စနေ, ဧပြီ 20, 2024

ဘုရားသခင်သာငါတို့ဘက်၌ရှိတော်မူလျှင်

ဘုရားသခင်သာငါတို့ဘက်၌ရှိတော်မူလျှင်
၁။သခင်သာသင့်ကိုနှစ်သိမ့်လျှင်၊အဘယ်အခက်ခဲကသင့်ကိုလဲကျအောင်လုပ်နိုင်သေးမည်နည်း။
၂။သခင်သာသင့်ကိုနှစ်သက်တော်မှုလျှင်၊အဘယ်အတားအဆီးကသင့်ကိုတားဆီးနိုင်သေးမည်နည်း။
၃။သခင်သာသင့်ကိုထောက်ပံ့လျှင်၊အဘယ်ဖိအားကသင့်ကိုပြားချပ်စေနိုင်သေးမည်နည်း။
၄။သခင်သာသင့်ကိုကုသပေးလျှင်၊အဘယ်အနာရောဂါကသင့်ကိုခြိမ်းခြောက်နိုင်သေးမည်နည်း။
၅။သခင်သာသင့်ကိုစောင့်ထိန်းလျှင်၊အဘယ်အခြေအနေမျိုးကသင့်ကိုအန္တရာယ်ဖြစ်စေနိုင်သေးမည်နည်း။
၆။သခင်သာသင့်ကိုခိုင်ခံ့စေလျှင်၊အဘယ်မိုးမုန်းတိုင်းကသင့်ကိုယိုင်လဲစေနိုင်သေးမည်နည်း။
၇။သခင်သာသင့်ကိုလွတ်ခြင်းအခွင့်ပေးလျှင်၊အဘယ်သောအပြစ်မျိုးကသင့်ကိုချီနှောင်နိုင်သေးမည်နည်း။
၈။သခင်သာသင့်ကိုချီးမြောက်လျှင်၊အဘယ်သောကြံစည်မှုကသင့်ကိုထိခိုက်နိုင်သေးမည်နည်း။
၉။သခင်သာသင့်ကိုဘုန်းကြီးစေလျှင်၊အဘယ်သောပြစ်တင်ခြင်းကသင့်ကိုအရှက်ရစေနိုင်သေးမည်နည်း။
ထိုကြောင့်သင်ဟာ
၁။စုံစမ်းနှောက်ယှက်ခြင်းကြုံလာတဲ့အခါ၊သခင့်ပေါ်သစ္စာရှိရှိနဲ့သွေးဆောင်ခြင်းကိုငြင်းပယ်ပြီလား?
၂။တပ်မက်စိတ်နိူးထလာတဲ့အခါ၊သင်သခင့်ကိုကိုးစားခြင်းဖြင့်ကာမဂုဏ်ချုပ်တီးပြီလော?
၃။ယုံကြည်ခြင်းအားနည်းတဲ့အခါ၊သင်သခင့်စကားအားဖြင့်ပြန်လည်တည်ဆောက်ပြီလော?
၄။ရန်သူတွေဝိုင်းနေပြီးထွက်ပေါက်မရှိတော့တဲ့အခါ၊သင်သခင့်ကိုပုံအပ်ခြင်းဖြင့်မားမားရပ်တည်ပြီလော?
၅။ဘဝဟာအမှောင်မှာကျနေတဲ့အခါ၊သင်သခင့်ကိုအကြွင်းမဲ့ယုံကြည်ပြီလော?
၆။ဂတိတော်စကားနောက်ကျနေတဲ့အခါ၊သင်သခင့်ကြောင့်သန့်ရှင်းလျက်မျော်လင့်စောင့်ဆိုင်းနေပြီလော?
၇။အခက်ခဲဖိအားကြုံတွေ့နေတဲ့အခါ၊သင်သခင့်ကြောင့်အဆုံးတိုင်နာခံတည်ကြည်ပြီလော?
၈။ရှေ့လျှောက်ရမဲ့ဘဝမှာစိန်ခေါ်မှုတွေနဲ့ပြည့်နက်တဲ့အခါ၊သင်သခင့်အားဖြင့်သတ္တိရှိရှိရင်ဆိုင်ရဲပြီလော?
ရောမဩဝါဒစာ ၈:၃၁သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်