စနေ, ဧပြီ 20, 2024

လက်ခုပ်သံနဲ့ဘုရားကောင်းကြီ

ရှင်မဿဲခရစ်ဝင် 6:2‭-‬4 ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။- သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။- မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။

အလှူပေးတာကိုလူရှေ့သူရှေ့ချပြချင်ရင်လက်ခုပ်သံဘဲရမယ်။အဲဒါကျမ်းစာကပြောတဲ့“ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ”ဆိုတဲ့အဓိပ္ပာယ်ဘဲ။ငရဲကျလောက်တဲ့အပြစ်တော့မရှိပေမယ့်၊ကျမ်းစာထဲကပြောတဲ့အလှူတော့မဟုတ်မှန်းသိသာသွားမယ်။‌ ပေါ်ပင်လုပ်တာကိုဘုရားမမြင်ဘူးလို့ဆိုလိုတာမဟုတ်ဘူး၊တမင်မကြည့်ချင်တာဘုရားက။ မပေါ်မလွင်ပေးလှူရင်၊လူတွေမသိကြပေမယ့်၊လက်ခုပ်သံနဲ့နာမည်ကောင်းမရပေမယ့်၊ဘုရားရဲ့ကောင်းကြီးအပြည့်ရမယ်။ဒါဟာကျမ်းစာထဲက“မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။”ဆိုတဲ့အဓိပ္ပာယ်ဘဲ။ အလှူပေးတိုင်း သင်သူများရဲ့ချီးမွမ်းတဲ့လက်ခုပ်သံယူမလား?ဘုရားကောင်းကြီးယူမလား?လူမြင်ဖို့ဘဲလုပ်မလား?ဘုရားမြင်ဖို့လုပ်မလား? သင်ကိုယ်တိုင်ရွှေးချယ်နိုင်ပါတယ်။

မှတ်ချက်။ တချို့တဆင့်ခံပေးလှူရတဲ့အခြေနေမျိုးမှာပုံရိုက်မှတ်တမ်းတင်ဖို့ရှိနိုင်ပါတယ်။‌ပေါ်ပင်ဝါကြွားဖို့တော့မဟုတ်ပါ။အဓိကတော့လူရှေ့ချပြချင်တဲ့စိတ်နဲ့လက်ခုပ်သံလိုချင်တဲ့စိတ်ကိုသတိပေးတာပါ။ပေးလှူခံရသူက ကျေးဇူးတင်ကြောင်းပုံတွေဖော်ပြလာရင်တောင်ဘုရားကိုဘဲကျေးဇူးတင်ဖို့ပြောပေးသင့်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်