စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှကယ်ရို(၅)မျိုး

(အခြေပြုကျမ်း-လုကာ၂:၈-၂၀၊၃၆-၃၈။မသဲ၂:၁-၁၂)

နိဒါန်း

ခရစ်စမတ်ရောက်လာပြီဆိုတာနဲ့ယုံကြည်သူများအဖွဲ့တွေဖွဲ့ပြီးတစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့သူငယ်တော်‌ယေရှုမွေးဖွားခဲ့တဲ့သတင်းကောင်းကိုဓမ္မတေးသီချင်းတွေနဲ့ဝေငှခြင်းကိုCarolလို့ခေါ်ကြပါတယ်။ဒီလိုသတင်းကောင်းဝေငှခြင်းဆိုတာအခုမှရှိလာတာမဟုတ်ဘဲသမ္မာကျမ်းစာထဲမှာကတည်းကအနည်းဆုံးငါးမျိုးကိုတွေ့ရှိနိုင်ပါတယ်။

၁။ကောင်းကင်တမန်များမှသိုးထိန်းဆီသို့

ကမ္ဘာပေါ်မှာပထမဦးဆုံးကယ်ရို(သတင်းကောင်းဝေငှ)အဖွဲ့ကိုဖော်ပြပါဆိုရင်ကောင်းကင်တမန်တွေပါလို့ဖြေရမှာပါ။ကောင်းကင်တမန်တွေကနေသိုးထိန်းတွေကိုမေရှိယမွေးလာတဲ့အကြောင်းပြောတဲ့သတင်းကောင်းပါ။ပထမဆုံးကယ်ရိုအဖွဲ့ဖြစ်တဲ့ကောင်းကင်တမန်တွေဆိုလိုက်တဲ့သီချင်းကတော့” ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း” ဟူ၍ပင်။ယနေ့ကယ်ရိုဆိုတာမကြားမသိသေးတဲ့လူတွေ(အထူးသဖြင့်)ဥပေက္ခာပြုခံရတဲ့လူတွေဆီကိုသွားပြောပေးဖို့သွန်သင်တဲ့သဘောပါ။ဒါကြောင့်ယနေ့ကယ်ရိုမှာလဲထို့အတူမယုံကြည်သေးတဲ့အိမ်နဲ့ဆင်းရဲသားအိမ်တွေကိုဦးစားပေးသွားသင့်ပါပေတယ်။

၂။သိုးထိန်းများမှမြို့ကလူများထံသို့

သိုးထိန်းတွေဟာကောင်းကင်တမန်ပို့လာတဲ့သတင်းကြောင့်ညတွင်းချင်းသိုးတွေထားခဲ့ပြီးကယ်တင်ရှင်ကိုလိုက်ရှာခဲ့တယ်၊ရှာတွေ့ပြီးဖူးမျော်ပြီးတကာလဒီသတင်းကောင်းကိုမြို့ထဲကလူတွေဆီပြန်သယ်ဆောင်ဝေငှကြပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ဘုရားသခင်ဟာကောင်းကင်တမန်ကိုဘဲသတင်းကောင်းဝေငှခိုင်းတာမဟုတ်ဘဲ၊လူဖြစ်တဲ့သိုးထိန်းတွေကိုလဲလူအချင်းချင်းဆက်လက်ဝေငှဖို့အလိုတော်ရှိခဲ့ပါတယ်။ယနေ့ကျွန်တော်တို့လဲဒီသတင်းကောင်းကိုကြားခဲ့သိခဲ့လက်ခံခဲ့ရခဲ့ပြီဆိုရင်ဒီသတင်းကောင်းကိုအခြားသူကိုလဲပြန်လည်ဝေငှဖို့တာဝန်ရှိကြောင်းပါဘဲ။

၃။ပရောဖက်မအန္နမှမျော်လင့်‌နေသူများထံသို့

အာရှာအမျိုး၊ဖ‌နွေလ၏သမီး၊၈၄နှစ်အရွယ်အမျိုးသမီးကြီးပါ။သူလဲသူငယ်တော်ယေရှုကိုဗိမာန်တော်မှာဖူးမြော်ခွင့်ရခဲ့ပြီး၊ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခဲ့ပါတယ်၊သူမလဲပဲသည်သတင်းကောင်းကိုရွေးနှုတ်ခြင်းအရာကိုမျှော်လင့်စောင့်စားနေကြတဲ့မြို့သူမြို့သားဆီကိုဝေငှသက်သေခံခဲ့ပါတယ်။တနည်းအားဖြင့် christmas ကိုမြော်လင့် စောင့်ကြိုနေတဲ့လူတွေဆီကိုသတင်းကောင်းသွားပါးတာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့လဲမယုံကြည်သူတွေဆီကိုသာသွားရမယ်လို့ရယ်မဟုတ်ဘဲ၊ယုံကြည်ပြီးမျှော်လင့်နေကြတဲ့သူတွေဆီလည်းဒီသတင်းကောင်းကိုပြောကြားရမှာဖြစ်ပါတယ်။

၄။ကြယ်ကြီးမှမာဂုပညာရှိများထံသို့

ကမ္ဘာအရပ်ရပ်ကတပါးအမျိုးသားတွေကိုပထမဦးဆုံးဧဝံဂေလိသတင်းကောင်းဟောသူဟာလူမဟုတ်ဘဲကြယ်ကြီးတလုံးဖြစ်ပါတယ်။ဘုရားကဒီလင်းထိန်သောကြယ်ကြီးအားဖြင့်ကမ္ဘာသူကမ္ဘာသားအားလုံးသိအောင်၊အထူးသဖြင့်မာဂုပညာရှိတွေဆီကယ်တင်ရှင်ဖွားမြင်ကြောင်းသတင်းပို့ပေးခဲ့တာပါ။ကြယ်ကြီးဟာစကားမပြောတတ်ပေမယ့်သူ့အလင်းအားဖြင့်ကယ်တင်ရှင်ကိုအများသူမြင်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ယနေ့ကျွန်တော်တို့ယုံကြည်သူတွေလဲအပြောမတတ်ပေမယ့်မိမိအလင်း(ပုံသက်သေ)အားဖြင့်ယေရှုခရစ်တော်ကိုပေါ်လွင်စေသောသူဖြစ်ရပါမယ်။

၅။ပညာရှိများမှဘုရင့်နန်းတော်ဆီသို့

ဘုရားသခင်ရဲ့ကယ်တင်ခြင်းသတင်းကောင်းဟာလက်ခံယုံကြည်သူတွေဆီကိုသာပြောကြားခြင်းမဟုတ်ဘဲ၊လက်မခံသူဆန့်ကျင်သူတွေဖြစ်တဲ့ဟေရုပ်မင်းနဲ့ဘာသာရေးခေါင်းဆောင်ဆီလဲအရောက်ပို့ဆောင်ပေးခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ကယ်တင်ခြင်းဟာလူသားတိုင်းအတွက်ဖြစ်ကြောင်းပေါ်လွင်စေပါတယ်။ယနေ့ကျွန်တော်တို့လဲဟေရုပ်မင်းလိုဧဝံဂေလိကြားသိရုံနဲ့မရသလိုဘာသာရေးခေါင်းဆောင်တွေလိုဧဝံဂေလိကိုနားလည်သဘောပေါက်ရုံနဲ့လဲမပြီးသေးပါဘူး၊အရေးအကြီးဆုံးကကိုယ်တိုင်သိရှိနားလည်သဘောပေါက်ပြီးလက်ခံယုံကြည်ဖို့ပါဘဲ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်