စနေ, ဧပြီ 20, 2024

ယေရှုခရစ်တော်နှင့်ပုံတော်သတိထားစရာ

ယေရှုခရစ်တော်ရဲ့သရုပ်ဖော်ပုံအိမ်မှာချိတ်တာအမြင်မှန်ဖို့လိုပါတယ်။မချိတ်ရဘူးလို့အတင်းပြောနေခြင်းမဟုတ်ပါ။ဒါကဘုရားမဟုတ်ဘူးပုံဆောင်သရုပ်ဖော်ထားလို့ချိတ်ခြင်းသာဖြစ်တယ်။ဥပမာယေရှုသက်တော်စဉ်ဇာတ်ကားလိုပါ၊မကြည့်ရတော့ဘူးလား?အိမ်မှာမထားရတော့ဘူးလား?မဟုတ်ပါ၊ဒါဟာသရုပ်ဆောင်သာဖြစ်တယ်ဘုရားမဟုတ်ဘူးဆိုတာနားလည်ဖို့သာလိုပါတယ်။
 
ပုံဆောင်ခြင်းတခု၊သရုပ်ဖော်ခြင်းတခုသာဖြစ်ကြောင်းလက်ခံထားရင်ကိုယ့်အိမ်နံရံမှာဒီသရုပ်ဖော်တဲ့ပုံကပ်ထားလဲဘာမှမဖြစ်ပါဘူး။ဒီလိုသရုပ်ဖော်ထားခြင်းအားဖြင့်တချိန်ကယေရှုပေးဆပ်ခဲ့ခြင်းကိုပိုမြင်သာစေပါတယ်။ဥပမာလက်ဝါးကပ်တိုင်ပုံတွေ၊အရုပ်တွေ၊တိ်ုင်တွေလုပ်ခြင်း၊ကပ်ထားခြင်း၊လည်ဆွဲထားခြင်းတိုင်းကလက်ဝါးကပ်တိ်ုင်ကိုကိုးကွယ်နေတာမဟုတ်ပါ၊ကားတိုင်ကိုတွေ့တိုင်းယေရှုကျွန်တော်တို့အတွက်အသေခံခြင်းကိုအမြဲအမှတ်ရနေစေခြင်းဖြစ်လို့ပါ။ဒီပုံအနက်ကိုမသိဘဲအကယ်၍လက်ဝါးကားတိုင်ကိုကိုးကွယ်နေရင်ဒါလဲရုပ်တုဆင်းတုပါဘဲ။နောက်ပြီးဧဝံဂေလိတရားပွဲတွေမှာလဲတခါတလေယုံကြည်သူတွေကိုယ်တိုင်ယေရှုအဖြစ်သရုပ်ဖော်ပြကြတာပါဘဲ၊ယေရှုအစစ်မဟုတ်လို့ဆိုရင်ပုံမဖော်ရတော့ဘူးလား?ဒီပြဇာတ်လုပ်ခဲ့တာကိုဓာတ်ပုံမရိုက်ရတော့ဘူးလား?ဒီသရုပ်ဖော်ထားတဲ့ဓာတ်ပုံတွေကိုအိမ်မှာကပ်ရင်ဘာပြသနာရှိလဲ?မရှိပါ။ခံယူချက်သာအဓိကဖြစ်ပါတယ်။ဒီပုံကပ်ထားလို့လဲဘယ်သူမှနတ်ဆိုးကြီးပုံပါလို့လာပြောမှာမဟုတ်ပါဘူး(ပေါက်ကရပရောဖတ်ကလွဲလို့ပေါ့)။
 
ဆိုတော့အိမ်မှာကပ်လို့ရတယ်ဒါပေမဲ့ပုံကိုတော့ဘုရားပါလို့လုံးဝလုံးဝမခံယူမိပါစေနဲ့။ပုံတွေရုပ်တုတွေသရုပ်ဖော်ထားတဲ့အရာတွေကတန်ခိုးမရှိလို့သင့်ကိုမကယ်နိ်ုင်ဘူး၊ဒါဟာသရုပ်ဖော်တဲ့ပုံဆိုတာသိပြီးဆင်ခြင်သတိရဖို့ကပ်ထားလဲဘာမှမဖြစ်ဘူး။မကိုးကွယ်ရင်okပြီ။
 
ဒါကြောင့်အစွန်းရောက်၂မျိုးမှာမပါမိစေနဲ့
၁။ယေရှုသရုပ်ဖော်ပုံကစာတန်နတ်ဆိုးပါ၊အိမ်မှာမထားနဲ့မီးရှို့လိုက်ပြောသူကအစွန်းရောက်တမျိုး။
၂။ယေရှုသရုပ်ဖော်ပုံနဲ့ရုပ်တုကိုယေရှုဘဲဆိုပြီးကိုးကွယ်ရှိခိုးနေတဲ့သူတွေလဲအစွန်းရောက်ပါဘဲ။
 
ထွက်မြောက်ရာကျမ်း၂၀:၄-၅

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်