စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှချစ်ခြင်းနည်းလမ်း(၁၀)မျိုး

၁။.ကြားဖြတ်မပြောဘဲနားထောင်‌ပေးခြင်း။

(သုတ္တံ18:13)
အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။

၂။ပြစ်တင်ခြင်းမပါဘဲစကားပြော‌ပေးခြင်း။

(ယာကုပ် 1:19)
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။

၃။မထိန်ချန်ဘဲပေးဆပ်ခြင်း။

(သုတ္တံ21:26)
ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။

၄။အမြဲဆုတောင်းပေးခြင်း

(ကောလောသဲ1:9)
ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်းပဌနာပြုလျက် နေကြ၏။

၅။ငြင်းခုံခြင်းမရှိဘဲဖြေကြားခြင်း။

(သုတ္တံ17:1)
တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။

၆။ဟန်ဆောင်မူမရှိဘဲဝေမျှခြင်း။

(ဧဖက် 4:15)
မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။

၇။မညည်းငြူဘဲခံစား‌ပေးခြင်း။

(ဖဖိလိပ္ပိ 2:14)
သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။

၈။မယိမ်းယိုင်ဘဲယုံကြည်ခြင်း။

(၁ကော 3:17)
အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။

၉။မစီရင်ဘဲခွင့်လွှတ်ခြင်း။

(ယော 8:11)
ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

၁၀။မမေ့လျော့ဘဲကတိတည်ခြင်း။

(သုတ္တံ 13:12)
မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်