိချမ်းသာကြွယ်ဝဖို့အဓိကမထားဘဲအမှုတော်မြတ်မှာပုံအပ်ထားကြတာမို့မဝေဖန်မိပါစေနဲ့။ဆယ်ဘို့တဘို့လခစားဆိုပြီးမပုတ်ဖတ်မိပါစေနဲ့၊ဘုရားရဲ့နိယာမကအချိန်ပြည့်အမှုတော်ဆောင်ကိုကျန်တဲ့ယုံကြည်သူတွေကမိမိရဲ့၁၀/၁နဲ့ထောက်ပန့်ဖို့ပါ(၁တိ၅:၁၇-၁၈၊၁ ကော၉-၁၄)။ဓမ္မ‌ ဟောင်းကတည်းကအချိန်ပြည့်တသက်လုံးအမှုတော်ဘဲဆောင်ရတဲ့လေဝိလူမျိုးကိုကျန်လူတွေက၁၀/၁နဲ့ဆထာက်ပန့်ရတာကဘုရားနိယာမပါ။ဒီလိုမှမဟုတ်ရင်အမှုတော်ဆောင်အားလုံးလစာမယူဘဲစီးပွားရေးထလုပ်လာရင်ဖြင့်သင်လည်းလက်ခံနိုင်မည်မဟုတ်ပါလေ။ဒီလိုဆိုရင်၂၄နာရီအချိန်ပြည့်အသင်းသားတွေကိုဘယ်လိုမှမထိန်းသိမ်းမစောင့်ရှောက်နိုင်တော့ပါဘူး။ဖရိုဖလဲဖြစ်ကုန်ပါလိမ့်မယ်။ဒါကြောင့်ဘုရားကငွေလိုတာမဟုတ်ပါဘူးသင်ကိုကကောင်းကြီးလိုအပ်လို့ထည့်ရတာပါ။တချိန်ထဲမှာဒါဟာအချိန်ပြည့်ဘုရားအမှု တော်ဆောင်တွေအတွက်ဘုရားပြင်ဆင်ထားတဲ့နည်းလမ်းပါ။မဟုတ်ရင်သာသနာလုပ်ငန်းဘယ်လိုလုပ်လည်ပတ်နိုင်ပါ့မလဲ?။

၁၀/၁ဆိုတာကိုတခွန်းထဲမှတ်ထားစေချင်ပါတယ်။အဲဒါကတော့မိမိရဲ့၁၀/၁ဟာ မိမိရဲ့ဝိညာဉ်ရေးရာနဲ့အ‌ ရေးကြုံလာခဲ့ရင်ကိုယ့်ကိုအမြဲ(အမြဲ)ဖေးမကူညီတည်ဆောက်ပေးနေတဲ့အသင်းတော်(သို့မဟုတ်)အမှုတော်ဆောင်တွေကိုထောက်ပန့်ဖို့ဖြစ်ပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

2 thoughts on “ဆယ်ဖို့တစ်ဖို့အမေးအဖြေ(၂)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်