စနေ, ဧပြီ 20, 2024

ဝိညာဉ်ရေးရာကြီးထွားခြင်း

ဝိညာဉ်ရေးရာမှာကြီးထွားခြင်းဆိုတာခရစ်ယာန်တိုင်းမှာရှိနေသင့်ပာတယ်။ဒါမှလဲဘုရားသခင်နှစ်သက်သောအသက်တာဖြစ်မှာပါ။ဥပမာလေးတခုပေးချင်ပါသည်…
မွေးကင်းစကလေးငယ်လေးဟာလမ်းနဲနဲပါးပါးစလျှောက်တတ်လာလျှင်၊မိဘများအလွန်ဝမ်းသာကြပါသည်။သိုပေမဲ့နောက်၅နှစ်၁၀နှစ်တွင်လဲအဲဒီကလေးဟာနဂိုတိုင်းလမ်းနဲနဲပါးပါးဘဲလျှောက်တတ်နေမြဲဆိုရင်မိဘများဝမ်းသာနိုင်မည်လော?ဒီတိုင်းပါဘဲမိတ်ဆွေ၊အဖဘုရားသခင်ဟာလဲကျနော်ကျမတို့ပြောင်းလဲလာစအချိန်အင်မတန်ဝမ်းမြောက်ကြောင်းကျမ်းစာကဖော်ပြပါသည်။သို့ပေမဲ့ယုံကြည်လာပြီးဝိညာဉ်အသက်တာကြီးထွားမှုမရှိလျှင်တော့ဘုရားသခင်သင့်အတွက်စိတ်မကောင်းဖြစ်နေမည်ဖြစ်သည်၊ဒါကြောင့်ဝိညာဉ်ရေးရာကြီးထွားမှုလိုပါသည်။
ဝိညာဉ်ရေးရာကြီးထွားမှုအများကြီးထဲမှအနည်းငယ်တင်ပြချင်ပါသည်။ဒါကတော့ဘုရားကိုပိုသိကျွမ်းလေလေ၊ကိုယ့်ကိုကိုယ်ပိုနှိမ့်ချလေလေပါဘဲ။ဝိညာဉ်ရေးရာပိုရင့်ကျက်လေလေ၊ကိုယ့်ထဲကကျေးဇူးတရားပိုထင်ရှားလေလေပါဘဲ။တမန်တော်ရှင်ပေါလုဝိညာဉ်ရေးရာရင့်ကျက်လာတဲ့အခါသူ့ကိုယ်သူဘယ်လိုတဆင့်ခြင်းခေါ်ဝေါ်သမုတ်သလဲဆိုတာကိုအနည်းငယ်တင်ပြချင်ပါသည်။

၁။ငါကတမန်တော်ပါ။
“ ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။” (၁ကော ၉:၁)

၂။ငါကတမန်တော်များထဲကအညံ့ဆုံးပါ။
” ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏…” (၁ကော ၁၅:၉)

၃။ငာဟာတမန်တော်လို့ခေါ်ဖို့မခံထိုက်သူပါ။
” … တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်” ။(၁ကော ၁၅:၉)

၄။ငါဟာသန့်ရှင်းသူထဲမှာတကယ့်အငယ်ဆုံးပါ။
“ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။” (ဧဖက်ဩဝါဒစာ ၃:၉)

၅။ငါဟာအပြစ်အကြီးဆုံးလူပါဘဲ။
“ …အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။” (၁တိ ၁:၁၅)

ချစ်သောမိတ်ဆွေ…
သင်သည်ခရစ်ယာန်တစ်ယောက်လော၊ယုံကြည်တဲ့အချိန်ကစပြီးခုထိ၊ဝိညာဉ်ရေးရာနိုင်းယှဉ်ကြည့်တဲ့အခါသင်တိုးတက်လာသလော?နှိမ့်ကျသွားသလော?သို့မဟုတ်နဂိုမူလနေရာမှာဘဲရှိနေသလော?ယုံကြည်ခါစဆုမတောင်းတတ်တာ၊ခုထိမတောင်းတတ်သေးသလော?၊ယုံကြည်ခါစကနားမလည်တဲ့သမ္မာတရားတွေခုထိနားမလည်ဆဲလော?၊ယုံကြည်ခါစကျမ်းစာမဖတ်တာခုထိမဖတ်နိုင်သေးသလော?ယုံကြည်ခါစကထောင်လွှားမှုတွေခုထိမပျောက်သေးသလော?သို့မဟုတ်ကျမ်းစာပိုတတ်လေလေပိုထောင်လွားလေလေလော?ရင့်ကျတ်သောခရစ်ယာန်များဖြစ်ဖို့အတူတကွကိုယ့်အသက်တာကိုဆင်ခြင်ကြပါစို့။

ဧဖက်ဩဝါဒစာ ၄:၁၃ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်