စနေ, ဧပြီ 20, 2024

လူ့ဘဝရဲ့အဖြေ

နိဒါန်း

လူဘယ်ကနေလာသလဲ?လောကကြီးထဲဘာလာလုပ်နေကြတာလဲ?အသက်ရှင်နေရတာဘာကြောင့်လဲ?ဘာကြောင့်သေရတာလဲ?သေရင်ကောဘယ်သွားရမှာလဲ?ဆိုတဲ့မေးခွန်းတွေဟာလူသားတိုင်းမဖြေချင်ပေမယ့်လက်တွေ့ဖြစ်ပျက်နေတဲ့အရာတွေ့မို့ဒီမေးခွန်းတွေရဲ့အဖြေကိုစဉ်းစားဖို့အရေးကြီးပါတယ်။တချို့လူတွေအတွက်ဒီအဖြေကိုရှာရခက်နေနိူင်ပေမယ့်၊သမ္မာကျမ်းစာထဲမှာတော့နှစ်ပေါင်း၂၀၀၀ကျော်ကတည်းကတိကျတဲ့အဖြေတွေပေးထားပြီးသားဖြစ်ပါတယ်မိတ်ဆွေ။ဒါကြောင့်ဒီမေးခွန်းတွေကိုအနည်းငယ်မျှဝေခွန်အားပေးချင်ပါတယ်။

၁။လူဆိုတာဘယ်ကနေလာတာလဲ?

မိတ်ဆွေ” ငါဘယ်ကလာတာလဲ” လို့မိမိကိုယ်မေးခွန်းထုတ်ဖူးပါသလား?လူတချို့ကတော့မိဘကနေမွေးလာတယ်လို့ဖြေကောင်းဖြေပါ့မယ်၊ဒါပေမယ့်ဒါကအရင်းမြစ်မဟုတ်ပါဘူး၊ဒါဆိုရင်ပညာရှင်ဒါဝင်ပြောသလိုမျောက်ကနေလား?ပိုပြီးမဖြစ်နိုင်တော့ပါဘူး၊လူကမျောက်ကနေလာတယ်ဆိုရင်မျောက်တွေကိုသေချာရိုသေသင့်ပါတယ်၊ခုကကိုယ့်ဘိုးဘေးကိုလှောင်အိမ်မှာထားပြီးကခုန်ခိုင်းအလှပြစားခိုင်းနေကြတာမမြင်ကောင်းပါ။ပိုဆိုးတာကမျောက်တကောင်တွေ့ရင်” ဟဲ့ဟိုမှာနင့်အမျိုး” လို့စနောက်တာလူတိုင်းမကြိုက်ကြတာပါဘဲ၊မျောက်ကနေလူဖြစ်လာတာပါလို့ပါးစပ်ကပြောနေကြပေမယ့်အမျိုးတော့မတော်ချင်ကြပါဘူး။မသိစိတ်တခုကငါဟာမျောက်နဲ့ဘာမှမပတ်သက်ဘူးဆိုတာသိနေတာပါ။ဟုတ်ပါတယ်မိတ်ဆွေ၊လူဆိုတာသူ့အလိုလိုဖြစ်တည်လာတာမဟုတ်သလိုမျောက်ကနေလာတာလဲမဟုတ်ပါဘူး၊သမ္မာကျမ်းစာတော်မြတ်ကမ္ဘာဦးကျမ်း၁:၂၇မှာ ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။တိကျစွာဖော်ပြထားပါတယ်။ယနေ့လူဆိုတာဘယ်ကလာသလဲမေးရင်အဖြေကဘုရားသခင်ဖန်ဆင်းထားတယ်ဆိုတာပါဘဲ။

၂။ဘာကြောင့်အသက်ရှင်နေရတာလဲ?

လူဖြစ်လာတာနဲ့ဘယ်ကလာသလဲဆိုတဲ့မေးခွန်းပြီးရင်လောကကြီးထဲငါဘာလာလုပ်တာလဲဆိုတဲ့မေးခွန်းကအရေးကြီးလာပါပြီ၊စားမယ်သောက်မယ်ပျော်မယ်အိပ်မယ်၊အသက်ရှင်နေဖို့အတွက်စားဝတ်နေရေးရုန်းကန်မယ်?ဒါဘဲနေ့စဉ်လည်ပတ်နေတာသေတဲ့ထိဘဲလား?ဒါဆိုလူဖြစ်လာတာနေထိုင်စားသောက်အိပ်စက်ခြင်းဒါလုပ်ဖို့ဘဲလား?ဒါဆိုရင်တိရိစ္ဆာန်တွေနဲ့ထူးမခြားနားပါဘဲ။တကယ်တမ်းတော့ယနေ့လူတိုင်းအသက်ရှင်နေရတာဟာလက်ရှိသေတတ်တဲ့ခန္ဓာကနေလွတ်မြောက်ဖို့ဘုရားပေးတဲ့အခွင့်ရေးအချိန်တခုပါ။ဒီမေးခွန်းကိုဖြေလိူက်တာနဲ့တဆက်ထဲထွက်လာတဲ့မေးခွန်းကလူဆိုတာဘာလို့သေရကြသလဲဆိုတာပါဘဲ။

၃။ဘာကြောင့်သေရတာလဲ?

သမ္မာကျမ်းစာတော်မြတ်ထဲမှာဘုရားသခင်ကလူကိုဖန်ဆင်းပြီးသူနဲ့အတူဧဒင်ဥယျာဉ်မှာထာဝရနေဖို့ရည်ရွယ်ခဲ့ပါတယ်၊အဲဒီချိန်ကလူဟာမသေတတ်သေးပါဘူး၊ဒါပေမယ့်လူတွေစကားနားမထောင်ဘဲအပြစ်လုပ်ခဲ့လို့ဘိုးဘေးအာဒံဧဝကနေသေခြင်း၃မျိုးလူတိုင်းပေါ်သက်ရောက်လာခဲ့ပါတယ်။၁-ဘုရားသခင်နဲ့ဝေးကွာရတဲ့သေခြင်း၊၂-ခန္ဓာသေခြင်းနဲ့၊၃-ငရဲမီးအိုင်မှာဝိဉာဉ်ထာဝရသေခြင်းဆိုတဲ့အရာလူတိုင်းရင်ဆိုင်လာကြရပါတယ်၊နဂိုအသက်ရှင်နေရခြင်းကထာဝရပျော်ရွှင်ခြင်းဖြစ်ပေမယ့်၊အပြစ်ကြောင့်သေဖို့အသက်ရှင်နေရကြတယ်။ဒါကြောင့်ဟေဗြဲ၉:၂၇မှာ” လူသည်တခါတည်းသေ၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရတယ်” ဆိုပါတယ်။

၄။သေရင်ဘယ်သွားမှာလဲ?

ဘိုးဘေးအပြစ်နဲ့မိမိအပြစ်ကြောင့်သေရတယ်ဆိုရင်၊သေရင်ဘယ်သွားနိုင်မလဲ?သမ္မာကျမ်းစာမှာဖော်ပြချက်အရဆိုရင်လူတိုင်းဒီဘဝမှာအပြစ်ကြောင့်အိုခြင်းနာခြင်းသေခြင်းရင်ဆိုင်ရသည်သာမကသေပြီးရင်လဲကိုယ့်မကောင်းမှုအကုသိုလ်တွေကြောင့်ထာဝရငရဲမီးထဲသွားကြရမယ့်ကိန်းပါဘဲ။ကောင်းတာလုပ်မှကောင်းရာရောက်မယ်ဆိုရင်လူတိုင်းကောင်းတာမလုပ်နိုင်လို့ကောင်းရာသွားရောက်နိုက်ကြတော့မှာမဟုတ်ပါဘူး၊ကုသိုလ်တပဲငရဲတစ်ပိဿာဖြသ်နေကြလို့ပါ။ဆိုတော့အပြစ်ကြောင့်သေရတယ်ဆိုရင်ထာဝရအသက်ရှင်ဖို့ကယ်ဆေးမရှိတော့ဘူးလား?ဘုရားသခင်ကလူကိုသူကိုယ်တိုင်ဖန်ဆင်းထားလို့ချစ်တယ်၊လူတွေအပြစ်ပြုလို့သေနေရတာကိုကယ်တင်ချင်တယ်၊ဘုရားသခင်ကလူတွေကိုကောင်းမှုပြုဖို့မှာကြားထားတယ်၊လူတွေကမလုပ်နိုင်ကြဘူး၊မလုပ်နိုင်တော့မကောင်းတဲ့နေရာကိုသွားရမယ့်အနေအထားပါဘဲ။ဘုရားသခင်ကအပြစ်ကိုမုန်းပေမယ့်လူကိုချစ်တယ်၊ဒါကြောင့်ကောင်းမှုမပြုနိုင်တဲ့လူတွေမှန်းသိနေလို့ကယ်တင်ရှင်စေလွတ်လာခဲ့ပါတယ်။သမ္မာကျမ်းစာရှင်ယောဟန်ခရစ်ဝင်၃:၁၆မှာ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်း သို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ လို့ဖော်ပြထားပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံသူတိုင်းဟာသေရင်ထာဝရအသက်ရမယ်ဆိုတာသိရပါတယ်။ဒါဆိုဒီကယ်တင်ရှင်ဆိုတာကကောဘာလဲ?

၅။ကယ်တင်ရှင်ယေရှုခရစ်တော်

မိမိကိုယ်ကိုယ်မကယ်တင်နိုင်တဲ့လူအားလုံးကယ်တင်ရှင်ကိုလိုလားကြစမြဲပါ၊ဘုရားသခင်ဟာသူ့သားတော်ဖြစ်တဲ့ယေရှုကိုလူ့လောကထဲစေလွတ်ပြီးလူကိုကယ်တင်စေခဲ့ပါတယ်။ဒါကြောင့်ယေရှုဟာလူ့ဇာတိခံယူပြီးအစ္စရေးနိုင်ငံထဲကဗက်လင်မြို့မှာနှစ်ပေါင်း၂၀၀၀ကျော်ကတည်းကမွေးဖွားခဲ့ပါတယ်၊ကြီးပြင်းလာပြီးအချိန်ရောက်တဲ့အခါလူတွေရဲ့အပြစ်အတွက်လက်ဝါးကပ်တိုင်မှာအသေခံပေးဆပ်ခဲ့ပါတယ်။လူတိုင်းသေရမယ့်အစားယေရှုခံပေးခဲ့ပါတယ်၊သူသေပြီးပြီးသွားပြီလားဆိုတော့မပြီးသေးပါဘူး၊သုံးရက်မြောက်သောနေ့မှာသေရာကနေရှင်ပြန်ထမြောက်သွားခဲ့ပါတယ်။ယေရှုအမှန်တကယ်ရှိခဲ့ကြောင်းအကောင်းဆုံးသက်သေတွေလောကမှာအများကြီးရှိခဲ့ပါတယ်၊ဒီထဲကတခုလောက်ပြောရမယ်ဆိုရင်ADနဲ့BCခွဲခြားမှုပါ။ADဆိုတာဘုရားသခင်ရဲ့နှစ်လို့အဓိပ္ပာယ်ရပြီးယနေ့ထိလူသားအားလုံးသုံးနေတဲ့ခရစ်နှစ်၂၀၁၉ပါဘဲ။BCကတော့ခရစ်တော်မတိုင်ခင်လို့သက်ရောက်ပါတယ်။တနည်းအားဖြင့်ခရစ်တော်ဟာလူ့သမိုင်းရဲ့နှစ်ဗဟိုဖြစ်ပါတယ်။ယနေ့သင်ဘယ်လူမျိုးဘယ်ဘာသာဖြစ်ပါစေဒီခုနှစ်ကိုသုံးရပါတယ်။နောက်တခုကတနင်္ဂနွေနေ့ပါ၊ဒါကိုရုံးပိတ်ရက်အဖြစ်ယနေ့ထိသတ်မှတ်ခဲ့ရခြင်းဟာယေရှုရှင်ပြန်ထမြောက်ရာနေ့မို့လို့ပါ။ယနေ့သင်ခရစ်တော်ကိုလပ်မခံဘဲပုန်ကန်နေရင်တောင်သူ့အားဖြင့်ဖြစ်တည်လာတဲ့ကောင်းကျိုးတွေကိုသင်ခံစားနေရတာငြင်းမရပါ၊ဒါလဲလူတိုင်းကိုယေရှုချစ်ကြောင်းသက်သေပါဘဲ။

နိဂုံး

ချစ်သောမိတ်ဆွေယနေ့ရဲ့တရားဒေသနာအားဖြင့်ငါဘယ်ကနေလာသလဲ?လောကကြီးထဲဘာလာလုပ်တာလဲ?လူတွေဘာကြောင့်သေရတာလဲ?သေရင်ကောဘယ်သွားရမှာလဲ?ဆိုတဲ့မေးခွန်းတွေကိုအဖြေရခဲ့ပြီလို့ယုံကြည်ပါတယ်။ဒါကြောင့်ယနေ့အသက်ရှင်တုန်းလေးမှာယခုဘဝနဲ့တမန်လွန်အတွက်အာမခံရရှိဖို့ယေရှုခရစ်တော်ကိုယခုဘဲမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံကြပါစို့။အကယ်၍ဒီစာစုကိုဖတ်ပြီး ယေရှုအ‌ကြောင်းပိုမိုသိရှိလိုလျှင်(သို့မဟုတ်)ယုံကြည်လက်ခံလိုလျှင်ကျွန်တော်(ဆရာရဲမင်း)ကိုမက်စင်ဂျာမှဆက်သွယ်လာနိုင်ပါကြောင်းပြောကြားရင်းနိဂုံးချုပ်ပါရစေ။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်