စနေ, ဧပြီ 20, 2024

နှင်းဆီပန်းတပွင့်မှသင်ခန်းစာ

လူတဦးမှပန်းအရောင်းဆိုင်ကြီး‌ရှေ့ကားရပ်ဆင်းလိုက်သည်။ရွှာကမိခင်ကိုပန်းစည်းလေးလူကြုံပို့ဖို့ပါ။ ဆိုင်ထဲဝင်မယ်လုပ်တော့… ဆိုင်တံခါးဘေးမှာအမျိုးသမီးငယ်လေးတဦးငိုနေတာတွေ့ရပါတယ်။

“ဘာလို့ငိုနေတာလဲသမီး?”

သမီးငယ်မှခေါင်းမော့လာပြီး“သမီးအမေကိုနှင်းဆီပန်းတပွင့်လေးဝယ်ပြီးပေးချင်တာငွေမလောက်လို့ပါ”။

ဒီစကားကိုကြားတော့အတော်သနားမိသွားပါသည်။ဆိုင်ထဲဆွဲခေါ်ဝင်ပြီးကြိုက်နှစ်သက်ရာနှင်းဆီပန်းတပွင့်ရွေးယူပြီးငွေရှင်းပေးလိုက်ပါသည်။ ရွှာကအမေအတွက်ပန်းစည်းကိုလည်းဝယ်ယူပြီးထွက်လာပါတယ်။ ကလေးမကိုလည်းကားနဲ့လိုက်ပို့ပေးဖို့မေးတော့သူ့အမေအိမ်ဝေးကြောင်းပြောလာပါတယ်၊ဒါကိုကြားမိတော့ပိုပြီးစိတ်မချလို့ ကလေးမရဲ့အမေ့အိမ်အထိပို့ပေးဖို့ဆုံးဖြတ်လိုက်ပါသည်။ ကားကိုအတန်ကြာမောင်းပြီးရွှာတခုအဝင်မှာကလေးမလေးကားကိုရပ်ဖို့တောင်းဆိုပါသည်။

“သမီး၊ဒီမှာအိမ်ခြေတောင်မရှိဘူးလေ၊သမီးအိမ်ကဘယ်မှာလဲ?”

ကလေးမလေးမှ “ဟုတ်ကဲ့ဦးလေး၊သမီးအိမ်ကရွှာထဲမှာပါအခုကအမေ့ကိုပန်းခနသွားပေးမလို့ပါ”

ပြောရင်းဆိုရင်းရွှာပြင်သင်္ချိုင်းမြေထဲသွားပြီးအုတ်ဂူတခု‌ရှေ့မှာပန်းချခဲ့လေသည်။ အံ့ဩပြီးမေးမိပါသည်။

“‌ ဪ-သမီးရဲ့အမေကဆုံးသွားခဲ့ပြီလား?”

“ဟုတ်ကဲ့ဦးလေး တလတော့ပြည့်ပါပြီ။”

ဒါနဲ့အလင်းရပြီး စိတ်ထဲအတော်တို့ထိမိပါသည်။ ဒီသမီးလေးကသူ့အမေဆုံးပါးသွားတာတောင်ပန်းတပွင့်‌လေးအမှတ်တရထားဖို့ဒီလောက်အဝေးကြီးကိုခြေကျင်လျှောက်လာဝယ်တာပါလား။ငါ့မှာအမေကမသေသေးဘူး၊ငါကလူကြုံနဲ့ပါးဖို့လုပ်နေတာမဟုတ်သေးဘူးဆိုပြီး၊အပြန်လမ်းမှာပန်းဆိုင်ထဲပန်းစည်းအကြီးတခုပြန်ပြောင်းဝယ်ပါတယ်၊တခါထဲပြင်ဆင်ပြီး၅နာရီလောက်ဝေးတဲ့အမေ့အိမ်ကိုမောင်းလာခဲ့ပါတော့တယ်။

မိတ်ဆွေ သေသူအတွက်ဈာပနအခန်းအနားကြီးကြီးမားမားလုပ်ပေးနေတာထက်၊မသေခင်ကြီးကြီးမားမားပြုစုပါ။ သေပြီးသင်္ချိုင်းဂူလှလှလေးလုပ်ပေးတာထက်၊ယခုအသက်ရှင်နေသေးတဲ့မိဘတွေကိုတတ်နိုင်တဲ့ဖက်ကကျေးဇူးဆပ်ပါလေ။မိဘမသေခင်လုပ်ကျွေးပါ၊သေမှနောင်တမရပါစေနဲ့။

ဧဖက်၆:၂-၃ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။ ရှဲလိုလျှင်မူရင်းပို့စ်ကိုနှိပ်ပြီးရှဲပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်