စနေ, ဧပြီ 20, 2024

လူငယ်တွေအတွက်ဘုရားစကား၇ခွန်း

၁။အချိန်ရှိတုန်းဖန်ဆင်းရှင်ကိုအောက်မေ့ပါ။

(ဒေသနာကျမ်း12:1 ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။) လူ့အနေနဲ့ခံယူထားတာကငယ်ရွယ်တဲ့အချိန်ပညာရှာ၊ကြီးလာရင်စီးပွားရှာပြီးအိုလာမှဘုရားတရားရှာတာပါ။ဒါ‌ပေမယ့်သမ္မာကျမ်းစာမှာတော့ငယ်ဘဝကစသေတဲ့အထိဘုရားကိုရှာခိုင်းပါတယ်၊အထူးသဖြင့်အသက်ပျိုတဲ့အခါဘုရားတရားလိုက်စားဖို့သာ၍တိုက်သွန်းထားပါတယ်။ယ‌နေ့ဘုရားမဲ့ဝါဒနဲ့ဆင့်ကဲဖြစ်တည်ခြင်းအယူဝါဒတွေကြီးစိုးတဲ့ခေတ်ကာလမှာ၊လူငယ်တွေအနေနဲ့ဖန်ဆင်းရှင်ကိုမယုံသင်္ကာဖြစ်ပြီးဘာကိုယုံရမလဲမသိစိတ်ထဲ‌ဟောင်းလောင်းကြီးဖြစ်နေတတ်ပါတယ်။ လောကကြီးကိုစိတ်ပျက်လာတဲ့အခါသင့်ကိုဖန်ဆင်းတဲ့ဘုရားရှိကြောင်း(ကျမ်းစာဖတ်ခြင်း၊နှလုံးသွင်းဆင်ခြင်ခြင်း၊အမှု‌ တော်ကိုဦးစား ပေးခြင်းကနေ)သေချာအောက်မေ့ဖို့လိုပါတယ်။ဒါမှအသက်ရှင်ရတာအဓိပ္ပာယ်ရှိလာမှာပါ။

၂။ညာဏ်ပညာရဲ့အမြစ်ဟာဘုရားဆိုတာသိပါ။

(သုတ္တံကျမ်း9:10 ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​မူ​လ​အ​မြစ်​ဖြစ်၏။သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို သိ​ကျွမ်း​သော​သ​ဘော​သည် ဉာဏ်​ဖြစ်၏။) ‌ခေတ်လူငယ်တွေအနေနဲ့ လောကရဲ့ပညာကိုအထူးအလေးထားကြပါတယ်၊ဒါအင်မတန်‌ ကောင်းပါတယ်။ဒါပေမယ့်ကျွန်တော်တို့လူငယ်တွေနေ့နေ့ညညလိုက်စားနေတဲ့ဒီညာဏ်ပညာရဲ့အချုပ်အချာ(အမြစ်)ဟာဘုရားသခင်ဖြစ်တယ်ဆိုတာမမေ့ပါနှင့်။ဘုရားကိုသိကျွမ်းပြီးကြောက်ရွံ့တတ်သူသာလျှင်ဘုရားအမြင်မှာစစ်မှန်သောပညာရှိဖြစ်ပါတယ်။

၃။တပ်မတ်တဲ့ကိလေသာစိတ်ရှောင်ပြီးဘုရားဝတ်ပြုသူနဲ့ရှာပေါင်းပါ။

(တိမောသေဩဝါဒစာဒုတိယ စောင်2:22 လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။) လူငယ်လူရွယ်ဖြစ်တဲ့အားလျော်စွာပေါက်ကွဲရလွယ်တယ်၊လိင်မူကိစ္စရဲ့စုံစမ်းမှုမျိုးမှာကျရှုံးလွယ်တယ်၊လိုချင်တာနဲ့စိတ်ကြီးတတ်တယ်။ဒါ‌ ကြောင့်ယုံကြည်သူလူငယ်တွေအနေနဲ့တပ်မတ်ခြင်းစိတ်ကိုရှောင်ရပါမယ်၊‌ ရှောင်တယ်ဆိုတာထိပ်တိုက်မရင်ဆိုင်ဘဲရှောင်ထွက်လာတာပါ၊မရှောင်ဘဲရင်ဆိုင်ရင်အပြစ်သွေးဆောင်မှုထဲပါသွားနိုင်လို့ပါ။ပြီးမှဖြောင့်မတ်ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်းနဲ့စင်​ကြယ်​သော​စိတ်​ရှိပြီးဘုရားဝတ်မှာအမြဲပြုတတ်သူနဲ့အတူ‌ ပေါင်းဖော်ပါလို့သွန်သင်ထားပါတယ်။ကိုယ်ဘယ်သူနဲ့ပေါင်းသင်းနေလည်းဆိုတဲ့အရာဟာ၊ကိုယ်ဘာဖြစ်လာမလဲဆိုတာနဲ့အတော်နီးစပ်နေလို့ပါ။

၄။ပုံသက်သေနဲ့အသက်ရှင်ပါ။

(တိမောသေဩဝါဒစာ ပ ထ မ စောင်4:12 သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။) ယနေ့ယုံကြည်သူလူငယ်တွေအသက်အရွယ်နဲ့ကြည့်ပြီးအဆင့်အတန်းခွဲကြတဲ့ယဥ်‌ ကျေးမှုကြားမှာ၊အသင်းတော်မှာကောအများ‌ရှေ့မှာပါဘုရားဘုန်းမရှုတ်ချမိအောင်၊“ငယ်‌သေးပါတယ်”ဆိုပြီးအထင်သေးမခံရလေအောင်၊ကိုယ့်ရဲ့အပြောအဆိုအပြုအမူ‌ တွေကိုအများ‌ ရှေ့ပုံသက်သေ ကောင်းဖြစ်စေပါ။

၅။မိဘကိုရိုသေပြီးမိသားစုကိုတန်ဖိုးထားပါ။

(တိမောသေဩဝါဒစာပထမစောင်5:8 မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက်သာ၍ ယုတ်​မာ၏။) တချို့သောလူငယ်တွေအနေနဲ့မိဘစကားကိုသိပ်နားမထောင်ချင်ကြပါဘူး၊တချို့ကကိုယ့်အိမ်ကို‌တောင်သိပ်မကပ်ချင်ကြတဲ့လူငယ်တွေရှိပါသေးတယ်။အမှန်‌တော့ကျနော်တို့ယုံကြည်သူလူငယ်တွေအနေနဲ့မိဘကိုရို‌ သေရမှာဖြစ်သလို၊ကိုယ့်မိသားစုကိုတန်ဖိုးထားပြီးပြန်လည်လုပ်‌ေကြွးပြုစုသင့်ပါတယ်။မဟုတ်ရင်ငါကယုံကြည်သူပါလို့ပြောဖို့ တောင်မထိုက်တန်ပါဘူးလို့ကျမ်းစာကဆိုပါတယ်။

၆။ငွေထက်ဘုရားကိုအားကိုးပါ။

(တိမောသေဩဝါဒစာပထမစောင်6:17 ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊) တရုတ်စကားပုံတခုရှိပါတယ်“ငွေကအရာအားလုံးကိုမလုပ်ပေးနိုင်ပေမယ့်၊ငွေမရှိရင်တော့ဘာတခုမှမဖြစ်လာနိုင်ပါဘူး”တဲ့။မှန်ပါတယ်၊ငွေဟာအင်မတန်အရေးကြီးပါတယ်၊ငွေကိုကြိုးစားရှာရပါမယ်၊ဒါပေမယ့်ငွေကိုဘုရားနေရာအစားမထိုးမိသွားဖို့လိုပါတယ်။ငွေကိုလည်းချစ်ပြီးဘုရားကိုချစ်တာမျိုးလုပ်မရပါ၊ငွေက‌ခေတ္တအသက်ရှင်ဖို့လိုအပ်ပေမယ့်၊မမြဲတဲ့အရာဆိုတာနှလုံးသွင်းထားပါ၊ထာဝရမြဲမြံတဲ့ဘုရားသခင်ကိုသာ၍ကိုးစားတတ်ပါ။

၇။အိမ်ထောင်ဖက်ထမ်းပိုးညီပါစေ။

(ကောရိန္သုဩဝါဒစာဒုတိယစောင်6:14 မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။) ယုံကြည်သူလူငယ်တွေကိုအထူးသတိပေးထားချင်တာကမယုံကြည်သူနဲ့အိမ်‌ထောင်ဖက်မရွေးချယ်‌‌ စေချင်ပါ။ဒါကမိမိရဲ့ဘဝ‌သာယာလှပဖို့နဲ့ ကောင်းစားဖို့ကိုဘုရားသခင်ကသတ်မှတ်‌ ပေးထားတာပါ။အကယ်၍နားမထောင်ဘဲဇွတ်လုပ်ခဲ့ရင်ကိုယ်ကဘဲဒုက္ခရောက်သွားနိုင်ပါတယ်။

2 thoughts on “လူငယ်တွေအတွက်ဘုရားစကား၇ခွန်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်