စနေ, ဧပြီ 20, 2024

ယေရှုအမှန်ထမြောက်ခဲ့ကြောင်းသက်သေ(၇)ချက်

၁။သမ္မာဟောင်းကကြိုတင်ဟောထားခြင်း

ယေရှုလူ့ဇာတိမခံခင်နှစ်‌ ပေါင်းထောင်ချီကတည်းကသမ္မာဟောင်းကျမ်းမှာယေရှုဘယ်မှာမွေးရမယ်၊ဘယ်မှာကြီးပြင်းရမယ်၊ဘယ်လိုတရား‌ဟောပြီးဘယ်လိုဖမ်းဆီးနှိပ်စက်ခံရမယ်၊နောက်ဆုံးဘယ်လိုသေပြီးဘယ်လိုရှင်ပြန်ထမြောက်ရမယ်ဆိုတာအတိကျကြိုတင်ဖော်ပြပြီးသားဖြစ်ပါတယ်။ဒါဟာအင်မတန်အံ့ဩစရာကောင်းပြီးခိုင်လုံတဲ့ပထမသက်သေတခုပါ(ဆာလံ 16:10‭-‬11 ၊ဟေရှာယ53:10 )။

၂။ယေရှုကိုယ်တိုင်မသေခင်သုံးကြိမ်ကြိုဟောခြင်း

သခင်ယေရှုလူ့ဇာတိခံယူပြီးတရားစဟောတဲ့အခါတပည့်တော်၁၂ယောက်ကိုရွေးကောက်ခဲ့ပါတယ်။သူတို့ကို၃နှစ်လောက်သင်တန်းပေးပြီးတာဝန်ကိုယ်စီပေးအပ်ခဲ့ပါတယ်။သခင်ယေရှုရဲ့သွန်သင်မှုထဲမှာ၊သူလူ‌တွေအတွက်အသေမခံခင်၊သူဘယ်လိုသေပြီးဘယ်လိုပြန်ရှင်လာမယ်ဆိုတဲ့အကြောင်းတပည့်‌တော်တွေကိုသုံးကြိမ်ကြိုတင်ပြောပြခဲ့ပါတယ်။(၁။ရှင်မဿဲခရစ် ဝင်16:21 ၊၂။ရှင်မဿဲခရစ်ဝင် 17:23 ၊၃။ရှင်မဿဲခရစ်ဝင်20:19)။

၃။‌ယေရှုနောက်လိုက်များကိုယ်တွေ့မြင်ခဲ့ခြင်း

သခင်ယေရှုသေပြီးရှင်ပြန်ထမြောက်တာကိုပထမဆုံးကိုယ်တွေ့
မြင်ခဲ့သူတွေကတော့မာဂဒလမာရိနဲ့အခြားအမျိုးသမီးအချို့ဘဲဖြစ်ပါတယ်။(ရှင်မဿဲခရစ်ဝင်၂၈:၁-၁၀)။ပြီးနောက်တပည့်တော်‌‌၁၂ ယောက်အပါအဝင်လူပေါင်း၅၀၀လောက်(ရှင်ပေါလုအပါအဝင်)ကရှင်ပြန်ထ‌ မြောက်တဲ့သခင်ယေရှုကိုကိုယ်တွေ့မြင်ခဲ့ကြရကြောင်းကျမ်းစာကမှတ်သားထားပါတယ်။(ကောရိန္သုဩဝါဒစာပထမစောင်၁၅:၅-၆)။

၄။မယုံကြည်သူသင်္ချိုင်းစောင့်စစ်သားများမြင်ခဲ့ခြင်း

ရှင်မဿဲခရစ်ဝင်၂၈:၁၁မှာ“လူ​စောင့်​အ​ချို့​တို့​သည် မြို့​ထဲ​သို့​ဝင်၍ ဖြစ်​လေ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​အား ပြန်​ကြား​ကြ၏။”လို့ဆိုထားပါတယ်။သဘောကတော့ခရစ်‌တော်ကိုမယုံတဲ့ဘာသာ ရေးခေါင်းဆောင်‌တွေဟာခရစ်‌တော်‌ သေပြီးပြန်ရှင်လာမယ်ဆိုတာကြိုတင်ကြားထားတဲ့အတွက်(သူ့တပည့်တွေအလောင်းလာခိုးပြီးလိမ်ဇာတ်ခင်းမှာစိုးလို့)အစောင့်တွေနဲ့သင်္ချိုင်းဘေးမှာတင်းတင်းကျပ်ကျပ်ချထားခဲ့တာပါ။ဒီလိုချထားခဲ့လို့လဲ‌ ယေရှုကိုမယုံတဲ့သူတွေ‌ ယေရှုရှင်ပြန်ထမြောက်တာကိုကိုယ့်‌တွေ့မျက်မြင်ခဲ့ရပါတယ်။ဒါကိုမြင်လိုက်တဲ့အ‌ စောင့်တွေကခေါင်းဆောင်တွေဆီသွားပြောပြပေမယ့်သူတို့မယုံခဲ့ကြပါဘူး၊ပိုစိုးတာက‌ ငွေပေးပြီးအ‌လောင်းခိုးသွားပြီလို့သတင်းတုလွင့်ခိုင်းခဲ့တာပါ(ရှင်မဿဲခရစ်ဝင်၂၈:၁၂-၁၃)။

၅။တပည့်တော်များအသက်ပေးသည့်အထိသက်သေထူခြင်း

သမ္မာသစ်ကျမ်းစာကိုကြည့်လိုက်ရင်တမန်တော်တွေဟာ‌ ယေရှုခရစ်ရှင်ပြန်ထမြောက်တာကိုကိုယ်‌ တွေ့မြင်ခဲ့ရလို့ပြန်လည်ဟောပြောသက်‌သေခံကြတာကိုတွေ့ရမှာပါ။သတိပြုမိတာကသူတို့ဟာညင်းပန်းနှိပ်ဆက်တာကိုလုံးဝမကြောက်ကြဘဲ၊နောက်ဆုံးဒီသက်သေခံခြင်းကြောင့်အသက်ပေးခဲ့တဲ့အထိဟောပြောခဲ့ကြတာအံ့သြဖွယ်တွေ့ရမှာပါ။အကယ်၍ယေရှုတကယ်မထမြောက်ခဲ့ရင်(လိမ်ဇာတ်တခုဆိုရင်)သူတို့တွေဟာအသက်ပေးတဲ့ထိဟောပြောကြမှာမဟုတ်သလိုယ‌ နေ့ထိအသက်ပေးပြီးသာသနာပြုသူတွေရှိမှာမဟုတ်ပါ။ယေရှုတကယ်ရှင်ပြန်ထမြောက်ခဲ့လို့ရဲရဲတောက်ဟောခဲ့တာဖြစ်သလိုယနေ့ထိအသက်ပေးဟောသူတပုံကြီးရှိနေတုန်းပါ။(တမန်တော်ဝတ္ထု၅:၄၁၊၇:၆၀၊၈:၁-၄၊၁၁:၁၊ ၁ကော၁၅:၁၄-၁၅)

၆။ယနေ့ထိခရစ်ယာန်အသင်းတော်တည်ရှိကြီးထွားနေခြင်း

ယေရှုရှင်ပြန်ထမြောက်ခဲ့တာယနေ့ဆိုနှစ်ပေါင်း၂၀၀၀‌ ကျော်နေပါပြီ။အကယ်၍ယေရှုရှင်ပြန်မထမြောက်ခဲ့ရင်ယနေ့ကမ္ဘာပေါ်မှာသူ့ကိုကိုးကွယ်မှုအများဆုံးဖြစ်‌နေစရာအကြောင်းမရှိပါဘူး။အသင်းတော်ဆိုတာလဲယနေ့ထိရှင်သန်တိုးတက်လာစရာအကြောင်းမရှိပါဘူး။သမ္မာကျမ်းစာဟာလဲကမ္ဘာပေါ်မှာအရောင်းရဆုံးနဲ့ထုတ်ဝေမှုအများဆုံးဖြစ်နေစရာအကြောင်းမရှိပါဘူး။ဒါ‌ ယေရှုခရစ်တော်အမှန်ရှင်ပြန်ထမြောက်ခဲ့ကြောင်းသက်သေထူနေတာပါဘဲ။(ရှင်မဿဲခရစ်ဝင် 16:18 ၊ရှင်ယောဟန်ခရစ်ဝင်5:39)

၇။ယေရှု၏သင်္ချိုင်းတော်ယခုထိဗလာရှိနေခြင်း

ခရစ်ယာန်ယုံကြည်မှုမှာထူးခြားတာကယ‌နေ့တိုင်ခရစ်တော်ရဲ့သင်္ချိုင်းရှိခဲ့ပေမယ့်သူ့အလောင်းကတော့မရှိပါဘူး။ဒါကိုကိုးကွယ်သူတွေကလဲယနေ့ထိတအံ့တဩတော့မရှိကြပါဘူး။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ဟာရှင်ပြန်ထ မြောက်ခဲ့‌ ကြောင်းသိနေလို့ပါ။ယနေ့ထိအစ္စရေးမှာရှိနေတဲ့ယေရှုရဲ့“အလောင်းမရှိတဲ့သင်္ချိုင်းတော်”ဟာယေရှုရှင်ပြန်ထမြောက်ခဲ့ကြောင်းအကောင်းဆုံးသက်သေပါဘဲ။(‌ရှင်လုကာခရစ် ဝင်24:5‭-‬6 )။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်