စနေ, ဧပြီ 20, 2024

ဆုံးအောင်နားထောင်ပါ။

အမေတဦးမှ၅နှစ်အရွယ်သားကိုမေးလိုက်သည်” အကယ်လို့အမေနဲ့သားအပြင်သွားခဲ့တယ်ဆိုပါစို့၊သားနဲ့အမေရေဆာတဲ့အခါရေမပါဘူး၊ဒါပေမဲ့သားလွယ်အိတ်ထဲမှာပန်းသီးနှစ်လုံးပါထားရင်၊သားဘယ်လိုလုပ်မလဲ?”

သားလေးကခေါင်းကုပ်စဉ်းစားပြီးမှ“သားပန်းသီးနှစ်လုံးကိုတကိုက်စီကိုက်ပါမယ်”။

အမေဖြစ်သူမှမျက်နာညိုးငယ်သွားသည်၊ သားလေးကိုဒီလိုလုပ်တာမကောင်းကြောင်းနဲ့ဘယ်လိုလုပ်သင့်ကြောင်းသွန်သင်ဖို့စိတ်ထဲကနေစဉ်းစားနေတုန်းသားငယ်လေးထပ်ပြောလာသောစကားကြောင့်အမေမှာမျက်ရည်လေးဝဲခဲ့ရပါသည်။

သားလေးဆက်ပြောလာသောစကားမှာ“နှစ်လုံးစလုံးကိုက်ကြည့်မှဘယ်တစ်လုံးချိုတယ်ဆိုတာသိမယ်လေ၊ချိုတဲ့အလုံးကိုအမေ့ကိုကြွေးမလို့ပါ” ဟုပင်။

ချစ်သောမိတ်ဆွေ စကားဆုံးအောင်နားထောင်ပြီးမှအမှုစီရင်ခြင်းဟာပညာရှိခြင်းတမျိုးပါ။ကိစ္စရပ်တချို့ရဲ့ရှေ့နောက်အကြောင်းအရာကိုသေချာမသိသေးဘဲအလျင်စလိုဆုံးဖြတ်ပြောဆိုခြင်းနဲ့ စောလျင်စွာပြစ်တင်ဝေဖန်မိခြင်းဟာမှားယွင်းနိုင်ခြေ၉၉%ရှိပါတယ်။

ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။ သုတ္တံ၁၈:၁၃အ​ကျိုး​အ​ကြောင်း​ကို မ​စစ်​မီ၊ အ​မှု​စီ​ရင်​သော​သူ​သည် မိုက်​သော​အ​ပြစ်၊ အ​ရှက်​ကွဲ​ရ​သော​အ​ပြစ်​ရှိ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်