စနေ, ဧပြီ 20, 2024

တူညီခြင်းထဲမှမတူညီခြင်း

အခြေပြုကျမ်း-ယောရှုမှတ်စာ၂:၁-၂၁၊ တရားသူကြီးမှတ်စာ၁၆:၄-၃၀

နိဒါန်း

ဓမ္မာဟောင်းကျမ်းထဲမှာဣသရေလလူမျိုးတခုလုံးရဲ့သေရေးရှင်ရေးကိစ္စနဲ့ပတ်သတ်ခဲ့တဲ့တပါးအမျိုးသမီးနှစ်ယောက်ရှိခဲ့ပါတယ်၊ဒီနှစ်ယောက်လုံးကတူညီတဲ့ပြည်တန်ဆာမဖြစ်ကြပြီး၊သူ့တို့အသက်တာအသီးသီးမှာလဲဣသရေလလူမျိုးစုနဲ့တူညီတဲ့ပတ်သတ်မှုရှိခဲ့ကြပါတယ်။ဒါပေမဲ့ဒီတူညီနေတဲ့အခြေနေပတ်သက်မှုထဲကမတူညီတဲ့သူတို့ရဲ့ကိုယ်စီရွှေးချယ်မှုတွေရှိခဲ့ကြပါတယ်။ဒါကြောင့်နိဂုံးလဲမတူကြပါဘူး၊ရာခပ်ကဘုရားစစ်ဘုရားမှန်ကိုရွှေးချယ်ယုံကြည်ပြီးဣသရေလလူမျိုးကိုကယ်တင်ခဲ့လို့သူကိုယ်တိုင်ခရစ်တော်ယေရှုရဲ့ဆွေတော်စဉ်မျိုးတော်ဆက်ထဲပါဝင်ခဲ့ရတဲ့အထိပါ။ဒေလိလကတော့ဘုရားစစ်ကိုသိကျွမ်းဖို့အခွင့်ရခဲ့ပေမဲ့ဣသရေလလူမျိုးရဲ့ကိုယ်စားပြုသူရှန်ဆုန်ကိုဖိလတ္တိလူလက်ထဲအပ်ခဲ့လို့သမိုင်းထဲမှာခုထိနာမည်မကောင်းခဲ့ပါဘူး။ဒီတူညီတဲ့အမျိုးသမီးနှစ်ဦးကဘာကြောင့်ဒီလိုမတူညီတဲ့နိဂုံးနဲ့အဆုံးသတ်ခဲ့ကြသလဲ?အချက်၃ချက်နဲ့နိုင်းယှဉ်ဝေငှချင်ပါတယ်။

၁။ဘုရားကိုသိရှိခြင်းမတူညီမှု

ရာခပ်နဲ့ဒေလိလနှစ်ယောက်လုံးဟာနဂိုကတည်းကတပါးအမျိုးသားထဲကမို့၊ထာဝရဘုရားကိုမသိသောသူတွေပါ၊ဒါပေမဲ့သူတို့တွေထာဝရဘုရားကိုအစပြုသိရှိခြင်းကမတူညီကြပါဘူး။ရာခပ်ကထာဝရဘုရားကိုမသိမယုံကြည်ပေမဲ့ဣသရေလလူတွေကိုထာဝရဘုရားဘယ်လိုပို့ဆောင်ကြောင်း၊ထာဝရဘုရားဆိုတာဘယ်လိုတတ်နိုင်ကြောင်းကြားသိတဲ့အခါမှာဒီဘုရားကိုယုံကြည်ချင်လာတဲ့စိတ်ပေါ်လာတာပါ၊တကယ်တမ်းပြောမယ်ဆိုရင်ယေရိခေါတမြို့လုံးလဲထာဝရဘုရားရဲ့တန်ခိုးလုပ်ရပ်ကိုသိနေနှင့်ပြီဖြစ်တယ်၊ဒါပေမဲ့ဒီတမြို့လုံးထဲကမှပြည်တန်ဆာရာခပ်ကသာယုံကြည်ခြင်းပေါက်ဖွားလာသူပါ။ဒါကြောင့်ဣသရေလသူလျှိုနှစ်ယောက်နဲ့ကြုံလို့အခွင့်ရတဲ့အခါ၊ဒီအခွင့်ရေးကိုလက်ဆုပ်ကိုင်ပြီးသူ့ယုံကြည်မှုကိုသက်သေပြအတည်ပြုခဲ့ပါတယ်၊ဣသရေလသူလျှိုတွေလဲရာခပ်ကူညီမှုနဲ့သူပေးတဲ့သိတင်းတွေကိုရယူခဲ့လို့အသက်ရှင်လျက်ပြန်ခွင့်ရပြီး၊ယေရိခေါမြို့ကိုသိမ်းနိုင်ခဲ့ပါတယ်။ဒီအရာကိုကြည့်ခြင်းအားဖြင့်ဘုရားသခင်ဟာရာခပ်အတွက်ဣသရေလသူလျှိုကိုပြင်ဆင်ပေးခဲ့သလိုဣသရေလသူသျှိုနှစ်ယောက်အတွက်ဘုရားသခင်ကရာခပ်ကိုပြင်ဆင်ပေးခဲ့တာပါ။ဒါကြောင့်ရာခပ်ဟာယုံကြည်သောကြောင့်ဟေဗြဲဩဝါဒစာမှာယုံကြည်ခြင်းသူရဲကောင်းစာရင်းဝင်ဖြစ်ခဲ့သလို၊ပိုအံ့ဩစရာကောင်းတာကမေရှိယရဲ့ဆွေတော်စဉ်မျိုးတော်ဆက်ထဲပါဝင်နေခဲ့ရခြင်းပါဘဲ။
ဒေလိလကိုကြည့်မယ်ဆိုရင်ရာခပ်နဲ့ဆန့်ကျင်ဖတ်ယုံကြည်ခြင်းမျိုးပါ၊တကယ်တော့ဒေလိလဟာရာခပ်ထက်ပိုပြီးထာဝရဘုရားနဲ့နီးဖို့အခွင့်အများကြီးရခဲ့ပါတယ်၊ဘာကြောင့်လဲဆိုတော့သူဟာဣသရေလတရားသူကြီးဖြစ်တဲ့ရှံဆုန်နဲ့အတူမကြာခဏနေရတတ်တာမို့ပါ။အခွင့်အရေးအများကြီးရခဲ့ပေမဲ့သူစိတ်မဝင်စားခဲ့ဘူး၊ဒါကြောင့်ထာဝရဘုရားအကြောင်းနားမလည်ခဲ့တာပါ၊တနည်းအားဖြင့်ပြောရရင်ဒေလိလဟာယုံကြည်မှုဆိုင်ရာအကန်းလိုပါဘဲ၊သူ့အမြင်မှာငွေကြေးဥစ္စာဘဲရှိပြီး၊နောက်ဆုံးဘုရားလူကိုတောင်ငွေနဲ့ရောင်းစားခဲ့တဲ့အဆင့်ထိပါဘဲ။ဒါကြောင့်လဲသူဟာသမိုင်းမှာနာမည်ပျက်နဲ့ကျန်နေခဲ့တာပါ။

၂။ရွှေးချယ်မှုမတူညီခြင်း

ရာခပ်ဟာဣသရေလသူလျှိုကိုလက်ခံလိုက်တဲ့အခါ၊ယေရိခေါမြို့ကစစ်သားတွေရဲ့တံခါးခေါက်ရှာဖွေမှုကိုရင်ဆိုင်လာရတယ်၊ဒီချိန်မှာသူ့ဦးနှောက်ထဲရွှေးချယ်မှုနှစ်မျိုးရောက်လာနိုင်ပါတယ်၊တစ်မျိုးကသူလျှိုတွေကိုစစ်သားလက်ထဲအပ်ပြီး၊ခိုင်ခံတဲ့ယေရိခေါမြို့ရိုးကိုအားကိုးနဲ့ဣသရေလလူတွေလာတိုက်မှာစောင့်နေမလား?ဒုတိယတမျိုးကမမြင်နိုင်တဲ့ဒီထာဝရဘုရားကိုယုံကြည်ပြီးယေရိခေါမြို့ကတော့သိမ်းပိုက်ခံရမှာဘဲလို့ယုံကြည်ပြီးသူလျှိုနှစ်ယောက်ကိုအရဲစွန့်ကူညီမလား?ဒီချိန်မှာရာခပ်ဟာသေရေးရှင်ရေးအတွက်အရဲစွန့်ပြီးထာဝရဘုရားကိုယုံကြည်ရွှေးချယ်ခဲ့ပါတယ်။ဒီနေရာမှာရာခပ်ရဲ့ယုံကြည်ခြင်းကိုသူ့လုပ်ဆောင်ချက်အားဖြင့်တွေ့နိုင်မှာဖြစ်တယ်၊ဒါကြောင့်လဲဟေဗြဲဩဝါဒစာ၁၁:၃၁မှာ” ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။” လို့မှတ်သားထားပြီးရှင်ယာကုပ်ဩဝါဒစာ ၂:၂၅မှာ” ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။” ဆိုပြီးရာခပ်ရဲ့ယုံကြည်ခြင်းနဲ့လုပ်ဆောင်ခြင်းသက်သေကိုဂုဏ်ပြုမှတ်သားထားပါတယ်။ရာခပ်ဟာတိကျရှင်းလင်းပြီး၊အရဲစွန့်တဲ့ရွှေးချယ်မှုပြုခဲ့တဲ့အမျိုးသမီးတဦးဖြစ်သလို၊သူရွှေးချယ်လိုက်တဲ့အရာပေါ်၁၀ဝ%တာဝန်ယူသွားတဲ့အမျိုးသမီးပါ၊သူ့ရွှေးချယ်မှုအားဖြင့်သူ့အိမ်မိသားစုကိုလဲကယ်တင်ပေးဖို့တောင်းဆိုတတ်တဲ့ပညာရှိအမျိုးသမီးတဦးဘဲဖြစ်ပါတယ်။
ဒေလိလကိုကြည့်ရင်တော့ဖြင့်၊ရှံဆုန်နဲ့အကြာကြီးပေါင်းသင်းနေထိုင်ခဲ့ပေမဲ့၊အချစ်ကြောင့်မဟုတ်ဘဲငွေကြေးဥစ္စာကြောင့်ဆိုတာကျမ်းစာဖတ်ရင်နားလည်နိုင်ပါတယ်၊ငွေကြေးနဲ့ပတ်သတ်လာရင်ဘာမဆိုလုပ်မယ့်အနေအထားမျိုးပါ။ဒေလိလဟာလဲရာခပ်နဲ့အခြေနေတူပါတယ်၊သူဟာရှံဆုန်နဲ့အတူနေလိုက်တာနဲ့ဖိလိတတ္တိလူမျိုးတွေရဲ့ကမ်းလမ်းမှုကိုခံခဲ့ရပါတယ်။ဒီချိန်မှာဒေလိလမှာလဲရွှေးချယ်မှုနှစ်မျိုးရှိလာပါပြီ။ရှံဆုန်ကိုးကွယ်တဲ့ဘုရားကိုယုံကြည်ပြီးရှံဆုန်ဖက်ရပ်တည်မလား?ဖိလတ္တိလူတွေကိုယုံကြည်ပြီးရှန်ဆုန်ကိုရောင်းစားမလား?ဒီချိန်မှာဒေလိလဟာဖိလတ္တိလူမျိုးကိုယုံပြီးငွေကြေးတပ်မတ်ခြင်းကြောင်းရှံဆုန်ကိုရောင်းစားခဲ့ပါတယ်၊ရှံဆုန်ဖမ်းခံရပြီးနောက်ဆုံးမှာဖိလိတ္တိလူတွေနဲ့အတူသေခွင့်ရခဲ့ပါတယ်၊ဒါကြောင့်တရားသူကြီးမှတ်စာ ၁၆:၃၀မှာ” ရှံဆုန်အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။” လို့မှတ်သားခဲ့ပါတယ်၊ဒေလိလကတော့သူ့ရွှေးချယ်ခြင်းအားဖြင့်သူယုံကြည်ခဲ့တဲ့ဖိလိတ္တိလူမျိုးဒီလောက်အများကြီးသေခဲ့ရလိမ့်မယ်လို့ထင်ထားခဲ့မှာမဟုတ်ပါဘူး။

၃။ဆုံးဖြတ်ချက်မတူညီခြင်း

ရာခပ်ကိုကြည့်မယ်ဆိုရင်သူရွှေးချယ်မှုမလုပ်ခင်မှာစဉ်းစားစရာတွေအများကြီးရှိခဲ့မှာပါ၊ဥပမာထာဝရဘုရားကိုရွှေးချယ်ရင်သူ့လူ၊သူ့မြို့၊သူ့နေရာ၊သူ့အလုပ်အကုန်ထားခဲ့ရမယ့်သဘောပါ၊ဘာမှနားမလည်မသိတဲ့ဣသရေလလူမျိုးကြားထဲမှာအသစ်သောဘဝစတင်ရမှာပါ၊ဒါဘယ်လိုဖြစ်လာမလဲသူမသိပါဘူး၊ဒါပေမဲ့သူဟာယုံကြည်ခြင်းအားဖြင့်ဆုံးဖြတ်ချက်ချခဲ့သူပါ။ဒီဆုံးဖြတ်ချက်ဟာတချိန်ကအာဗြံဟံရဲ့ဆုံးဖြတ်ချက်နဲ့အတော်တူပါတယ်၊အာဗြံဟံဟာသူနေရာဒေသကိုထားခဲ့ပြီးဘုရားသွားခိုင်းတဲ့နေရာသစ်(ဘယ်မှာမှန်းမသိသေး)ကိုသွားဖို့ဆုံးဖြတ်ခဲ့သူပါ။ဒီနေရာမှာရာခပ်ဟာအာဗြံဟံရဲ့ဆုံးဖြတ်ချက်ထက်ပိုခက်ခဲလိမ့်မယ်လို့ထင်ပါတယ်၊အာဗြံဟံကထွက်သွားဖို့သာဆုံးဖြတ်ရတာပါ၊ရာခပ်ကတော့ထွက်သွားဖို့ဆုံးဖြတ်ချက်သာမကကိုယ့်လူမျိုးကိုယ်နေရာကိုသစ္စာဖောက်ရမဲ့ဆုံးဖြတ်ချက်ဖြစ်နေပါတယ်။ဒါဟာအတော်ကြီးမားတဲ့ယုံကြည်ခြင်းမရှိရင်မဖြစ်နိုင်တဲ့ဆုံးဖြတ်ချက်မျိုးပါ။
ရာခပ်ဟာယုံကြည်လို့ကယ်တင်ခံရပြီးနောက်၊သူ့ဘဝဇာတ်ကြောင်းကိုသမ္မာကျမ်းစာကဆက်မရေးမှတ်ထားတော့ပါဘူး၊မေရှိယရဲ့ဆွေတော်စဉ်မျိုးတော်ဆက်မှာသာသူ့ကိုပြန်ဖော်ပြထားခဲ့ပါတယ်။ဒီနေရာမှာဘာတခုသေချာနိုင်လဲဆိုရင်ရာခပ်ဟာရှေ့လျှောက်မှာအကောင်းဆုံးအသက်ရှင်နေထိုင်ခဲ့ကြောင်းသိနိုင်ပါတယ်။ဘာလို့လဲဆိုတော့ရှင်မဿဲခရစ်ဝင် ၁:၅မှာရာခပ်ဟာစာလမုန်ဆိုတဲ့ဣသရေလလူမျိုးတယောက်နဲ့အိမ်ထောင်ကျခဲ့ပြီးသားဗောဇကိုမွေးဖွားခဲ့ကြောင်းဖော်ပြထားပါတယ်။ဒီဗောဇကနေတဆင့်သူ့သားဩဗက်၊ဩဗက်သားယေရှဲ၊ယေရှဲသားဒါဝိဒ်မင်းကြီး…ဒါဝိဒ်မင်းကြီးကနေအဆက်ဆက်နောက်ဆုံးသခင်ယေရှုခရစ်တော်ထိဖြစ်လာခဲ့ပါတယ်။
ဒေလိလကိုကြည့်ရမယ်ဆိုရင်တော့ဆုံးဖြတ်ချက်တိုင်းမှာသူများကိုအသုံးပြုဖို့နဲ့အမြတ်ထုတ်ဖို့ဘဲစဉ်းစားနေတာတွေ့ရပါတယ်၊ရှံဆုန်နဲ့ပေါင်းသင်းနေတာလဲအမြတ်တခုခုရဖို့ဖြစ်တယ်၊ဘယ်သူကိုမှယုံကြည်တဲ့သူမဟုတ်သလိုဘယ်သူနဲ့မှလဲကြာရှည်မကောင်းသူပါ၊ကိုယ့်အပေါ်ကောင်းသူကိုအသုံးပြုတတ်ပြီး၊ကိုယ့်ပေါ်မကောင်းသူကိုထားခဲ့တတ်သူပါ၊ဘုရားကိုယုံကြည်မှုမရှိသလိုလူကိုလဲမယုံကြည်တဲ့အစားမျိူးပါ၊သနားစရာကောင်းတဲ့အမျိုးသမီးလို့မှတ်ချက်ပေးလို့ရပါတယ်၊သူ့မှာကောင်းစားဖို့ဆုံးဖြတ်ခွင့်အများကြီးရှိခဲ့ပါတယ်၊ဒါပေမဲ့သူကတော့ခေတ္တအမြတ်ရဖို့ဘဲဆုံးဖြတ်ခဲ့တယ်။ဒါကြောင့်လဲဣသရေလသမိုင်းမှာနာမည်ဆိုးနဲ့ကျန်နေခဲ့တာပါ။

နိဂုံး

ရာခပ်နဲ့ဒေလိလတို့နှစ်ယောက်ဟာတူညီတဲ့အချက်တွေရှိကြပေမဲ့မတူညီတဲ့ဘုရားကိုသိခြင်း၊မတူညီတဲ့ရွှေးချယ်ခြင်းနဲ့မတူညီတဲ့ဆုံးဖြတ်ခြင်းကြောင့်ခုလိုမတူညီတဲ့နိဂုံးရလာဒ်တွေရရှိခဲ့ကြတာပါ။ရာခပ်ဟာယုံကြည်ခြင်းကြောင့်အချစ်စစ်နဲ့တွေ့ပြီးကောင်းရာရောက်ခဲ့တယ်၊ဒေလိလကတော့မယုံကြည်လို့အချစ်စစ်မရခဲ့တဲ့အပြင်ရင်လေးစရာဖြစ်ခဲ့ရတယ်၊ဒီဘဝမှာတင်မဟုတ်ထာဝရအတွက်ပါရှုံးခဲ့ရပါတယ်။ယနေ့သင့်အသက်တာကောဒေလိလလိုလား?ရာခပ်လိုလား?ဆင်ခြင်အသက်ရှင်ကြပါစို့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်