စနေ, ဧပြီ 20, 2024

ပြုပြင်ပြောင်းလဲ‌ရေးနေ့(The Reformation Day)

နှစ်စဉ်နှစ်တိုင်းရဲ့၁၀လပိုင်း၃၁ရက်နေ့ဟာခရစ်ယာန်ဘာသာထဲကပရိုတက်စတင့်‌(Protestantism)တွေအတွက်ပြုပြင်ပြောင်းလဲရေးနေ့(The Reformation Day)ဘဲဖြစ်ပါတယ်။ပေါ်ပေါက်လာပုံကိုလေ့လာရရင်(၁၅၁၇)တုန်းကမာတင်လုသာ(Martin Luther 1483-1546)ဆိုတဲ့ဘာသာရေးခေါင်းဆောင်တဦးကနေအစပြုခဲ့တာပါ။သူဟာရောမကာသိုလိတ်အသင်းတော်ကြီးမှာပါဝင်နေရင်းကနေခေါင်းဆောင်တွေရဲ့မမှန်တဲ့သွန်သင်မှုချစားမှုကို“၉၅ချက်စွဲချက်”(Ninety-five Theses)ကိုရေးသားပြီး(၁၅၁၇-၁၀-၃၁)ရက်နေ့မှာလူ‌ တွေအားလုံးသိအောင်ဝီတိန်ပါဘုရားကျောင်းကြီးရှေ့မှာကပ်ထားခဲ့တာပါ(အောက်ဆုံးလင့်မှာမြန်မာဘာသာပြန်ချပေးထားတာဝင်ဖတ်ပါ)။နဂိုအမှားကိုသာထောက်ပြပြီးပြင်စေဖို့ရည်ရွယ်ခဲ့ပေမယ့်အဲချိန်ကဘာသာရေးခေါင်းဆောင်တွေဟာသူ့ကိုမိစ္ဆာအယူလွဲဆိုပြီးထုတ်ပယ်ဖမ်းဆီးခဲ့ကြလို့သမ္မာတရားကိုရဲရဲကြီးဆက်လက်‌ ဖော်ထုတ်ပြီးပရိုတက်စတင့်ကိုမွေးထုတ်ပေးခဲ့တဲ့အထိဖြစ်လာခဲ့ရတာပါ။ယနေ့ထိဆိုရင်ပြုပြင်ပြောင်းလဲရေးဖြစ်ခဲ့တာ(၅၀၃)နှစ်ရှိပါပြီ။
ပရိုတက်စတင့်ဆိုတာ‌ရောမကတ်သလစ်နဲ့‌ အော်သိုဒေါ့ကလွဲရင်ကျန်တဲ့ခရစ်ယာန်အားလုံးပါဝင်‌နေပါတယ်။အဓိကပြုပြင်‌ပြောင်းလဲမှုလုပ်ခဲ့တာက၅ချက်ဘဲအခြေခံတာပါ။ဒါကြောင့်လည်းယနေ့ထိပရိုတက်စတင့်တိုင်းရဲ့အဓိကယုံကြည်ချက်ကFive Solaအဖြစ်ရပ်တည်ခံယူနေကြတာပါ(အောက်ဆုံးမှာလင့်ချထားတာဖတ်ပါ)။သမ္မာတရားသွန်သင်ချက်ကိုဖော်ထုတ်ကာကွယ်ခဲ့လို့ပရိုတက်စတင့်ခရစ်ယာန်တိုင်းကဒီနေ့ကိုနှစ်တိုင်းအမှတ်တရပြုလုပ်လေ့ရှိပါတယ်။တချို့နိုင်ငံမှာဒီနေ့ဟာအစိုးရရုံးပိတ်ရက်အထိချမှတ်ပြီးအမှတ်ရကြတာပါ။ဒီနှစ်၂၀၂၀-၁၀-၃၁ စနေနေ့ဟာပြုပြင်ပြောင်းလဲခဲ့တဲ့၅၀၃နှစ်မြောက်နေ့ဘဲဖြစ်ပါတယ်။တချိန်ထဲမှာအဲဒီနေ့ဟာHalloween(ဟာလိုဝင်းည)လည်းဖြစ်ပါတယ်။အောက်ဆုံးမှာလင့်ချထားပေးတာဝင်ဖတ်ကြည့်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်