စနေ, ဧပြီ 20, 2024

သေခြင်းတရားကိုဆင်ခြင်ခြင်း

နိဒါန်း

အားလုံးခရစ်တော်၌မင်္ဂလာပါ။
လူ့အနေနဲ့ကြည့်မယ်ဆိုရင်အခုလိုလူ‌ သေတဲ့အခါမှာမင်္ဂလာလို့နူတ်ဆက်တာမသင့်တော်သလိုရှိပေမယ့်၊ခရစ်တော်ယေရှုအားဖြင့်ယနေ့မင်္ဂလာရှိခြင်းဖြစ်ပါတယ်။သေခြင်းတရားလို့ပြောလိုက်တဲ့အခါလူတိုင်းပြောပြစရာမလိုအောင်သိထားကြတာကလူတိုင်းသေရမယ်ဆိုတာပါ။ယနေ့ကမ္ဘာပေါ်မှာလူပေါင်းအများကြီးမတူညီတဲ့နေရာဒေသမှာနေထိုင်ကြပါတယ်။2020ခုနှစ်ထိနောက်ဆုံးတွက်ချက်မှုအရလက်ရှိကမ္ဘာပေါ်မှာလူပေါင်း7.7ဘီလီယံ(သန်းပေါင်း၇၇၀၀)ဝန်းကျင်ရှိနေပါပြီ။ဒီလောက်များတဲ့လူတွေထဲမှာနေ့စဉ်နဲ့အမျှလူပေါင်း၃သိန်းလောက်မွေးဖွားလာနေကြပြီး၊တစ်ရက်ထဲမှာလူပေါင်း၁သိန်း၅သောင်းလောက်သေနေကြတယ်လို့အမေရီကန်စစ်တမ်းကောက်ချက်တခုမှာဖော်ပြထားပါတယ်။။သဘောကတော့တစ်စက္ကာန့်တိုင်းမှာလူ၄ယောက်ဖွားမြင်လာနေပြီးလူ၂ယောက်သေနေတာပါ။ဒါတောင်စစ်ဖြစ်တာနဲ့ဘေးအန္တရာယ်ကြောင့်အစုလိုက်အပြုံလိုက်သေတာမျိုးမပါသေးပါဘူး။အဲတာထည့်တွက်ရင်ဒီထက်များနိုင်ပါတယ်။ဆိုတော့သေခြင်းတရားဆိုတာလူသားတိုင်းတနေ့ရင်ဆိုင်ရမယ့်လမ်းမို့ဒီသေခြင်းတရားကိုအမြဲဆင်ခြင်နှလုံးသွင်းတတ်ဖို့လိုပါတယ်။ဒါကြောင့်ဒီနေ့ဒီအချိန်လေးမှာသမ္မာကျမ်းစာအားဖြင့်သေခြင်းတရားကိုအတူတကွဆင်ခြင်ကြည့်ကြပါစို့။

၁။သေခြင်းကိုအမြင်မှန်ခြင်း

သေခြင်းကိုအမြင်မှန်မှသေခြင်းတရားကိုမကြောက်တဲ့သူဖြစ်လာမှာပါ။ဒါပေမယ့်လက်တွေ့မှာတော့လူတွေဟာသေခြင်းတရားကိုရင်မဆိုင်ရဲဘဲရှောင်နေကြတာယခုထိပါဘဲ၊ဥပမာကျွန်တော်တို့တရုတ်လူမျိုးသမိုင်းမှာဆိုရင်သေတာကိုသေတယ်“死亡”si wangလို့ဒဲ့တိုးမပြောရဲကြပါဘူး၊ဘုရင်သေရင်“驾崩”jiabengပြောပြီး၊သာမန်ပြည်သူသေရင်“离世”lishiလို့ပြောပါတယ်။လူအိုတွေသေရင်“登仙”denxianခေါ်ပြီးကလေးငယ်လေးတွေသေရင်夭折yaozheလိူ့ခေါ်ပြန်ပါတယ်။တရုတ်ဘုန်းကြီးတွေသေရင်圆寂yuanjiလို့ခေါ်ပြီးတရုတ်အထက်လမ်းဆရာတွေသေရင်羽化yuhuaလို့ခေါ်ပြန်ပါတယ်။သေတယ်ဆိုတာကိုအထူးရှောင်ကြတာပါ။
တရုတ်သမိုင်းမှာနာမည်ကြီးခဲ့တဲ့ကွန်ဖြူးရှပ်ကတောင်သူ့တပည့်ကသေခြင်းတရားကိုမေးလာတဲ့အခါဘယ်လိုဘဲဖြေပေးခဲ့လဲဆိုရင် “未知生,焉知死”wei zhi sheng yan zhi si“ရှင်နေတဲ့အကြောင်းတောင်ငါမသိဘူး၊သေတဲ့အကြောင်းငါဘယ်လိုလုပ်သိမှာလဲ”ဆိုပြီးဖြေပေးခဲ့ပါတယ်။ဒီလိုနဲ့ဘဲတရုတ်လူမျိုးတွေဟာမသိလို့၊မသေချင်လို့၊အမင်္ဂလာဖြစ်လို့ဆိုပြီး“သေတယ်”ဆိုတာကိုအထူးရှောင်ကြတာပါ။ဒါပေမယ့်သေတယ်ဆိုတာကိုဘယ်လောက်ရှောင်နေပါစေလက်တွေ့မှာသေခြင်းတရားရောက်လာတဲ့အခါတော့တရုတ်လူမျိုးတွေလဲသေကြရတာပါဘဲ။ဒါကြောင့်သေခြင်းတရားကိုဆင်ခြင်ပြီးအမြင်မှန်ရထားဖို့လိုပါတယ်။
ပညာရှင်တဦးကဒီလိုစကားပြောဖူးတာရှိပါတယ်” ရှေ့မှာဘာဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်ဘူး၊ဒါပေမယ့်၁၀၀%သေချာနိုင်တာတခုကသေရမယ်ဆိုတာပါဘဲတဲ့။ပညာရှိသူဟာမသေခင်အသင့်ပြင်ဆင်မယ်၊ပညာမဲ့သူကတော့သေခြင်းကိုမရင်ဆိုင်ရဲဘဲတိမ်းမလွတ်မှန်းသိနေပေမယ့်တိမ်းရှောင်နေကြသူတွေပါဘဲတဲ့။

ချစ်သောမိတ်ဆွေတို့ဒီနေ့သမ္မာကျမ်းစာတော်မြတ်ထဲမှာတော့သေခြင်းတရားကိုမတိမ်းရှောင်ထားဘဲဒဲ့တိုးရင်ဆိုင်ဖို့တိုက်တွန်းထားပါတယ်။ဒေသနာကျမ်း၇:၂မှာဘယ်လိုပြောလဲဆိုရင်“မသာအိမ်သို့သွားခြင်းသည်၊ပွဲခံရာအိမ်သို့သွားခြင်းထက်သာ၍ကောင်း၏။အကြောင်းမူကား၊လူခပ်သိမ်းတို့သည်မသာအိမ်၌လမ်းဆုံးရကြ၏။အသက်ရှင်လျက်ရှိသောသူတို့လည်း၊အသင့်နှလုံးသွင်းမိကြလိမ့်မည်။”ကျမ်းစာကတော့ရှင်းပါတယ်၊လူသေတဲ့နေရာတွေများများသွားပါတဲ့၊ဒါမှသင်သေရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးဝင်ပြီးမသေခင်ပြင်ဆင်တတ်လာမယ်ဆိုပါတယ်။တနည်းအားဖြင့်သမ္မာကျမ်းစာဟာအစကနေအဆုံးထိသေခြင်းတရားအတွက်လွတ်လမ်းပေးနေတဲ့လမ်းညွန်စာအုပ်ဆိုလဲမမှားပါဘူး၊ကျမ်းစာအစမှာလူတွေဘာကြောင့်သေရသလဲဆိုတာဖော်ပြထားပြီးကျမ်းစာအလယ်မှာဒီသေခြင်းကနေလွတ်မြောက်ဖို့ယေရှုခရစ်တော်ဆီလမ်းညွန်ထားပါတယ်၊ကျမ်းစာနောက်ဆုံးမှာတော့သေခြင်းတရားကိုအဆုံးသတ်ထားတာပြန်ဖတ်ရပါတယ်။ချစ်သောညီကိုမောင်နှမတို့ယနေ့ဒီစျာပနကိုသင်သက်ရောက်ခြင်းဟာသင့်အတွက်အကျိုးကြီးလှပါပေတယ်၊နာရေးကိစ္စဆိုတာထက်သေခြင်းတရားကိုအမှန်မြင်ပြီးကြိုတင်ပြင်ဆင်ဖို့ဆင်ခြင်မိစေမှာပါ။

၂။သေခြင်းကိုအောင်မြင်ခြင်း

သေခြင်းတရားကိုကြောက်လို့ရှောင်ပုန်းနေတာမဟုတ်ဘဲအမြင်မှန်ရပြီးဆင်ခြင်တတ်လာပြီဆိုရင်၊လွတ်လမ်းတခုခုတော့ရှာဖို့လိုလာပါပြီ။ငါလဲတရက်ကျရင်သေရမှာပါလားဆိုပြီးဆင်ခြင်တတ်လာတာထက်ဒီသေခြင်းတရားကိုငါဘယ်လိုလုပ်ပြီးအောင်နိုင်မလဲဆိုတဲ့အဖြေကပိုအရေးပါလာပါပြီ။သေခြင်းကိုဘယ်လိုအောင်နိုင်မလဲဆိုတာအဖြေရှာတဲ့အခါဘာလို့သေရတာလဲဆိုတဲ့ဒီပြသနာအရင်းမြစ်ကိုအရင်သိဖို့လိုပါတယ်။ဒါမှအနာသိဆေးတိုးဖြစ်မှာ
ပါ။သမ္မာကျမ်းစာရောမဩဝါဒစာ၅:၁၂မှာအပြစ်တရားကြောင့်သေခြင်းဟာလောကထဲရောက်လာတယ်လို့ဖော်ပြထားပါတယ်။အပြစ်ကြောင့်လူတိုင်းသေနေရတဲ့အချိန်မှာယေရှုဘုရားကလူသားတိုင်းရဲ့အပြစ်အတွက်အသေခံပြီးကယ်တင်သွားခဲ့ပါတယ်။သုံးရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ခဲ့ပြီးလူသားတိုင်းကိုအာမခံစကားတခွန်းပြောခဲ့ပါတယ်၊အဲတာကတော့ရှင်ယောဟန်၁၁:၂၅မှာ” ယေရှုကလည်း၊ငါသည်ထမြောက်ခြင်းအကြောင်း၊အသက်ရှင်ခြင်းအ
ကြောင်းဖြစ်၏။ငါ့ကိုယုံကြည်သောသူသည်သေလွန်သော်လည်းရှင်လိမ့်မည်။”လို့ဖြစ်ပါတယ်။ဒါဟာသေခြင်းတရားကိုအောင်မြင်ခြင်းပါဘဲ။ဘာကြောင့်လဲဆိုတော့ယေရှုကိုယ်တိုင်သေပြီးပြန်ရှင်လာတဲ့သူမို့သူ့ကိုယုံကြည်ရင်သူ့လိုပြန်ရှင်လာမယ်ဆိုတဲဘောပေါ။ဒီအာမခံချက်ဟာလူသားတိုင်းကိုပေးထားပြီးဖြစ်ပါတယ်၊ဒါပေမယ့်ယေရှုခရစ်တော်ကိုတကယ်လက်တွေ့ယုံကြည်လက်ခံသူသာလျှင်သေခြင်းကိုအောင်နိုင်မှာဖြစ်ပါတယ်။တချိန်ကျရင်သေမယ်ဆိုရင်တောင်အိပ်ပျော်သလိုပါဘဲ၊ဘာကြောင့်လဲဆိုတော့ယေရှုကိုယုံကြည်လို့ပြန်ရှင်လာပါလိမ့်မည်။ဟာလေလုယာ။

၃။အကောင်းဆုံးအသက်ရှင်ခြင်း

သေခြင်းကိုမကြောက်တော့ဘဲယေရှုခရစ်တော်ကြောင့်အာမခံရရှိထားသူတွေအတွက်ရှေ့လျှောက်အသက်တာမှာအဓိပ္ပာယ်ပိုရှိလာစေပါတယ်။သေခြင်းကိုကြောက်စိတ်မရှိတော့ဘဲအသက်ရှင်ရုံတင်မက၊လူဘဝကိုအကောင်းဆုံးအသက်ရှင်လာတတ်ပါတယ်။ဒါဘာကြောင့်လဲဆိုတော့ဟေဗြဲ၉:၂၇မှာ” လူသည်တခါတည်းသေ၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရမယ်” ဆိုထားလို့ပါ။လောကမှာအသက်ရှင်စဉ်ပြုလေသမျှအရာအားလုံးအတွက်သေရင်စီရင်ခြင်းခံရမှာမို့လက်လွတ်စပယ်အသက်ရှင်ခြင်းမဟုတ်ဘဲအကောင်းဆုံးအသက်ရှင်တတ်လာတာပါ။

နိဂုံး

ချစ်သောညီကိုမောင်နှမတို့…ဒီနေ့ဟောသွားတာဟာသသမ္မာကျမ်းစာအားဖြင့်သေခြင်းတရားကိုဆင်ခြင်းပါ။သေခြင်းကိုပါးစပ်ကမပြောဝံ့အောင်ရှောင်ပြေးနေခြင်းမဟုတ်ဘဲအမြင်မှန်ဖို့လိုပါတယ်၊အမြင်မှန်လာတဲ့အခါလူတိုင်းသေခြင်းကိုအောင်မြင်ဖို့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့လိုပါတယ်။ဒီလိုမှသာရှေ့လျှောက်မှာအကောင်းဆုံးအသက်ရှင်သွားနိုင်ပါလိမ့်မယ်။ဒီနေ့နူတ်ကပတ်တော်ကိုကြားနာသူအယောက်ဆီတိုင်းသေခြင်းတရားကိုအမြင်မှန်ပြီးသေခြင်းတရားကိုအောင်နိုင်သောသူများဖြစ်ကြပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။
အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်