စနေ, ဧပြီ 20, 2024

ပွဲတော်မင်္ဂလာဆိုတာ


ခရစ်ယာန်အသင်းမှာယေရှုကိုယ်တိုင်ထူပေးခဲ့တဲ့သန့်ရှင်းတဲ့မင်္ဂလာနှစ်ပါးရှိပါတယ်၊အဲတာကတော့ဗတ္တိဇံမင်္ဂလာနဲ့ပွဲတော်မင်္ဂလာဘဲဖြစ်ပါတယ်။ပွဲတော်မင်္ဂလာဆိုတာကနဦးသခင်ယေရှုခေတ်တုန်းကယေရှုကားတိုင်ပေါ်အသတ်မခံရခင်တပည့်တော်တွေနဲ့စားတဲ့နောက်ဆုံးညစာကနေအခြေခံလာတာပါ။အဲဒီညမှာယေရှုကသူအသတ်ခံရမှာဖြစ်ကြောင်း၊အသတ်ခံရခြင်းဟာလောကလူသားအတွက်စတေးပြီးကယ်တင်ခြင်းဖြစ်ကြောင်းဆိုပြီးစပျစ်ရည်ခွက်ကိုယူပြီးဒါဟာလူသားတွေအတွက်သွန်းတဲ့ငါယေရှု့ရဲ့အသွေးကိုပုံဆောင်ကြောင်းနဲ့၊မုန့်ကိုယူပြီးဒါဟာလူသားအားလုံးအတွက်အသေခံမယ့်ငါယေရှုရဲ့ကိုယ်ခန္ဓာကိုပုံဆောင်ကြောင်း၊ငါရှင်ပြန်ထမြောက်သွားတဲ့အခါနင်တို့တွေဒီလိုစပျစ်ရည်နဲ့မုန့်နဲ့အတူစားပြီးငါရဲ့စတေးခဲ့တဲ့ကယ်တင်ခြင်းကိုငါဒုတိယအကြိမ်မလာမချင်းအောက်မေ့ကြပါလို့မိန့်မှာခဲ့ပါတယ်။ယနေ့ခရစ်ယာန်အသင်းတော်တွေမှာယေရှုခရစ်တော်ရဲ့စတေးခဲ့ခြင်းကိုအောက်မေ့သောအနေနဲ့တပတ်တခါသို့မဟုတ်တလတခါပွဲတော်မင်္ဂလာစားလေ့ရှိကြပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်