စနေ, ဧပြီ 20, 2024

သင့်လက်ထဲမှာဘာရှိလဲ?

နိဒါန်း

လူတိုင်းလက်ထဲအမြဲကိုင်ထားတဲ့အရာချင်းမတူညီကြပါဘူး၊သမ္မာကျမ်းစာထဲမှာလည်းဘုရားအသုံးပြုတဲ့လူ‌တွေလက်ထဲမှာအလားတူမတူညီကြတဲ့အရာတွေရှိခဲ့ဘူးပါတယ်။အံ့ဩစရာကောင်းတာကဒီလူတွေဟာသူတို့လက်ထဲကအရာကိုဘုရားအတွက်ဆက်ကပ်လိုက်တဲ့အခါကြီးမားဆန်းကြယ်တဲ့အမှုဖြစ်လာတာပါ။ဒါကိုအတူတကွခွန်အားယူကြည့်ရအောင်။

၁။မောရှေလက်ထဲကတောင်ဝှေး

တချိန်ကဣသရေလလူမျိုးတွေအီဂျစ်ပြည်မှာသူ့ကျွန်ခံနေတဲ့အခါ၊သူတို့ကိုကယ်တင်ဖို့ဘုရားသခင်ကမောရှေကို‌ခေါ်ဖိတ်ခဲ့ပါတယ်။‌ခေါ်ဖိတ်တဲ့အခါမောရှေကိုဘုရားသခင်ကမင်းလက်ထဲမှာဘာရှိလဲလို့‌ မေးပြီး၊မောရှေလက်ထဲကတောင်‌ဝှေးကိုဘုရားကအံ့သြဖွယ့်အမှုဖြစ်‌စေခဲ့ပါတယ်။ဟာလေလုယာ။(ထွက်မြောက်ရာ4:2 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။)

၂။ရှံဂါလက်ထဲကနွားကျောင်းတုတ်

သမ္မာကျမ်းစာကတရားသူကြီးခေတ်မှာ၁၀နှစ်လောက်ဣသရေလလူမျိုးကိုဦးဆောင်ခဲ့တဲ့ရှံဂါဟာ၊သူ့လက်ထဲကတုတ်ချွန်(မူရင်းမှာနွားကျောင်းတဲ့တုတ်)နဲ့ဘုရားအသုံးပြုလို့ရန်သူ၆၀၀ကိုအနိုင်ယူခဲ့ပါတယ်။
(ဧ​ဟု​ဒ​နောက်​မှာ အာ​နတ်​သား​ရှံ​ဂါ​ပေါ်​ထွန်း၍၊ တုတ်​ချွန်​နှင့် ဖိ​လိ​တ္တိ​လူ​ခြောက်​ရာ​တို့​ကို သတ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကယ်​လွှတ်​လေ၏။တရားသူကြီး 3:31 )

၃။ဂိဒေါင်လက်ထဲကစစ်သား၃၀၀

တရားသူကြီးခေတ်ကတရားသူကြီးတဦးဖြစ်တဲ့ဂိဒေါင်ဟာ၊သူ့လက်ထဲမှာစစ်သား၃သောင်းကျော်ဘဲရှိပြီး၊ရန်သူ၁သိန်း၃သောင်းကျော်ကိုတိုက်ဖို့လုပ်နေပါတယ်။ဒါပေမယ့်ဘုရားသခင်ကလူများသေးတယ်ဆိုပြီးဒီ၃သောင်းကျော်ကနေစစ်သား၁‌ သောင်းတခါနုတ်ပြီး၊ကျန်တဲ့၂သောင်း ကျော်ကနေတခါ၃၀၀ကိုဘဲရွှေးထုတ်အသုံးပြုခဲ့ပါတယ်။နောက်ဆုံးတကယ်ဘဲဘုရားသခင်ကဒီဂိ‌ဒေါင်လက်ထဲကစစ်သား၃၀၀နဲ့ဘဲရန်သူ၁သိန်း၃သောင်းကျော်ကိုနိုင်စေခဲ့ပါတယ်။အာမင်။
(ထိုအခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။တရားသူကြီး7:16)

၄။ဒါဝဒ်လက်ထဲကလောက်လွှဲ

ရှင်ဘုရင်မဖြစ်ခင်ကလူငယ်လေးဒါဝဒ်ဟာသိုးကျောင်းသားပါ။အံ့သြစရာ‌ကောင်းတာကဘုရားသခင်ဟာသူ့လက်ထဲမှာရှိနေတဲ့လောက်လွှဲလေးအားဖြင့်ဣသရေလစစ်သားတယောက်မှမယှဉ်နိုင်တဲ့ဧရာမလူရန်သူဂေါလျက်ကိုအနိုင်ရခဲ့တာပါ။အာမင်။(လွယ်အိတ်ထဲက ကျောက်​တစ်​လုံး​ကို နှိုက်​ယူ၍​လွှဲ​ပစ်၏။ ဖိ​လိ​တ္တိ​လူ၏ န​ဖူး​ကို​မှန်၍ န​ဖူး​ပေါက်​သ​ဖြင့် သူ​သည် မြေ​ပေါ်​မှာ ငိုက်​စိုက်​လဲ​လေ၏။၁ရာ17:49 )

၅။မုဆိုးမလက်ထဲကမုန့်တဆုပ်နဲ့ဆီအနည်းငယ်

ပရောဖက်ဧလိယခေတ်ကာလမှာအာဟပ်မင်းရဲ့အပြစ်ကြောင့်တပြည်လုံးမိုးမရွာဖို့ဘုရားသခင်ကပ‌ရောဖက်ဧလိယမှတဆင့်ဒဏ်ခတ်ခဲ့ပါတယ်။ဒါကိုအာဟတ်မင်းကဧလိယကိုရှာသတ်မှာမို့ဘုရားသခင်ကသူ့ကိုချောင်းတခုမှာသွားပုန်းရှောင်ခိုင်းပြီးကျီးကန်းနဲ့အစာသယ်ကြွေးခဲ့ပါတယ်။နောက်ပိုင်းမိုးမရွာလို့ချောင်းရေခမ်းသွားတဲ့အတွက်ဘုရားသခင်ကဇရတ္တမြို့ကမုဆိုးမဆီသွားပြီးဗိုက်ဖြည့်ဖို့မိန့်မာပါတယ်။မုဆိုးမကလည်းသူ့လက်ထဲမှာမုန့်တဆုပ်နဲ့ဆီအနည်းငယ်သာကျန်ပေမယ့်ဘုရားလူဧလိယကိုကြွေးမွေးလှူဒါန်းခဲ့လို့မိုးမရွာမချင်းသူ့အိုးထဲကမုန့်ညက်နဲ့ဘူးထဲကရှိ‌တဲ့ဆီ တွေသုံးလို့မကုန်နိုင်အောင်အံ့ဩဖွယ်ဖြစ်နေခဲ့ပါတယ်။ဟာလေလုယာ။
(ဧ​လိ​ယ​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်​ဆို​သည်​အ​တိုင်း သွား၍​ပြု​လော့။ သို့​ရာ​တွင် ငါ့​အ​ဖို့ မုန့်​ပြား​ငယ်​တစ်​ပြား​ကို အ​ရင်​လုပ်၍ ယူ​ခဲ့​လော့။ နောက်​မှ သင်​နှင့် သင်၏​သား​ငယ်​အ​ဖို့ လုပ်​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ အိုး၌​ရှိ​သော​မုန့်​ညက် မ​ကုန်။ ဘူး၌​ရှိ​သော​ဆီ မ​လျော့​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။၃ရာ 17:13‭-‬15 )

၆။ကလေးငယ်လက်ထဲကငါးနှစ်ကောင်နဲ့မုန်းငါးလုံး

သခင်ယေရှုတရားဟောတဲ့ကာလမှာ၊လူပေါင်း၅ထောင်(လူကြီးပိုင်းကျားအရေအတွက်သာဖြစ်)ဟာတရားနားထောင်ရင်းဗိုက်ဆာလာကြပါတယ်၊ဒီလူအုပ်ကြီးကိုကြွေးမွေးဖို့မလွယ်ကူလှတဲ့အရာပါ။အဲဒီချိန်မှာလူအုပ်ကြီးထဲကက လေးငယ်တဦးရဲ့လက်ထဲငါးနှစ်ကောင်နဲ့မုန့်ငါးလုံးရှိနေတာကိုယုံကြည်ခြင်းနဲ့အသုံးတော်ခံခဲ့ပါတယ်။ဒီသေးငယ်တဲ့အရာဘုရားလက်တော်ထဲရောက်လာတဲ့အခါကြီးမားတဲ့အံ့ဩဖွယ်ဖြစ်ခဲ့ပြီးလူအားလုံးကိုအဝကြွေးမွေးနိုင်ခဲ့ရုံမကအကြွင်းအကျန်ပါအများကြီးကျန်နေခဲ့ပါတယ်။ဟာလေလုယာ။
(မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။ရှင်ယောဟန်6:9 )

၇။ယောသပ်လက်ထဲကအာဏာ

‌ကမ္ဘာဦးကျမ်း၃၇-၅၀အထိယာကုပ်ရဲ့သား‌ ယောသပ်အကြောင်းကိုအထူးရေးမှတ်ထားတာတွေ့ရမှာပါ။
သူ့အကို‌တွေကနေရောင်းစားခံရပြီး၊သူ့ကျွန်ဘဝ-ထောင်သားဘဝ-နောက်ဆုံးအာဏာရှိတဲ့အုပ်ချုပ်သူအထိဖြစ်လာခဲ့ပါတယ်။ဘုရားသခင်ကယောသပ်လက်ထဲကကအာဏာအားဖြင့်အီဂျစ်တပြည်လုံးနဲ့သူ့မိသားစု(ဣသရေလလူမျိုး)အားလုံးကိုကယ်တင်ပေးခဲ့ပါတယ်။အာမင်။

၈။ဒေါ်ကာလက်ထဲကအပ်တစ်ချောင်း

သခင်ယေရှုရှင်ပြန်ထမြောက်ပြီး၊တမန်‌တော်ခေတ်မှာ၊ယုပ္ပေမြို့ကဒေါ်ကာဆိုသူတယောက်ရှိပါတယ်။သူဟာအပ်ချုပ်ပြီးလူတကာကူညီတတ်သူပါ၊ကူညီခြင်းနဲ့ဘုရားဘုန်းထင်ရှား‌စေသူပါ။ဒါပေမယ့်တရက်မှာ‌ သေသွားခဲ့ပါတယ်။သေသွားတဲ့အခါသူကူညီခဲ့တဲ့သူတွေကတမန်တော်ရှင်ပေတရုကိုခေါ်လာကြပြီးဆုတောင်းခိုင်းခဲ့ပါတယ်။ဆုတောင်းတဲ့အခါအံ့ဩစွာရှင်ပြန်ထမြောက်ခဲ့တယ်၊ဒေါ်ကာရဲ့ကူညီတတ်တဲ့စိတ်ကြောင့်ဘုရားသခင်ကသူ့ကိုအသက်ဆက်ရှင်ဖို့အခွင့်ပေးခဲ့ပါတယ်။ဟာလေလုယာ။
(ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။တမန်တော် 9:39 )

နိဂုံး

ချစ်သောညီကိုမောင်နှမတို့
ကျနော်တို့ကဘုရားသခင်ကို“အကယ်၍ငါသိန်းပေါင်းဘယ်လောက်ရကြည့်ပါလား?ရှိလာကြည့်ပါလား၊ငါလှူလိုက်မယ်လုပ်လိုက်မယ်”လို့ပြောတတ်ကြပါတယ်။တကယ်တမ်းဘုရားရဲ့နိယာမကသင့်လက်ထဲမှာဘာရှိလဲဆိုတာအဓိကပါဘဲ။ရှိလာမှလုပ်တာလူ့ရဲ့နိယာမဆိုပေမယ့်၊ရှိတာလေးနဲ့ပါဝင်တာဟာဘုရားနိယာမပါ။အာမင်။
ချစ်သောယုံကြည်သူများ
ယနေ့သင့်လက်ထဲမှာဘာရှိပါသလဲ?
၁။မောရှေလက်ထဲကတောင်ဝှေး
၂။ရှံဂါလက်ထဲကနွားကျောင်းတုတ်
၃။ဂိဒေါင်လက်ထဲကစစ်သား၃၀၀
၄။ဒါဝဒ်လက်ထဲကလောက်လွှဲ
၅။မုဆိုးမလက်ထဲကမုန့်တဆုပ်နဲ့ဆီအနည်းငယ်
၆။ကလေးငယ်လက်ထဲကငါးနှစ်ကောင်နဲ့မုန်းငါးလုံး
၇။ယောသပ်လက်ထဲကအာဏာ
၈။ဒေါ်ကာလက်ထဲကအပ်တစ်ချောင်း
အသီးသီးရှိခဲ့ကြပြီးဘုရားသခင်အတွက်အ‌ကောင်းဆုံးအသုံးတော်ခံခဲ့ကြပါပြီ။

ချစ်သောယုံကြည်သူများ

ယနေ့သင့်လက်ထဲမှာဘာရှိလဲ?

အဲဒီရှိတဲ့အရာနဲ့ဘုရားကိုဆက်ကပ်ပါ၊ပါဝင်ပါ။ဥပမာသင့်လက်ထဲမှာဖုန်းရှိနေတယ်ဆိုရင်ဒီဖုန်းအားဖြင့်ဘုရားဘုန်းထင်ရှားနေပြီလား?သင်တစ်နေ့တာဖုန်းကိုင်ချိန်ဘယ်နနာရီကြာလဲ?ဒီကြာချိန်မှာဘုရားအတွက်ဘယ်လောက်အသုံးပြုခဲ့ပြီးအခြားအရာမှာဘယ်လောက်အချိန်ဖြုန်းခဲ့ပြီလဲ?ဒါမှမဟုတ်စာတန်အသုံးချစရာလက်နက်ဖြစ်နေပြီလား?ဆိုတာဆင်ခြင်ပါ။ယနေ့တိုးတက်တဲ့နည်းပညာခေတ်မှာဟိုးတမန်တော်ခေတ်ကာလလိုဧဝံဂေလိကိုဟောဖို့ကမ္ဘာအနံ့သွားရောက်စရာမလိုဘဲလည်းဧဝံ‌ ဂေလိလုပ်လို့ရနေပါပြီ၊တချို့အင်တာနက်မရှိ‌သေးတဲ့တောရွာများမှအပအများစုနေရာမှာယနေ့ဖုန်းတလုံးရှိတာနဲ့အလွယ်တကူဧဝံဂေလိလုပ်လို့ရနေပါပြီ။ဒါကြောင့်ရှေးသာသနာပြုတွေလိုမိသားစုနဲ့ကိုယ့်ဌာနေကိုစွန့်ခွာပြီးဟိုးအဝေးကြီးကိုမသွားနိုင်ရင်‌တောင်သင့်လက်ထဲကဖုန်း‌လေးနဲ့အသုံးတော်ခံပါ၊အံ့ဩဖွယ်ဖြစ်လာပါလိမ့်မယ်။ဒါဟာလူအများစုလက်ထဲမှာရှိတဲ့ဖုန်းကိုဥပမာပေးပြောတာလေးပါ၊တကယ်တမ်းတော့လူတိုင်းလက်ထဲမှာရှိနေတာချင်းတူချင်မှတူပါလိမ့်မယ်၊ဒါပေမယ့်ယနေ့ဘုရားသင့်ကိုမေးနေတာဟာ“ငါ့သားငါ့သမီးသင့်လက်ထဲမှာဘာရှိလဲ?”ဈိုတဲ့မေးခွန်းပါဘဲမိတ်ဆွေ။အခုဘဲဘုရားကိုအဖြေပေးပြီးပါဝင်ကြပါလို့တိုက်တွန်းခွန်အား‌ ပေးချင်ပါတယ်။သင့်အနေနဲ့သေးငယ်တဲ့အရာပါလို့ထင်နေပေမယ့်ဘုရားလက်ထဲ ရောက်ရင်အံ့ဩဖွယ်အမှုဖြစ်လာပါလိမ့်မယ့်။ဟာလေလုယာ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်