စနေ, ဧပြီ 20, 2024

ယနေ့ခေတ်မှာတမန်တော်တွေပရောဖတ်တွေရှိပါသေးသလား?

တမန်တော်နဲ့ပရောဖတ်ဆိုတာအသင်းတော်ရဲ့တိုက်မြစ်ဖြစ်ပါတယ်၊ခရစ်တော်ကသူတို့အားဖြင့်အသင်းတော်စတည်လာစေတာပါ(ဧဖက်၂:၂၀)။ဒီတိုက်မြစ်ပေါ်မှာယနေ့အသင်းတော်ယုံကြည်သူတွေထပ်ဆင့်ပြီးတည်ဆောက်တာဖြစ်ပါတယ်၊တနည်းအားဖြင့်အမြစ်ကိုအမြစ်ပေါ်ထပ်မဆင့်တော့ပါဘူး၊အမြစ်တည်ထားပြီးခဲ့ပါပြီ၊ဒီအမြစ်ပေါ်သာသနာပြု ၊ သင်းအုပ်၊ဆရာတွေထပ်ဆင့်ဖို့သာဖြစ်ပါတယ်(ဧဖက်၄:၁၁-၁၂)။အကယ်၍ဒီနေ့ခေတ်မှာပရောဖက်တွေတမန်တော်တွေရှိနေသေးတယ်ဆိုရင်ကျမ်းစာထဲကတိုက်မြစ်မဟုတ်ဘဲအခြားသောတိုက်မြစ်ဖြစ်ပါလိမ့်မည်။

ပရောဖတ်ဆိုတာဘုရားသခင်ကလူတွေကိုပြောရမဲ့စကားကိုတဆင့်ခံပြောရသူပါ။ဒါကြောင့်ဓမ္မသစ်ခေတ်ကာလအထိပြည့်စုံတဲ့ဓမ္မသစ်ကျမ်းမရှိသေးတဲ့အတွက်ပရောဖက်အားဖြင့်စကားပြောတာရှိပါမယ်၊ဒါပေမဲ့ဘုရားသခင်ကလူတွေကိုပြောမဲ့စကားအားလုံးဟာသမ္မာကျမ်းစာမှာပြည့်စုံသွားတဲ့အခါပရောဖက်သီးသန့်မလိုအပ်တော့ပါဘူး၊တနည်းအားဖြင့်ကျမ်းစာကိုဟောကြားသူတိုင်းပရောဖက်အလုပ်လုပ်သူတွေဖြစ်သွားပါပြီ။ဘာကြောင့်လဲဆိုတော့ပရောဖက်အလုပ်ကဘုရားစကားကိုတဆင့်ခံပြန်ပြောသူမို့ပါ။အကယ်၍ဒီနေ့ခေတ်မှာပရောဖက်ပါဆိုပြီးဘုရားငါ့ကိုစကားဒီလိုလာပြောတယ်ဆိုလာရင်တော့ဒါဟာကျမ်းစာမပြည့်စုံသေးလို့ဘုရားကပြောစရာထပ်ရှိသေးတယ်၊ကျမ်းစာထပ်တိုးရေးရမယ်ဆိုတဲ့ပုံစံဖြစ်နေပါလိမ့်မည်။

ရှင်းရှင်းပြောရရင်၊ယနေ့ခေတ်မှာတမန်တော်နဲ့ပရောဖတ်ဆိုတဲ့အရိုက်အရာဟာမရှိတော့ပါဘူး၊ဒါပေမဲ့တမန်တော်ရဲ့အလုပ်နဲ့ပရောဖတ်တွေရဲ့တာဝန်(ဆုကျေးဇူး)တွေတော့ခုခေတ်ယုံကြည်သူတွေအပေါ်မှာရှိနေပါတယ်။၁ကော၁၄:၃၈မှာ” ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့။ “ လို့သွန်သင်ထားခြင်းဟာမူရင်းအဓိပ္ပာယ်ကဘုရားစကားကိုဟောပြောသောသူဖြစ်ဖို့အလိုရှိကြပါလို့ပြောခြင်းဖြစ်ပါတယ်။ဒါဟာအရိုက်အရာမဟုတ်ဘဲတရားဟောဖို့ဆုကျေးဇူးသာဖြစ်ပါတယ်။ဒါကြောင့်နူတ်ကပတ်တော်အခြေခံတဲ့ပရောဖတ်ညာဏ်နဲ့ဟောပြောသူတိုင်းကိုလက်ခံသင့်ပါတယ်၊နူတ်ကပတ်တော်ထဲကမဟုတ်ဘဲပြောလာရင်(မည်သူမဆို)ကျိန်ခြင်းခံထိုက်ပါပေတယ်(ဂလာတိ၁:၉)။ဘာလို့လဲဆိုတော့ဘုရားပြောမဲ့စကားကနုတ်ကပတ်တော်မှာပြည့်စုံနေလို့ပါ။ဒါကြောင့်ကျမ်းစာရှိလျက်နဲ့ကျမ်းစာမဖတ်၊မနားထောင်ဘဲဘုရားစကားကြားချင်တယ်ဆိုရင်မဖြစ်နိုင်ပါဘူး။တနည်းအားဖြင့်ကျမ်းတတ်ပြီးဘုရားကိုမသိတဲ့လူကအယူလွဲသလို၊ဘုရားကိုသိပြီးကျမ်းစာမဖတ်တဲ့လူလဲပိုလွဲမှာပါ။

သမ္မာကျမ်းစာကဘုရားစကားဆိုတာငြင်းစရာမရှိပါ၊ဒါပေမဲ့ဘုရားသခင်ကသမ္မာကျမ်းစာထဲကမဟုတ်ဘဲအသစ်တခုဖွင့်ပြတယ်ဆိုတာကဘုရားစကားလားဆိုတာလက်ခံရခက်ပါတယ်၊ယခုခေတ်မှာဘုရားပြောတယ်ဖွင့်ပြတယ်ဆိုပြီးကျမ်းစာမဖတ်ဘဲပြောနေသူအများကြီးဆိုတော့သမ္မာသတိတော့ထားသင့်ပါတယ်။ပိုဆိုးတာကပရောဖတ်နာမည်ခံတမန်တော်နာမည်ခံတွေအများကြီတွေ့နေရတဲ့ခေတ်မို့ပိုသတိထားပါ။ဆိုတော့မည်သူမည်ဝါယူပါရုံအိမ်မက်ရပါစေကျမ်းစာနဲ့ကိုက်ညီမှုရှိရပါမယ်၊ဒါဆိုလက်ခံလို့ရပါတယ်။ကျမ်းစာမှာမပါဘဲအလင်းတွေ့တိုင်းဘုရားဖွင့်ပြတယ်လို့လဲတထစ်ချမခံယူသင့်ပါ။စာတန်တောင်လင်းသောကောင်းကင်တမန်ဟန်ဆောင်တတ်တာမမေ့ပါနဲ့(၁ကော၁၁:၁၄)။ယနေ့ခေတ်မှာယုံကြည်သူတွေအတွက်အတုအစစ်ခွဲခြားဖို့ကကျမ်းစာအုပ်အအားဖြင့်ဝိညာဉ်တော်ဖွင့်ပြမှုသာဖြစ်ပါတယ်(၁ကော၄:၆)။ဒါကြောင့်ကျမ်းစာနဲ့မကိုက်ဘဲအသစ်တွေမကြားဘူးတာတွေဆိုရင်တော့သတိထားကြပါလို့သတိပေးတိုက်တွန်းလိုက်ရပါတယ်။

၁ယော ၄:၁ ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။

၁သက် ၅:၂၁ ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်