စနေ, ဧပြီ 20, 2024

ဖခင်ကောင်းမဖြစ်ခဲ့သူ(၅)ဦး

၁။ဧလိ(၁ရာ၂:၂၇-၃၆)

ဧလိဟာယဇ်ပရောဟိတ်ပါ၊ဘုရားသခင်ကိုရိုသေပေမယ့်မိသားစုဝင်တွေကိုအတူရိုသေဖို့မသွန်သင်ခဲ့သူပါ၊ဘုရားကိုကြောက်တာထက်သူ့သားတွေကိုအလိုလိုက်နေတဲ့ဖခင်ပါ။သူကတော့သစ္စာရှိစွာလုပ်ကိုင်နေပေမယ့်သားနှစ်ယောက်ရဲ့မတရားပြုလုပ်နေမှုကိုတော့မတားဆီးမဆုံးမဘဲနေတဲ့ဖခင်ပါ။
ယနေ့အထူးသဖြင့်အမှုတော်ဆောင်နဲ့ယုံကြည်သူဖခင်များ၊မိမိသားသမီးကိုမဆုံးမဘဲနေခြင်းဟာဘုရားထက်ကိုယ့်သားသမီးကိုပိုကြောက်ရွံ့ရာရောက်သလို၊အလိုလိုက်တော့ချစ်ရာမဟုတ်ဘဲနစ်ရာရောက်နေတတ်ပါတယ်။တာဝန်မကျေတဲ့ဖခင်မဖြစ်ရဖို့မိမိသားသမီးကိုအလိုတော်နှင့်အညီအချိန်မှီဆုံးမစို့။

၂။ရှမွေလ(၁ရာ၈:၁-၆)

ရှမွေလဟာအင်မတန်ကြီးမြတ်တဲ့ဘုရားလူတယောက်ဖြစ်ပါတယ်၊ယစ်ပရောဟိတ်နဲ့ပရောဖတ်ဖြစ်သလိုတရားသူကြီးလဲဖြစ်ခဲ့တဲ့တဦးတည်းသောတာဝန်သုံးရပ်ပေးခံရသူပါ။သူ့တသက်လုံးအမှုတော်မြတ်မှာပြောစရာမရှိအောင်အမှားကင်းခဲ့သူပါ။ဒါပေမယ့်သူအိုလာတဲ့အခါဣသရေလလူတွေကိုအုပ်ချုပ်ဖို့သူ့သားယောလနဲ့အဘိရကိုသူ့အလိုတိုင်းတရားသူကြီးနေရာခန့်ထားခဲ့ပါတယ်။ဒီသားနှစ်ယောက်ဟာငွေကိုတပ်မက်ပြီးမတရားမှုပြုကြတာကိုပြည်သူတွေလာတိုင်တဲ့အခါသူ့သားကိုမဆုံးမဘဲပြည်သူတွေရဲ့ဘုရင်သစ်လိုအပ်မှုအမှားကိုသာထောက်ပြလွဲချခဲ့တာပါ။
ယနေ့အမှုတော်မြတ်မှာသစ္စာရှိရှိလုပ်ဆောင်နေပြီး၊သားသမီးကိုသွန်သင်ဖို့မေ့နေသူတွေအတွက်နဲ့မိမိနေရာကိုသားသမီးကိုဘဲပြန်ပေးဖို့လုပ်နေတတ်တဲ့ဖခင်တွေဆင်ခြင်စရာလဲဖြစ်ပါတယ်။

၃‌။ယေရှဲ(၁ရာ၁၆:၈-၁၂)

ယေရှဲဆိုတာဒါဝိဒ်ရဲ့အဖေပါ။ရှမွေလဟာယေရှဲသား၈ယောက်ထဲကတယောက်သောသူကိုဘုရင်နေရာပေးဖို့ဘုရားစေခိုင်းမှုအရဘိသိတ်လာပေးတာပါ။ဒါကိုဖခင်ဖြစ်သူယေရှဲကသားရယောက်ကိုသာခေါ်လာပြီးသားငယ်ဒါဝိဒ်ကိုမဖြစ်နိုင်ဘူးလို့အထင်သေးခဲ့တာပါ။ဒါပေမယ့်ဖခင်ယုံကြည်မှုမရခဲ့တဲ့သားငယ်ကတော့ဘုရားရွှေးကောက်တဲ့ဘုရင်ဖြစ်နေပါတော့တယ်။
ယနေ့ဖခင်တချို့လဲမိမိသားသမီးကိုအထင်မသေးမိဖို့လိုပါသည်။

၄။ရှောလု(၁ရာ၁၄၊၁၈၊၁၉၊)

ရှောလုဟာဣသရေလလူမျိုးရဲ့ပထမဆုံးဘုရင်ပါ၊ဒါပေမယ့်သူ့အကြောင်းဖတ်လိုက်ရင်တကယ့်ဆိုးသွမ်းတဲ့ဖခင်တစ်ယောက်ပါ၊ဘုရားစကားကိုမနာခံရုံမကသားနဲ့သမီးတွေကိုသူ့ပစ်မှတ်ရောက်ဖို့အတွက်အသုံးချနေတတ်တဲ့ဖခင်ပါ။ဒါဝိဒ်ကိုမကောင်းကြံဖို့သမီးကိုပေးစားခဲ့ပြီးသားကိုမတရားမှုလုပ်ခိုင်းပါတယ်။သူ့သားယောနသန်ကသူ့လိုမတရားလိုက်မလုပ်ရင်ဆဲဆိုရိုင်းပြတတ်တဲ့ဖခင်ပါ။(၁ရာ၂၀:၃၀-၃၄)
ယနေ့ဖခင်တချို့လဲသားသမီးမလုပ်ချင်တဲ့မကောင်းမှုတွေကိုအတင်းလုပ်ခိုင်းတာတွေ၊မိမိကိုယ်ကျိုးတခုထဲအတွက်သားသမီးကိုဓားစာခံလုပ်နေတဲ့ဖခင်တချို့ဆင်ခြင်စရာပါ။

၅။ဒါဝိဒ်(၂ရာ၁၁၊၁၃၊၃ရာ၁၁)

ဒါဝိဒ်ဟာဘုရားစိတ်တော်နဲ့တွေ့သောဘုရင်ဖြစ်ခဲ့ပေမဲ့၊သားသမီးရဲ့စံပြဖခင်တော့မဖြစ်ခဲ့ပါဘူး။အောင်မြင်သောဘုရင်တပါးဖြစ်ခဲ့ပေမယ့်အောင်မြင်သောဖခင်တယောက်တော့မဖြစ်ခဲ့ချေ။စစ်သူကြီးဥရိယမယားဗာသရှေဘကိုပြစ်မှားပြီးသူ့ယောကျင်္ားကိုသတ်၊သူ့မယားသိမ်း၊အမှုကိုဖုံးအုပ်ထားခြင်းဟာသူ့သားအာမနူန်ကနှမဝမ်းကွဲတာမာကိုပြစ်မှားမှုဖြစ်ပေါ်လာစေခဲ့တာပါ၊သူလုပ်ခဲ့သလိုသားသမီးတွေလုပ်လာတာပါ၊အဗရှလုံကနေစတင်လာတဲ့ပြသနာကစအဒေါနိယမှအဆုံးပြသနာဟာဖခင်ရဲ့တချိန်ကအမှားတွေသားသမီးဆီကူးစက်ခဲ့တာပါ။နောက်ဆုံးသသူ့သားရှောလမုန်ရဲ့မိဖုရားပေါင်းထောင်ကျော်ယူပြီးလမ်းလွဲခဲ့တာလဲသူ့အဖေရဲ့အရှိန်မကင်းပါဘူး။
ယနေ့ဖခင်တွေသားသမီးတွေကိုစံနမူနာပေးဖို့အင်မတန်လိုအပ်ပါတယ်၊ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဟုပြောရတဲ့ခေတ်မဟုတ်ပါ၊ငါပြောသလိုလုပ်ငါလုပ်သလိုလုပ်ဟုစံပြသင့်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်