စနေ, ဧပြီ 20, 2024

ယေရှုထက်ကြီးမားတဲ့အမှုပြုကြရမယ်တဲ့လား?

၁။အရပ်ပု‌နေတဲ့ဇက္ခဲကိုယေရှုတောင်အရပ်ရှည်အောင်မလုပ်ပေးခဲ့ပေမယ့်၊ယနေ့တရားဟောဆရာတချို့ကယေရှုထက်ကြီးမားတဲ့အလုပ်လုပ်ရမယ်ဆိုပြီးလူပုတွေကိုအရပ်ရှည်စေနေလေရဲ့။ဧဝံဂေလိအတွက်ဘာအကျိုးဖြစ်နေလဲ?

၂။ကာနမင်္ဂလာဆောင်မှာအရေးကြီးလိုအပ်မှု‌ကြောင့်ရေကိုစပျစ်ရေအဖြစ်ပြောင်းလဲပေးခဲ့တာယေရှုပါ။ယနေ့တရားဟောဆရာတချို့ကတော့အားနေတာလားမသိ၊ယေရှုထက်ကြီးမားတဲ့အမှုပြုမယ်ဆိုပြီး(စပျစ်ရည်‌ဝယ်သောက်လို့ရရက်သားနဲ့)ရေကိုစပျစ်ရည်အဖြစ်ပြောင်းကစားနေလေရဲ့။ဧဝံဂေလိအတွက်ဘာအကျိုးဖြစ်နေလဲ?

၃။လူတွေမပြုနိုင်တဲ့အရာကိုအံ့သြဖွယ်ဖြစ်စေခဲ့တာယေရှုပါ။ဒါပေမယ့်ယနေ့တရားဟောဆရာတချို့ကယေရှုကိုအာလာဒင်မီးခွက်လိုခိုင်းစားနေပြီ၊ဖုန်းအားကုန်တာပါဝါဘန့်နဲ့ပလပ်ပေါက်မှာအားသွင်းလို့ရရက်သားနဲ့ယေရှုနာမအလွဲသုံးစားပြီးဓာတ်ခဲအားပြည့်လာဖို့နိမိတ်လုပ်နေကြလေရဲ့။ဧဝံဂေလိအတွက်ဘာအကျိုးဖြစ်နေလဲ?

၄။‌ရွှေငွေကောင်းကြီးပေးပိုင်တာယေရှုဘုရားပါ။ဒါပေမယ့်ယနေ့တရားဟောဆရာတချို့ဟာလူကိုအလုပ်မကြိုးစားစေချင်ကြဘဲ‌ဆုဘဲထိုင်တောင်းပြီးပိုက်ဆံအိတ်နဲ့ဘဏ်ကဒ်ထဲမှာငွေတိုးလာမယ်ဆိုပြီးငွေပွားပြနေကြလေရဲ့။ဧဝံဂေလိအတွက်ဘာအကျိုးဖြစ်နေလဲ?

၅။ယေရှုရဲ့ကုသပေးမှုက၁၀၀%အပြည့်ကျန်းမာစေခဲ့တာပါ။ဒါပေမယ့်ယနေ့တရားဟောဆရာတချို့ကတော့သူတို့ဆု‌တောင်းပေးလိုက်လို့(လူနာတော့အကုန်မသက်သာဘဲ)လူနာအံ့ဖွယ်သက်တာလာတယ်ဆိုပြီးဝန်ခံခိုင်းနေလေရဲ့။ဧဝံဂေလိအတွက်ဘာအကျိုးဖြစ်နေလဲ?

ဒါကိုအဟုတ်ကြီးအာမင်ပေးတဲ့ယုံကြည်သူတွေရှိနေတာမို့ဒီလိုဆရာတွေရှိနေတာမဆန်းပါဘူး။ဂျင်းထည့်ခံနေရတာကိုမေတ္တာနဲ့သတိပေးတာတောင်ဆရာထိဓားကြည့်ဖြစ်နေတဲ့သူလဲမနည်းဘူး။ဝိညာဥ်တော်အားဖြင့်လမ်းမှားနေတဲ့ယုံကြည်သူတွေအတွက်သတိပေးစကားတခွန်းလေးဖြစ်ခဲ့ရင်အမုန်းခံပြီးသတိ‌‌ပေးရတာတန်ပါတယ်။ဒီလိုဆရာတွေကိုသတိထားပါ။“ယေရှုထက်ကြီးမားတဲ့အမှုပြုမယ်”ဆိုတာဧဝံဂေလိပျံ့နှံ့သွားခြင်းကိုဆိုလိုတယ်ကွယ်၊အကျိုးမရှိတဲ့မျက်လှည့်လုပ်ပြခိုင်းနေတာမဟုတ်ဘူး။ 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်