စနေ, ဧပြီ 20, 2024

ယေရှုသင့်ကိုချစ်ကြောင်းသက်သေ(၁၀)ချက်

( ဟေရှာ 7:14 ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။)ကမ္ဘာဦးကျမ်း3:21၊၁ပေ၁:၂။

၂။သင့်ကိုချစ်လို့သင့်ကိုကယ်တင်ဖို့ဘုရားကနေလူ့ဇာတိခံယူပြီးနွားစာခွက်မှာမွေးဖွားခဲ့ပါတယ်။

(ရှင်လုကာ2:11‭-16ယနေ့တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သောသူ​ငယ်​ကို​လည်း​ကောင်းတွေ့​ကြ၏။)မာကု၂:၁-၁၁။

၃။သင့်ကိုချစ်လို့လောကမှာ၃၃နှစ်ခွဲနေထိုင်စံပြခဲ့ပါတယ်။

(ရှင်မဿဲခရစ်ဝင်8:20 ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။)လုကာ၃:၂၃။

၄။သင့်ကိုချစ်လို့လူတွေကိုကုသပေးခဲ့ပြီးယခုသင့်ကိုလည်းကုသနိုင်ကြောင်းဖော်ပြပေးခဲ့ပါတယ်။

(တမန်တော်ဝတ္ထု2:22ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍…)

၅။သင့်ကိုချစ်လို့သင့်အပြစ်အတွက်ကိုယ်စားပြုစီရင်ခံ‌ပေးခဲ့ပါတယ်။

(ဟေရှာယအနာဂတ္တိကျမ်း 53:5 ထိုသူသည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။)တမန်၈:၃၃၊၁ပေ၃:၁၈။

၆။သင့်ကိုချစ်လို့သင့်ခံရမယ့်အပြစ်အတွက်လက်ဝါးကပ်တိုင်မှာအသေခံပေးဆပ်ခဲ့ပါတယ်။

(၁ပေ2:24 ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက်ရှိကြ၏။)မဿဲ၂၇:၂၆-၃၈၊‌ေရာမ၅:၆-၈)။

၇။သင့်ကိုချစ်လို့သင်မသိဘဲလုပ်ခဲ့သမျှကိုခွင့်လွတ်ပေးခဲ့ပါတယ်။

(ရှင်လုကာခရစ်ဝင် 23:34ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။)ဆာလံ၂၂:၁၄-၁၈၊ဧဖက်၁:၇။

၈။သင့်ကိုချစ်လို့သင်အကြောက်ဆုံးဖြစ်တဲ့သေခြင်းတရားကိုအောင်မြင်‌စေခဲ့တယ်။

(ရောမဩဝါဒစာ8:11 ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။)မကု၁၆:၉၊၁ကော၁၅:၃။

၉။သင့်ကိုချစ်လို့သင်ထာဝရနေထိုင်ဖို့ကောင်းကင်ရွှေပြည်ကိုပြင်ဆင်ထားပေးတယ်။

(ရှင်ယောဟန်ခရစ်ဝင် 14:1‭-‬3ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။)

၁၀။သင့်ကိုချစ်လို့သူနဲ့အတူကောင်းကင်ရွှေပြည်မှာနေဖို့သူလာခေါ်မယ်လို့ကတိပေးခဲ့တယ်။

(ရှင်ယောဟန်ခရစ်ဝင် 14:3ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။)ဗျာဒိတ်၇:၁၆၊၂၁:၄၊ ဟေရှာ၆၆:၁၂-၁၃)
ယေရှုသင့်ကိုချစ်တယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်