စနေ, ဧပြီ 20, 2024

ရှင်ပြန်ထမြောက်ခြင်းပေးသောအရာ(၇)မျိုး

နိဒါန်း

မင်္ဂလာရှိသောရှင်ပြန်ထမြောက်ရာနေ့ပါလို့နူတ်ခွန်းဆက်သလိုက်ပါရစေ။ဟုတ်ပါတယ်၊ဒီနေ့ဟာ‌ယေရှုခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်တဲ့နေ့ မြတ်ပါ။ရှင်ပြန်ထမြောက်ရာနေ့ဟာခရစ်စမတ်လို၁၂လ၂၅ရက်ဆိုပြီးရက်အတိကျသတ်မှတ်ထား‌လေ့မရှိပါဘူး၊နှစ်စဉ်နှစ်တိုင်းရဲ့“၃လပိုင်း၂၂ရက်ကနေ၄လပိုင်း၂၅ရက်ကြားက၊လပြည့်ပြီးနောက်တပတ်ရဲ့တနင်္ဂနွေနေ့”အဖြစ်‌ ရွှေ့လျားနေတာပါ။(အကယ်၍အဲဒီလပြည့်‌ နေ့ကတနင်္ဂနွေကျခဲ့ရင်လာမဲ့အပတ်တနင်္ဂနွေမှရှင်ပြန်ထမြောက်ရာနေ့ကျရောက်မှာဖြစ်ပါတယ်)။‌ ယေရှုရှင်ပြန်ထမြောက်ခြင်းဟာခရစ်ယာန်ယုံကြည်မှုရဲ့ဗဟိုဖြစ်သလို၊အင်မတန်အရေးပါတဲ့အရာဖြစ်ပါတယ်၊ယေရှုသာမထမြောက်ဘဲသေနေခဲ့ရင်ဒီနေ့ကမ္ဘာ‌ ပေါ်မှာတနင်္ဂနွေဝတ်ပြုခြင်းရှိမှာမဟုတ်သလို၊ကျွန်တော်တို့ယုံကြည်နေတာဟာအလကားဖြစ်ပြီး၊တရားကိုဟောကြားနေသူဟာလဲလူလိမ်တွေဘဲဖြစ်နေမှာပါ(၁ကော၁၅;၁၄-၁၅)။ဒါပေမယ့်ယေရှုခရစ်တော်သေပြီးသုံးရက်မြောက်နေ့မှာထမြောက်ခဲ့ပါတယ်၊ဟာလေလုယာ။ဒါဟာဘယ်ကိုးကွယ်မှုမှာမှရှာလို့မ‌ တွေ့နိုင်တံ့အြံ့သဖွယ်တန်ခိုးပါဘဲ။ဒီနေ့ထိအစ္စရေးမှာခရစ်တော်ရဲ့အခေါင်းတော်ဟာသက်သေထူနေပါတယ်။ဒါကိုအဲဒီခေတ်ကလူ တွေနဲ့ယနေ့ထိလူတချို့မယုံကြည်နိုင်သေးပါဘူး၊ဒါကြောင့်လဲမယုံကြည်တဲ့လူတွေယေရှုအလောင်းကိုတစ်ယောက်ယောက်ခိုးသွားတယ်လို့သတင်းတုလွင့်ခိုင်းခဲ့တာယ‌နေ့ထိပါဘဲ(မဿဲ၂၈:၁၃)။ဒါပေမယ့်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားခြင်းဟာသက်သေအထောက်အထားအများကြီးရှိနေပါတယ်၊ဒီထဲအချက်၇ချက်လောက်ပြောပြရရင်၁။သမ္မာဟောင်းကကြိုတင်ဟောထားခြင်း၊၂။ယေရှုကိုယ်တိုင်မသေခင်ကြိုဟောခြင်း၊၃။မာရိနဲ့အချို့အမျိုးသမီးတွေထမြောက်သွားတဲ့ယေရှုကိုမြင်ခဲ့ခြင်း၊၄။ကောင်းကင်တမန်သက်သေခံခြင်း၊၅။သင်္ချိုင်းစောင့်စစ်သားတွေ့ခဲ့ခြင်း၊၆။တပည့်တော်များအသက်ပေးသည့်အထိသက်သေပြခြင်း၊၇။လူပေါင်း၅၀၀လောက်မြင်ခဲ့ရခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာအြံ့သဖွယ်နဲ့ယုံကြည်ထိုက်တဲ့သက်သေတွေတည်နေတာတွေ့ရမှာပါ။ဒီနေ့မှာမြောက်ခြင်းကလူသားတွေအတွက်ဘာထူးဆန်းပြောင်းလဲမှုဖြစ်သွားလဲဆိုတာကိုအချက်၇ချက်နဲ့ဝေငှသွားပါမယ်။

၁။ငိုကြွေးတဲ့စိတ်ကိုကုသပေးခြင်း

“ယေရှုကလည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။- ယေ​ရှု​က​လည်း၊ မာ​ရိ​ဟု​ခေါ်​တော်​မူ​လျှင်၊ မာ​ရိ​သည်​လှည့်၍ ရ​ဗ္ဗု​နိ​ဟု ထူး​လေ၏။ ရ​ဗ္ဗု​နိ​အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။”(ယော 20:15‭-‬16 )။
သင်ယနေ့ငိုကြွေးနေသလားချစ်သောမိတ်ဆွေ၊သင်ဘယ်အတွက်ကြောင့်ဘယ်အရာတွေကြောင့်ဘဲငိုကြွေးနေပါစေ၊ရှင်ပြန်ထမြောက်‌ သောသခင်ဟာသင့်ကိုငိုကြွေးခြင်းမှဝမ်းမြောက်ခြင်းအခွင့်ပေးနိုင်တယ်ဆိုတာယုံကြည်ပါ၊အာမင်။

၂။ယုံကြည်အားနည်းခြင်းကိုမစခြင်း

“နံနက်စာကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။”(ယော21:15)
လူတိုင်းအားနည်းတတ်ကြပါတယ်၊ယုံကြည်သူအပါအဝင်အသက်တာမှာယုံကြည်ခြင်းအားနည်းပြီးမလုပ်သင့်မပြောသင့်မသွားသင့်မကြည့်သင့်မစဉ်းစားသင့်တာတွေလုပ်မိတတ်ပါတယ်၊ဒါပေမယ့်မိတ်ဆွေသင်နောင်တနဲ့ပြန်လာတဲ့အခါရှင်ပြန်ထမြောက်တဲ့ဘုရားကသင့်ကိုပြန်ခွန်အားပေးမစပါလိမ့်မည်။ဟာလေလုယာ။

၃။စိုးရိမ်ခြင်းကိုဖြေပေးခြင်း

“ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊ ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။”(လုကာ24:25‭-‬26)။
ဧမောက်မြို့ကိုသွားတဲ့တပည့်တော်နှစ်ယောက်ဟာသခင်ထမြောက်ကြောင်းကြားသိပေမယ့်စိုးရိမ်နေကြတုန်းပါ၊ယေရှုကသူတို့ရဲ့စိုးရိမ်ခြင်းတွေကိုကင်းအောင်ကိုယ်တိုင်‌အတူပါရှိပေးခဲ့ပါတယ်။ချစ်‌ သောမိတ်ဆွေယနေ့သင်ဘာကိုစိုးရိမ်နေသလဲ?ကိုရိုနာရောဂါလား?စားဝတ်နေရေးလား?ရှင်ပြန်ထမြောက်တဲ့ဘုရားဟာသင်နဲ့အတူပါရှိတယ်ဆိုတာမမေ့ပါနဲ့၊ဘုရားအတူပါရှိရင်အရာရာအဆင်‌‌ ပြေသွားပါလိမ့်မည်။အာမင်။

၄။မယုံသင်ကာ‌သူကိုခိုင်ခံ့စေခြင်း

“ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။- သော​မ​က​လည်း၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ပါ​တ​ကား​ဟု ပြန်၍​လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည်​ငါ့​ကို​မြင်​သော​ကြောင့် ယုံ​ခြင်း​ရှိ၏။ ငါ့​ကို​မ​မြင်​ဘဲ​ယုံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု မိန့်​တော်​မူ၏။”(ယော20:27‭-‬29 )
ယုံကြည်ခြင်းအားနည်းတာထက်မယုံသင်္ကာဖြစ်တာကပိုဆိုးပါတယ်။တပည့်တော်သောမလိုခရစ်တော်နောက်၃နှစ်ကျော်လိုက်ခဲ့ပြီး၊အံ့သြဖွယ်မြင်ခဲ့ရ၊ကြားခဲ့ရပေမယ့်တခါတလေမှာမယုံသင်္ကာဖြစ်နေတတ်ပါတယ်။ကျွန်တော်တို့အသက်တာမှာလဲခရစ်ယာန်ဖြစ်တာနှစ်ချီပြီဆိုပေမယ့်လဲတချို့ကိစ္စကမဖြစ်နိုင်ပါဘူးလို့ဘဲထင်နေတတ်ကြပါတယ်။အသက်တာမှာဒီလိုမယုံသင်္ကာဖြစ်တဲ့အခါမှာလဲရှင်ပြန်‌ထမြောက်တဲ့သခင်နဲ့တွေ့ရင်သင်အကြွင်းမဲ့ယုံကြည်လာပါလိမ့်မည်။အာမင်။

၅။ငြိမ်သက်ချမ်းသာပေးခဲ့ခြင်း

“ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။”(လုကာ 24:36 )။
“ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။”(မဿဲ11:28 )။
“ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။”(ယော14:27 )။
ယေရှုအသေခံပြီးနောက်တပည့်တော်တွေဟာရောမစစ်သားတွေကိုကြောက်ကြလို့တိတ်တိတ်လေးဝတ်ပြုကြပါတယ်၊ဒါကိုယေရှုကလာပြီးသူတို့ကြောက်စိတ်တွေ ငြိမ်သက်ခြင်းရအောင်သူတို့အလယ်မှာဘွားကနဲပေါ်လာပြီး“သင်တို့ပေါ်ငြိမ်သက်ခြင်းရှိပါစေသော်”လို့အဦးဆုံးပြောခဲ့ပါတယ်။မိတ်ဆွေဒီနေ့အသက်ရှင်နေတဲ့အခါလူသားတိုင်းလိုအပ်နေတာချမ်းသာကြွယ်ဝမှုမဟုတ်ပါဘူး၊ငြိမ်သက်ခြင်းနဲ့စိတ်ချမ်းသာခြင်းပါ။ဒါဟာရှင်ပြန်ထမြောက်တဲ့ဘုရားဆီမှာဘဲရှိနေပါတယ်၊သူဆီလာပါလို့ခေါ်နေပါတယ်၊သင်ငြိမ်သက်ချမ်းသာရပါလိမ့်မည်။ဟာလေလုယာ။

၆။သေခြင်းတရား(အပြစ်)ကိုအောင်မြင်စေခြင်း

“ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊- သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။”(ဟေဗြဲ2:14‭-‬15 ။
လောကလူသားတိုင်းကြောက်နေရတဲ့အရာဟာအပြစ်နဲ့ဆင်းရဲဒုက္ခပြီးရင်၊သေခင်းတရားပါဘဲမိတ်‌ဆွေ၊ဒီအရာတွေကိုသခင်ယေရှုခရစ်ကကားတိုင်ပေါ်မှာလူသားအားလုံးအတွက်အောင်မြင်ခြင်းပေးခဲ့ပါပြီ၊ချစ်‌သောမိတ်‌ဆွေ၊ဒီနေ့ရှင်ပြန်ထ‌ေမြာက်တဲ့ယေရှုကိုယုံကြည်လက်ခံသူတိုင်းအပြစ်လွတ်ခြင်း၊ဆင်းရဲဒုက္ခနဲ့သေခြင်းတရားကိုအောင်မြင်မှာဖြစ်ပါတယ်၊ဟာလေလုယာ။

၇။ထာဝရအသက်ကိုရစေခြင်း

“ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။”(ယော 11:25 )။
“ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။”(၁ကော15:20 )။
ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်လူတွေအားလုံးအတွက်မဟာမျှော်လင်ချက်တခုပေးခဲ့ပါပြီ၊အဲတာကတော့ယုံကြည်သူတိုင်းအတွက်ထာဝရအသက်ရမှာဖြစ်ပါတယ်မိတ်ဆွေ၊သင့်တမန်လွန်မှာထာဝရကောင်းကင်နိုင်ငံဝင်စားဖို့အတွက်လမ်းခင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ယခုဘဲရှင်ပြန်ထ‌ မြောက်တဲ့ယေရှုကိုယုံကြည်လက်ခံလိုက်ပါ။အာမင်။

နိဂုံး

ဒီနေ့ဟောသွားတဲ့“ရှင်ပြန်ထမြောက်ခြင်းမှပေးသောပြောင်းလဲခြင်း၇မျိုး”ဟာသင့်အသက်တာထဲမှာခံစားနေရပြီလားမိတ်ဆွေ?
၁။ငိုကြွေးနေတဲ့အခါမျိုးမှာသင်ဝမ်းမြောက်မှုကိုမရသေးရင်၊
၂။ယုံကြည်ခြင်းအားနည်းတဲ့အခါသင်မစခြင်းတွေမခံစားရသေးရင်
၃။၇ောဂါအခြေနေကြောင့်စိုးရိမ်နေ‌ သေးရင်၊
၄။မယုံသင်ကာဖြစ်နေသေးရင်၊၅။ငြိမ်သက်ခြင်းစိတ်ချမ်းသာခြင်းမရရှိသေးရင်၊
၆။သေခြင်းတရား(အပြစ်)ကို‌ကြောက်နေသေးရင်၊
၇။ထာဝရအသက်မ‌ သေချာသေးရင်…
မိတ်ဆွေ၊ယနေ့‌ ယေရှုခရစ်တော်ဘုရားရဲ့ရှင်ပြန်ထမြောက်‌ခြင်းတန်ခိုးကိုအကြွင်းမဲ့ယံုကြည်လက်ခံလိုက်ပါ။အခုဘဲဒူး‌ ထောက်ဆုတောင်းအသနားခံလိုက်ပါ။သင့်အသက်တာမှာဒီအံ့သြဖွယ်ပြောင်းလဲမှု၇မျိုးဟာယခုဘဲသက်ရောက်လာပါလိမ့်မည်။ဖတ်ရှုသူအားလုံးပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်