စနေ, ဧပြီ 20, 2024

ဆုတောင်းခြင်းအကြောင်းရင်း(၁၂)မျိုး

၁။အဖေမို့စကားပြောဖို့(မဿဲ၆:၉)

ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော ။

၂။လိုအပ်တဲ့အကူညီရဖို့(မဿဲရ:၇)

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။

၃။ယေရှုမိန့်မှာခဲ့တဲ့ဘုရားအလိုတော်မို့(လုကာ၁၈:၁၊ဂလာတိ၄:၂၊၁သက်၅:၁၇-၁၈)

လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား…
ဆုတောင်းပဌာနပြုခြင်း အမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။
မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။

၄။စုံစမ်းခြင်းကင်းလွတ်ဖို့(မဿဲ၂၆:၄၁)

စုံးစမ်းနှောင့်ရှက်ခြင်း နှင့်ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည် ဟုပေတရုအား မိန့်တော်မူပြီးမှ…

၅။ဘုရားပေးတာကိုတောင်းတတ်ဖို့(ယာကုပ်၄:၂)

သင်တို့သည် တပ်မက်၍ မရကြ။ လူအသက်ကိုသတ်၍ ၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍ ၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။

၆။ပျော်ရွှင်ငြိမ်သက်ခြင်းရဖို့(ယော၁၆:၂၄၊ဧဖက်၄:၆-၇)

ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်း နှင့်တကွ ဆုတောင်ပဌနာ ပြုသော အားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း သည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။

၇။ဆင်းရဲတွင်းကလွတ်မြောက်ဖို့(ဆာလံ၃၄:၆)

ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။

၈။ပညာရဖို့(ယာကုပ်၁:၅)

သင်တို့တွင်တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အားစေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။

၉။နားမလည်တာကိုနားလည်ဖို့(ယေရမိ၃၃:၃)

ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသော အရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။

၁၀။ဆုမတောင်းရင်အပြစ်ဖြစ်လို့(၁ရာ၁၂:၂၃)

ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲနေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှာခြင်း အမှုသည် ငါနှင့် ဝေးပါစေသော ။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။

၁၁။အပြစ်သားနောင်တနဲ့ဆုတောင်းရင်ကယ်တင်ခြင်းရလို့(ရောမ၁၀:၁၃-၁၄)

အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်း သို့ ရောက်ရကြလတံ့။သို့ ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။

၁၂။နတ်ဆိုးနိုင်ဖို့လက်နက်မို့(မာကု၉:၂၉)

ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း မှတပါး အဘယ်သို့သော အားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟုမိန့်တော်မူ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်