စနေ, ဧပြီ 20, 2024

သင့်အတွက်ဘုရားစကား(၁၄)ခွန်း

၁။သင်ဖိအားများပြီးမောပန်းနေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။(ရှင်မဿဲခရစ်ဝင် ၁၁:၂၈)”

၂။သင်အားနည်းနေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။ (၂ကော ၁၂:၉)။”

၃။သင်ထောင်လွှားစော်ကားနေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။(ရှင်ယာကုပ်ဩဝါဒစာ ၄:၆)။”

၄။သင်ကြောက်နေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။(၂တိ၁:၇)။”

၅။သခင့်ကြောင့်သင်ဆင်းရဲဒုက္ခကြုံတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။(ရောမဩဝါဒစာ ၁၂:၁၂)။”

၆။သင်ဒေါသအမျက်ထွက်ပြီးထိန်းမရဖြစ်တဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
” အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။(ဧဖက်ဩဝါဒစာ ၄:၂၆-၂၇)။”
” စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။(သုတ္တံကျမ်း ၁၄:၂၉)”

၇။သင်ဦးတည်ရာမဲ့နေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။(ဖိလိပ္ပိဩဝါဒစာ ၃:၁၄)”

၈။သင်ဟာသူတပါးကိုမပေးကမ်းချင်တဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်” (တမန်တော်ဝထ္ထု ၂၀:၃၅)”

၉။သင်စိုးရိမ်စိတ်ဖြစ်နေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကိုမစပြီ။ သင့်ကိုလည်း ငါစောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည်။(ဟေရှာယအနာဂတ္တိကျမ်း ၄၉:၈)”

၁၀။သင်စိတ်ထဲမှာမငြိမ်မသက်ဖြစ်နေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
” ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇)”

၁၁။သင်စိတ်ပျက်နေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။(သုတ္တံကျမ်း ၁၇:၂၂)။”

၁၂။သူတပါးမကောင်းကြောင်းပြောတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။(ရှင်မဿဲခရစ်ဝင် ၇:၃)”
“ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။(ရှင်မဿဲခရစ်ဝင် ၅:၉)”

၁၃။သင်ငွေရှာလွန်ပြီးဘုရားမေ့နေတဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆)”

၁၄။သင်သူတပါးကိုခွင့်မလွတ်နိုင်တဲ့အခါ၊ဘုရားသခင်ပြောတဲ့စကားက
“ သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။(ရှင်မဿဲခရစ်ဝင် ၆:၁၄)”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်