စနေ, ဧပြီ 20, 2024

ဒုက္ခကြုံနေသူအတွက်ကျမ်း(၁၀)ချက်

 

၁။ဘုရားကိုမျှော်ကိုးပါ၊အတောင်တော်အရိပ်အောက်မှာခိုလှုံပါ။
(ဆာလံကျမ်း ၅၇:၁ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော်အရိပ်၌ ခိုလှုံပါ၏။)

၂။ဘုရားသခင်ကသင့်ရဲ့သီးခံခြင်းကိုလေ့ကျင်ပေးနေတာဖြစ်နိုင်ကြောင်းမမေ့ပါနဲ့။
(ရောမဩဝါဒစာ ၅:၃-၄ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။)

၃။ဘုရားကယ်တင်လိမ့်မယ်ဆိုတာယုံပါ။
(ယောဘဝတ္တု ၅:၁၉-၂၀သင့်ကို အမှုခြောက်ပါးထဲက နှုတ်ယူတော်မူသည် သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစ်စုံတစ်ခုမျှ မထိမခိုက်ရ။အစာခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားဘေးမှလည်းကောင်း၊ သင့်ကို ရွေးနှုတ်တော်မူလိမ့်မည်။)

၄။ဒုက္ခကနေသုခအဖြစ်ပြောင်းလဲစေနိုင်တဲ့ဘုရားဆိုတာမမေ့ပါနဲ့။
(ရောမဩဝါဒစာ ၈:၂၈ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။)

၅။ဘုရားဆီမှငြိမ်သက်ခြင်းဂတိတော်ကိုယူပါ။
(ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ငါသည်လောကကိုအောင်ပြီဟု မိန့်တော်မူ၏။)

၆။အဘယ်အခက်ခဲပြဿနာကမှသင့်ကိုဘုရားရဲ့မေတ္တာနဲ့မကွာစေနိုင်ပါ။
(ရောမဩဝါဒစာ ၈:၃၈-၃၉ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။)

၇။ယနေ့သင်ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေဟာထာဝရမှာကောင်းမြတ်ခြင်းအတိုးနဲ့ရရှိမှာဖြစ်တယ်။
(၂ကော၄:၁၇ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။)

၈။ဒုက္ခဆင်းရဲဆိုတာသင့်ကိုစုံလင်တည်ကြည်ခိ်ုင်ခံ့မြဲမြံစေဖို့ဖြစ်ပါတယ်။
(၁ပေ ၅:၁၀ ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။)

၉။ဒုက္ခဆင်းရဲခံခဲ့ရခြင်းဟာကိုယ့်လိုဒုက္ခရောက်နေတဲ့သူကိုစာနာနားလည်ကူညီနိုင်ဖို့ပါ။
(၂ကော၁:၄ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။)

၁၀။အခက်ခဲပြဿနာအမျိုးမျိုးကြုံတွေ့ရတဲ့အခါလဲဘုရားသခင်သင့်နဲ့အတူရှိနေတယ်ဆိုတာမမေ့ပါနဲ့။
(ဟေရှာယအနာဂတ္တိကျမ်း ၄၁:၁၀မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလကျာ်လက်ဖြင့် ထောက်ပင့်မည်။)

ယောရှုမှတ်စာ ၁:၉
အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
ဟာလေလုယာ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်