စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှငွေကြေးဆိုင်ရာသွန်သင်မှု၉ချက်

၁။ငွေရှာနိုင်ခြင်းခွန်အားဟာဘုရားပေးထားတာဖြစ်ပါတယ်။
တရားဟောရာကျမ်း 8:17‭-‬18
ငါ့​တန်​ခိုး၊ ငါ့​လက်​သ​တ္တိ​အား​ဖြင့် ဤ​စည်း​စိမ်​ကို​ငါ​ရ​တတ်​သည်​ဟု စိတ်​ထဲ​မှာ အောက်​မေ့​ခြင်း​အ​ပြစ်​ကို သ​တိ​နှင့်​ကြဉ်​ရှောင်​လော့။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။
၂။ရွှေငွေဥစ္စာဟာဘုရားပေးတဲ့ကောင်းကြီးဖြစ်ပါတယ်။
ဒေသနာကျမ်း5:19 ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော စည်း​စိမ်​ဥ​စ္စာ​ကို ရ​သော​လူ​တိုင်း မိ​မိ​အ​ဖို့​ကို​ခံ၍ ဝင်​စား​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကြောင့် အ​ခွင့်​ရှိ၏။
၃။ငွေရှိလာဖို့အလုပ်ကြိုးစားပါ။ဘုရားပေးတယ်ဆိုပြီးထိုင်ပျင်းနေလို့မရပါဘူး။
၁သက်3:10 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​အ​ခါ၊ အ​လုပ်​မ​လုပ်​ချင်​သော​သူ​မည်​သည်​ကား၊ အ​စာ​ကို​လည်း မ​စား​စေ​နှင့်​ဟု ပ​ညတ်​ထား​ကြ​ပြီ။
၄။ငွေကိုနည်းမှန်လမ်းမှန်ရှာ‌ဖွေပါ။
သုတ္တံကျမ်း16:8 ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။
သုတ္တံကျမ်း 10:2‭-‬3 မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။ ဖြောင့်​မတ်​သော​သူ​ကို ငတ်၍​သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။ မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ကား ဖျက်​ဆီး​တော်​မူ၏။
၅။ငွေကိုမှန်ကန်စွာအသုံးပြုပါ။
‌(က)မိသားစု/မိဘကိုထောက်ပံ့ပါ(၁တိ၅:၈၊မဿဲ၁၅:၃-၉)
(ခ)ယုံကြည်သူချင်းကူညီပေးကမ်းပါ(၂ကော၈:၁-၄၊ရောမ၁၂:၁၃)
(ဂ)အမှုတော်မြတ်မှာပေးလှူပါ(သုတ္တံကျမ်း3:9‭-‬10၊၂ကော၉:၅-၇၊မာကု၁၂:၄၁)
(ဃ)မရှိဆင်းရဲသားကိုပေးကမ်းပါ(သုတ္တံကျမ်၁၉:၁၇၊၁တိ၆:၁၇-၁၈)။
(င)ငွေနဲ့ငွေကိုပြန်ရင်းပြီးရှာပါ(မဿဲ၂၅:၁၄-၃၀)
၆။ငွေဟာအပြစ်မဟုတ်ပေမယ့်ငွေကိုတပ်မက်ခြင်းဟာမကောင်းမှုရဲ့အမြစ်မို့မလွန်ကဲဖို့သတိထားပါ။
၁တိ 6:10 အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။
၇။ငွေကိုအဓိကအားမကိုးဘဲဘုရားကိုသာအားကိုးပါ။
၁တိ 6:17 ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​…။
၈။‌‌ငွေကိုဘဏ်မှာစုထားတာထက်ကောင်းကင်မှာထာဝရအတွက်စုထားပါ။
ရှင်မဿဲခရစ်ဝင် 6:19‭-‬21
ပိုး​မွှား​နှင့်​သံ​ချေး​ဖျက်​ဆီး​တတ်​၍ သူ​ခိုး​များ​ဖောက်​ထွင်း​ခိုး​ယူ​နိုင်​ရာ မြေ​ကြီး​ပေါ်​၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အ​တွက် သို​မှီး​မ​ထား​ကြ​နှင့်။ပိုး​မွှား​နှင့်​သံ​ချေး​မ​ဖျက်​ဆီး​တတ်၊ သူ​ခိုး​များ​လည်း မ​ဖောက်​ထွင်း​မ​ခိုး​ယူ​နိုင်​ရာ ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​တွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သို​မှီး​ထား​ကြ​လော့။အ​ကြောင်း​မူ​ကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​၏​စိတ်​နှ​လုံး​လည်း ရောက်​တတ်​၏။(မြန်မာ့စံမီ)
၉။ငွေဟာသင့်ဘဝအတွက်အရေးအကြီးဆုံးမဟုတ်ဘူးဆိုတာအမြဲသတိထားပါ။
ရှင်မဿဲခရစ်ဝင် 16:26 လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်