စနေ, ဧပြီ 20, 2024

သင်လုပ်နိုင်သောဧဝံဂေလိပြုနည်း(၁၂)မျိုး

၁။သမ္မာတရားကိုနူတ်ဖြင့်လိုက်လံဟောပြောခြင်းဖြင့်ဧဝံဂေလိလုပ်ခြင်း။(ရောမဩဝါဒစာ ၁၀:၁၄)

၂။ဧဝံဂေလိဝေစာအားဖြင့်မယုံကြည်သောသူကိုဝေပေးပြီးဧဝံဂေလိလုပ်ခြင်း။(၂တိ၄:၂၊ကောလောသဲ၁:၂၈)

၃။Viber,facebook,wechat…အခြားသောဆိုရှယ်မီဒီယာအားဖြင့်ဧဝံဂေလိဝေငှခြင်း။(ကိုယ်မပြောတတ်ရင်ဆရာတွေရဲ့စာကိုShareခြင်း)။(၂တိ၄:၂၊ကောလောသဲ၁:၂၈)

၄။ဖုန်းဆက်ပြီးအမြဲအားပေးဆုတောင်းခြင်းဖြင့်ဧဝံဂေလိဝေငှခြင်း။(၂တိ၄:၂၊ကောလောသဲ၁:၂၈)

၅။မိမိရဲ့အပြုအမူအနေအထိုင်အပြောအဆို(ကောင်းသောပုံသက်သေ)အားဖြင့်သူတပါးရှေ့မှာဧဝံဂေလိဖြစ်စေခြင်း။(ယာကုပ်၂:၂၆)

၆။သမ္မာကျမ်းစာအုပ်နှင့်ဧဝံဂေလိဆိုင်ရာဝိညာဉ်ရေးရာစာအုပ်များဝယ်ပြီးမယုံကြည်သေးသောသူများအားလက်ဆောင်ပေးခြင်းဖြင့်ဧဝံဂေလိလုပ်ခြင်း။(ယော၅:၃၉)

၇။မယုံကြည်သေးသောသူတွေကိုအသင်းတော်(သို့မဟုတ်)တရားပွဲသို့ခေါ်ဆောင်သွားပြီးဧဝံဂေလိလုပ်ခြင်း။(ယော၁:၄၀၊၆:၈၊၁၂:၂၁-၂၂ထဲမှအိနြေ္ဒလို)

၈။ဧဝံဂေလိလုပ်နေသူအတွက်အမြဲတမ်းဒူးထောက်ဆုတောင်းပေးခြင်းဖြင့်ဧဝံဂေလိအမှု၌ပါဝင်ခြင်း။(၁တိ၂:၁-၄)

၉။ငွေကြေးအားဖြင့်၊အချိန်အားဖြင့်၊အလုပ်အားဖြင့် ကိုယ်အားသာရာအားဖြင့်ဧဝံဂေလိလုပ်ငန်းအရပ်ရပ်၌လှူဒါန်းပါဝင်ခြင်း။(၂ကော၉:၆)

၁၀။မယုံကြည်သေးသောသူနှင့်အတူဧဝံဂေလိဆိုင်ရာVideoဇာတ်ကားများကိုအတူခေါ်ကြည့်စေခြင်းဖြင့်ဧဝံဂေလိလုပ်ခြင်း။(၁တိ၄:၂၊ကောလောသဲ၁:၂၈)

၁၁။ဧဝံဂေလိဝေငှသူများမွေးထုတ်ပေးခြင်းဖြင့်ဧဝံဂေလိ၌ပါဝင်ခြင်း။ဥပမာ ကျမ်းစာကျောင်းပြ၊ဓမ္မသင်တန်းပြနှင့်အခြား။(၂တိ၂:၂)

၁၂။အုတ်တချပ်သဲတပွင့်အနေနှင့်ဧဝံဂေလိ၌ပါဝင်ခြင်း(ဥပမာ ဝေစာလုပ်ငန်းအဖွဲ့ဝင်၊တရားပွဲစီစဉ်သူနှင့်ဖြစ်မြောက်ဖို့ပါဝင်သူ၊အသင်းတော်၌သူတပါးလာပြီးဧဝံဂေလိနားထောင်ဖို့အဆင်ပြေအောင်ပန်းထိုးသူ၊သန့်ရှင်းရေးလုပ်သူ၊ဧည့်ကြို…အခြားများ)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်