စနေ, ဧပြီ 20, 2024

မိစ္ဆာအယူအနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်

ယုံကြည်သူများသတိပြုရန်လက်ဆင့်ကမ်းပါ။

မြန်မာပြည်မှာလက်ရှိအယူလွဲတမျိုးဝင်လာပါပြီ။အဲဒါကတော့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်(Almighty of God, Eastern Lighting)ဘဲဖြစ်ပါတယ်။ဒီမိစ္ဆာအယူဟာ တရုတ်ပြည်မကြီးအခြေစိုက် အဖွဲ့ဖြစ်ပြီး၊ ယေရှုသည် တရုတ်မအဖြစ်ဒုတိယအကြိမ်ကြွလာခဲ့ပြီး ဖြစ်ကြောင်း မသဲ ၂၄:၂၇ ကို အခြေခံပြီး အရှေ့အရပ်ကလျပ်စစ်” Eastern Lighting “ လာပြီဖြစ်ကြောင်းဟောပြောကြတာပါ။ပထမတခါမှာယေရှုကယောင်္ကျားလေးအဖြစ်ကြွလာခဲ့ပြီး၊ယခုဒုတိယအကြိမ်မှာတော့မိန်းမကိုယ်လုံးအဖြစ်လာခဲ့ပြီလို့သွန်သင်ပါတယ်။သမ္မာကျမ်းစာကိုမသုံးဘဲသူတို့ပြုစုရေးသားတဲ့(ပုံပါ)နူတ်ကပတ်တော်သည်လူ့ဇာတိ၌ပေါ်လာ၏ ဆိုတဲ့စာအုပ်ကိုအထူးတလည်ယုံကြည်အသုံးပြုကြပါတယ်။ 东方闪电(အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် )ဆိုတာ1989မှာWitness Lee (李常受)ရဲ့အော်ဟစ်ခြင်းအသင်း(呼喊派)ကနေခွဲထွက်လာတဲ့အယူပါ။1990အစပြီးတရုတ်ပြည်မကြီး河南ဟောနန်မှာစတင်လှုပ်ရှားပါတယ်။တည်ထောင်သူက赵维山ပါ။ဘာသာထဲမဝင်လို့ဆိုပြီးလူသတ်မှုဖြစ်လို့တရုတ်ပြည်မှာအစိုးရကပါကန့်ကွက်ထားပြီးဖမ်းဝရမ်းထုတ်ထားရတဲ့အဖွဲ့အစည်းပါ။ ယေရှုခရစ်တော်ဟာဒုတိယအကြိမ်လာပြီသူဟာအမျိုးသမီးဖြစ်တယ်ဆိုပြီးတရုတ်မ杨向彬ကိုခရစ်တော်အဖြစ်တင်စားခဲ့ကြတာပါ(ပုံမှာကြည့်ပါ)။ယခုတော့တည်ထောင်သူကော၊ခရစ်တော်ဖြစ်တယ်ဆိုတဲ့အမျိုးသမီးပါဆုံးသွားခဲ့ပြီဆိုကြသလိုအမေရီကန်မှာရှိကြောင်းသတင်းတွေလဲထွက်နေပါတယ်၊ဒီအထွဲ့အဖွဲ့အစည်းကခုထိရှိနေတုန်းပါ။ ခုတော့ အီတလီကနေ စီမံမှုလုပ်ပြီး ၂၀၂၀ ထိ ဗမာလိုဘာသာပြန် စီမံကိန်းလုပ်နေပါတယ်။English စာလုံးတစ်လုံးကို 0.25$ နဲ့ ပေးပြီးဘာသာပြန်ခိုင်းနေပါတယ်။သူတို့ရဲ့ဇာတ်ကား တစ်ကားဆိုရင် မြန်မာငွေ ၄ သိန်းထိ ပေးပြီးလုပ်ခိုင်းနေပါတယ်လို့သိရပါတယ်။ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေထဲကတချို့ဆရာကိုလဲလက်တွေ့ဘာသာလာပြန်ခိုင်းဖူးသူရှိနေပါတယ်။ ခုသူတို့ Video တွေ။ ဇာတ်လမ်း။ သီချင်းတွေခုမြန်မာပြည်အွန်လိုင်းထဲစ ပျံ့နေပါပြီ။၂၀၂၅ မြန်မာပြည်မှာ အသင်းတော်ကို အဓိက မြို့တွေမှာ တည်ထောင်ပြီး ဖြစ်ရမယ် လို့ဦးတည်ချက်ထားကြောင်းသတင်းရရှိပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်