စနေ, ဧပြီ 20, 2024

ယဇ်ပရောဟိတ်ဆိုတာ


မူရင်းဟေဘရူးလိုכֹּהֵן (ခေါ်ဟန်းနာ)ကနေဆင်းသက်လာပါတယ်၊အဓိပ္ပာယ်ကရပ်နေသူဖြစ်ပါတယ်။လူနဲ့ဘုရားကြားမှာတဆင့်ခံကူညီသူတွေပါ၊ယဇ်ဆိုတာပူဇော်သကာဖြစ်ပြီးပရောဟိတ်ဆိုတာဦးဆောင်ကူညီသူဖြစ်ပါတယ်။ဓမ္မဟောင်းမှာဘုရားသခင်ကဣသရေလ၁၂မျိုးထဲကလေဝိအမျိုးကိုရွှေးကောက်ပြီးယဇ်ပရောဟိတ်အပါအဝင်ဗိမာန်တော်မှာအမြဲ” ရပ်နေသူ” အခြားလူတွေအတွက်ကိုးကွယ်မှုဆိုင်ရာတာဝန်ယူလမ်းပြကူညီအစေခံသူအဖြစ်လုပ်စေခဲ့ပါတယ်။ယနေ့ကျေးဇူးတော်ခေတ်မှာတော့ယုံကြည်သူတိုင်းကိုဘုရားသခင်ကယဇ်ပရောဟိတ်အဖြစ်သတ်မှတ်ပေးနေပါပြီ(၁ပေ၂:၉)။ဒီထဲမှနေပြီးအထူးတာဝန်ပေးခံရတဲ့သူဆိုပြီးအချိန်ပြည့်အမှုတော်ဆောင်တွေရှိလာပါတယ်၊ဒီခေါင်းဆောင်တွေမှတဆင့်ကိုးကွယ်မှုကိုဦးဆောင်ပြီးအလိုတော်နဲ့ညီအောင်သွန်သင်လမ်းပြနေကြရတာပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်