စနေ, ဧပြီ 20, 2024

သံလွင်ခက်တနင်္ဂနွေ(Palm Sunday)

နှစ်စဉ်နှစ်တိုင်းရဲ့ရှင်ပြန်ထမြောက်ရာနေ့မတိုင်ခင်တပတ်အလိုတနင်္ဂနွေနေ့ဟာခရစ်ယာန်တိုင်းအတွက်သံလွင်ခက်တနင်္ဂနွေနေ့ဘဲဖြစ်ပါတယ်။သန့်ရှင်းသောအပတ်(Holy Week)ရဲ့အစပြုတဲ့နေ့လဲဖြစ်ပါတယ်။ဘာလို့သံလွင်ခက်လို့အမည်တွင်ရသလဲဆိုတော့၅ရာစုထဲကကနဦးအသင်းတော်ဖြစ်တဲ့ဂျေရုစလင်ယုံကြည်သူတွေဟာသန့်ရှင်း သောသစ်ခက်တနင်္ဂနွေနေ့ဆိုပြီးအဲဒီနေ့မှာသံလွင်တောင်သွားဝတ်ပြုကြပါတယ်၊အဲဒီနောက်ညနေခင်း‌ရောက်တော့မှလက်ထဲမှာစွန်ပလွံခက်နဲ့သံလွင်ခက်ကိုကိုင်ပြီး‌ ဂျေရုစလင်မြို့ထဲဝင်လာကြပါတယ်။ဒီအ လေ့အထဟာရာစုတခုပြီးတခုဆက်ခံလာကြတာယ နေ့ထိပါဘဲ။သံလွင်ခက်တနင်္ဂနွေဆိုတာသမ္မာကျမ်းစာရှင်မဿဲခရစ်ဝင်21:1-11အရ၊သခင်ယေရှုခရစ်တော်ဟာဂျေရုစလင်မြို့ကိုမြည်းစီးပြီးဝင်လာတဲ့အခါလူများစွာကဟောရှဏ္ဏဖြစ်စေသတည်းဆိုပြီးသစ်ခက်တွေနဲ့ကောသူတို့ရဲ့အဝတ်တွေကိုပါယေရှုလာရာလမ်းပေါ်ခင်းပေးခဲ့တဲ့အအတွက်ကြောင့်ဖြစ်ပါတယ်။မြည်းကလေးဆိုတာငြိမ်သက်ခြင်းနဲ့အောင်မြင်ခြင်းကိုပုံဆောင်ပါတယ်။ဟောရှဏ္ဏဆိုတာဟေဘရူးလို:הושענא‎ဖြစ်ပြီးအဓိပ္ပာယ်ကတော့“ငါတို့ကိုအမြန်လာကယ်တင်ပါ”လို့သက်ရောက်ပါတယ်။ဘာကြောင့်ကယ်တင်ပါတော့လို့အော်ကြရသလဲဆိုတော့ယုဒလူမျိုးတွေဟာ ရောမအင်ပါယာရာရဲ့လက်အောက်သူ့ကျွန်ဘဝရောက်နေလို့ပါ။မေရှိယပေါ်လာပြီးကယ်တင်မယ်ဆိုတာဓမ္မဟောင်းကျမ်းအရသူတို့အားလုံးလိုလိုသိထားကြတယ်၊မျော်လင့်နေတယ်။ဒါပေမဲ့သူတို့မျော်လင့်နေတဲ့ပုံစံကရောမလက်ထဲကနေသူတို့ကိုဦးဆောင်စစ်တိုက်ပြီးလွတ်လပ်ရေးရဖို့ဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်ဂျေရုစလင်မြို့ဝင်တဲ့အခါလူအုပ်ကြီးကအားရပါးရကြိုဆိုခဲ့ကြတာပါ၊ဒါပေမဲ့ယေရှုခရစ်တော်ကသူတို့‌ မျှော်လင့်နေတဲ့ပုံစံအတိုင်းမဟုတ်မှန်းသိတော့“ဟောရှဏ္ဏ”ကနေ“သူ့ကိုကားစင်တင်သတ်ပါ”ဆိုတဲ့ ကြွေးကြော်သံပြောင်းကုန်ပါတော့တယ်။

တနည်းအားဖြင့်ပြောရရင်ယေရှုခရစ်တော်ဂျေရုစလင်ဝင်လာတာဟာကားတိုင်ပေါ်အသေခံဖို့ဖြစ်ပါတယ်။အထူးသဖြင့်သူဟာဓမ္မဟောင်းကဘုရားသခင်ကတိတော်ရှိထားတဲ့မေရှိယဖြစ်ကြောင်း၊ခရစ်ဖြစ်ကြောင်း၊ကယ်တင်ရှင်ဖြစ်ကြောင်းသက်သေပြသွားတာပါ။ဘာလို့လဲဆိုတော့ခရစ်တော်လူ့ဇာတိမခံမှီအစောကြီးကတည်းကဇာခရိအနာဂတ္တိကျမ်း ၉:၉မှာဒီလိုဖော်ပြထားပြီးဖြစ်ပါတယ်:” အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။”

သံလွင်ခက်တနင်္ဂနွေနေ့ရောက်ရင်ဘုရားကျောင်းတွေမှာသံလွင်ခက်တွေ၊စန်ပလွံခက်တွေနဲ့အလှဆင်ကြပါတယ်၊မြန်မာပြည်မှာတော့တချို့သစ်ခက်တွေကိုင်ပြီးဗိမာန်တော်ကိုဝင်ပြီးအောက်မေ့ဝတ်ပြုကြတာရှိပါတယ်။သံလွင်ခက်တနင်္ဂနွေနေ့ဟာဝါတွင်းရက်၄၀ထဲရှိတဲ့၆ပတ်ထဲမှ၅ပတ်မြောက်တနင်္ဂနွေပါ။ဒီနှစ်2021ဆိုရင်3လပိုင်း28ရက်တနင်္ဂနွေနေ့ဖြစ်ပါတယ်။မဟာသောကြာကြီးနေ့အတွက်ရှေ့ပြေးပါ။ယနေ့သံလွင်ခက်တနင်္ဂနွေပြုလုပ်ရခြင်းမှာလူသားအားလုံးအတွက်သခင်ယေရှုခရစ်တော်အရောင်းစားခံရခြင်း၊ဖမ်းခံရခြင်း၊နှိပ်စက်ခံရခြင်း၊စီရင်ခံရခြင်း၊ကားစင်သတ်ခံရခြင်းတွေကို အောက်မေ့ခြင်းဖြစ်ပါတယ်။ဒီလိုဘုန်းကြီးတဲ့လမ်းဖြစ်မဲ့ကားတိုင်လမ်းကိုစလှမ်းဝင်တဲ့ရက်ဖြစ်ပါတယ်။

မှတ်ချက်။ ။မပြည့်စုံမှုရှိခဲ့သော်ကျနော်Ye Ming၏အားနည်းချက်တာဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်