စနေ, ဧပြီ 20, 2024

နှောင်ကြိုးထာဝရတည်မြဲဖို့

အိမ်ထောင်ရှင်မအမျိုးသမီးတဦးကိုTVသတင်းဌာနတခုမှအမေးအဖြေလုပ်ပါသည်။

မေး“အမရဲ့‌ယောက်ျားမှာအားနည်းချက်အပြစ်တွေရှိပါသလား”

ဖြေ“‌‌သိပ်ရှိတာ‌ပေါ့ရှင်၊ရှိတာမှကောင်းကင်ပေါ်ကကြယ်တွေလိုပါဘဲ၊ရေတွက်လို့တောင်မကုန်ပါဘူး၊”

မေး“အဲလိုဆိုရင်အမယောက်ျားမှာကောင်းကွက်အားသာချက်တွေကောရှိသေးလားအမ”

ဖြေ“အရမ်းနည်းတယ်၊နည်းလွန်းလို့‌ နေမင်းကြီးလိုတခုလောက်ဘဲတည်ရှိတာမျိုးပေါ့”

မေး“ဒါဆိုရင်အမတို့ကဘယ်လိုလုပ်ပြီးနှစ်ဆယ်ချီတိုင်ခုထိချစ်‌နေနိုင်ကြသေးတာလဲဟင်”

ဖြေ“‌အော်၊ဒါကတော့ရှင်းပါတယ်ညီမလေးရယ်၊နေမင်းကြီးထွက်လာရင်ကြယ်တွေပျောက်ကုန်လို့‌ပေါ့ကွယ်။”

မှန်ပါတယ်မိတ်ဆွေလင်နဲ့မယားဆိုတာ တသက်လုံးရန်ဖြစ်နေဖို့မဟုတ်ပေမယ့်၊ တခါတလေရန်‌ဖြစ်‌နေခဲ့ရင်တောင်နှောင်ကြိုးကတသက်လုံးခိုင်မာနေတာမျိုးပါ။ပြောစရာအပြစ်အများကြီးရှိနေပေမယ့်၊ချစ်ခြင်းမေတ္တာနဲ့ဖုံးအုပ်တတ်ခြင်းဟာနှောင်ကြိုးကိုပိုမြဲစေပါတယ်။အပြစ်ဘဲကြည့်ရင်အပြစ်ဘဲမြင်ပါမယ်။ကောင်းကွက်ကိုလည်းအမြဲမြင်ပေးတတ်ဖို့လိုပါတယ်။

၁ပေ၄:၈ ချစ်​ခြင်း​မေတ္တာ​သည်များစွာ​သော​အပြစ်​တို့​ကိုဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။ (မြန်မာ့စံမီဘာသာပြန်ကျမ်း)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်