စနေ, ဧပြီ 20, 2024

သွန်သင်ခြင်းနေ့(အင်္ဂါ)

ဒီနေ့ဟာသန့်ရှင်းသောအပတ်တတိယနေ့ဖြစ်ပါတယ်။အဓိကဖော်ပြတဲ့ကျမ်းချက်တွေကတော့မဿဲ21:28-46၊ မာကု12:1-12၊လုကာ20:9-19 ဖြစ်ပါတယ်။ကျမ်းချက်တွေအရဒီနေ့မှာယေရှုခရစ်တော်ကသွန်သင်ခြင်းအများကြီးပြုလုပ်ခဲ့လို့သွန်သင်ခြင်းနေ့လို့ခေါ်တွင်ကြပါတယ်။ဒီသွန်သင်ခြင်းနေ့မှာအထူးသဖြင့်အမေးအဖြေငါးခု၊အမင်္ဂလာ၇မျိုး၊ပုံဥပမာ၆ခု၊ချီးမွမ်းခန်းတခုနဲ့နောက်ဆုံးသောကာလအကြောင်းငါးမျိုးပါဝင်ပါတယ်။

၁။အမေးအဖြေ၅ခု
(1)ယေရှုကို ဘယ်သူ့အခွင့်နဲ့လုပ်နေတာလဲ မေးခြင်း(မဿဲ21:23-27) ။ယေရှုကဗတ္တိဇံဆရာယောဟန်ကဘယ်သူ့အခွင့်နဲ့လုပ်နေတာလဲပြန် မေးတာကိုမဖြေနိုင်လို့ယေရှုလည်းဒီမေးခွန်းကိုမဖြေခဲ့ပေ။
(2)ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလောမေးခြင်း (မသဲ22:15-22):အဖြေကကဲသာဘုရင်ဟာကဲသာကိုပေးပါ။ဘုရားဥစ္စာကိုဘုရားကိုပေးပါလို့ဖြေခဲ့ပါတယ်။
(3)ထမြောက်ရှင်ပြန်ခြင်းရှိမရှိမေးခြင်း(မသဲ22:23-33)။အမျိုးတမီးတဦးဟာညီအကိုရရောက်ကိုတဦးသေပြီးတဦးပြန်ယူရင်ထမြောက်တဲ့အခါမည်သူ့ဇနီးလဲမေးသော်၊ယေရှုအဖြေကသင်တို့ဟာကျမ်းစာကိုနားမလည်လို့ဘုရားတန်ခိုးကိုမသိလို့ဒီလိုထင်ကြတာဖြစ်ကြောင်း၊ထမြောက်သောကာလမှာစုံဘက်ထိမ်းမြားပေးစားခြင်းမရှိကြောင်းဖြေဆိုခဲ့ပါတယ်။
(4)အဘယ်ပညတ်ကအကြီးဆုံးလဲဟု မေးခြင်း(မသဲ22:34-40)။ယေရှုကဘုရားသခင်ကိုအကြွင်းမဲ့ချစ်ခြင်းနဲ့လူကိုကိုယ်နှင့်အမျှချစ်ခြင်းဟာပညတ်ထဲကအကြီးဆုံးဖြစ်ကြောင်းဖြေဆိုခဲ့ပါတယ်။
(5)ခရစ်တော်ကအဘယ်သူ၏သားဖြစ်သနည်းဟုမေးခြင်း(မသဲ22:41-46)။ဒီမေးခွန်းကယေရှုကနေကျမ်းတတ်တွေကိုမေးခြင်းပါ။ဖာရိရှဲတွေကဒါဝိဒ်၏သားတော်လို့ဖြေလိုက်တဲ့အခါယေရှုကပြန်ပြီးဒါဆိုဒါဝိဒ်ကခရစ်တော်ကိုဘာလို့သခင်လို့ခေါ်ရတာလဲပြန်မေးတော့ဘယ်သူမှပြန်မဖြေနိုင်ခဲ့ပါ။

၂။အမင်္ဂလာခုနှစ်မျိုး(မသဲ23:13-36)
(1).ကောင်း ကင်တံခါးကိုလူတို့ရှေ့မှာပိတ်ထားပြီးမိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသူများအမင်္ဂလာရှိကြ၏။
(2).မရှိဆင်းရဲသားအပေါ်ခေါင်းပုံဖြတ်ပြီးအပြစ်မပေါ်အောင်ဆုအရှည်ကြီးတောင်းပြတတ်သူများအမင်္ဂလာရှိကြ၏။
(3).လူတွေကိုဘာသာထဲအတင်းဆွယ်ဝင်စေပြီး၊ငရဲနှစ်ဆကျစေသူများအမင်္ဂလာရှိကြ၏။
(4).ဩဝါဒအမှားကိုသင်ပေးသောလူကန်းများအမင်္ဂလာရှိကြ၏။
(5).ဆယ်ဘို့တစ်ဘို့ကိုဘဲထည့်ခိုင်းပြီး၊တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းများကို ချန်လှပ်၍ထားကြသူများအမင်္ဂလာရှိကြ၏။
(6).အပြင်ပန်းဖြောင့်မတ်ဟန်ဆောင်ပြီး၊အတွင်းနှလုံးသားပုပ်သိုးနေသူများအမင်္ဂလာရှိကြ၏။
(7).ဘုရားစေလွတ်သောအမှုတော် ဆောင်များကိုငြင်းပယ်တိုက်ခိုက်သူများအမင်္ဂလာရှိကြ၏။

၃။ပုံဥပမာသုံးခု
(1).သားကြီးသားငယ်(မသဲ21:28-32)။
(2).မင်းကြီးသားမင်္ဂလာဆောင်(မသဲ22:1-14)။
(3).ဆိုးသောဥယျာဉ်စောင့်(မသဲ21:33-46)။

၄။ချီမွမ်းခန်း
ဆင်းရဲသောမုတ်ဆိုးမ၏ကြေးနီဒင်္ဂါးနှစ်ပြားအလှူ(မာကု12:41-44၊ လုကာ21:1-4)။

၅။နောက်ဆုံးသောကာလနှင့်ပုံဥပမာ
(1).ဗိမာန်တော်ပျက်စီးခြင်း(မသဲ24:1-28)။
(2).ယေရှုတဖန်လာခြင်း(မသဲ24:29-44၊ လုကာ21:25-36)။
(3).သမ္မာသတိနှင့်ဆိုင်သောပုံဥပမာသုံးခု
က။သစွာနှင့်ပညာရှိသောကျွန်(မသဲ24:45-51)။
ခ။သတို့သမီးတကျိပ်(မသဲ25:1-3)။
ဂ။အစွမ်းရှိသည့်အတိုင်းခန့်အပ်သောတာဝန်(မသဲ25:14-30)။
(4).လူအပေါင်းကိုစီရင်ခြင်း(မသဲ25:31-46)။
(5).သေချိန်ကိုအရင်သိခြင်း(ယောဟန်12:20-50၊ မသဲ26:1-2၊ 3-50)။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့သွန်သင်ခြင်းနေ့ရဲ့တရားဒေသနာအားဖြင့်၊ကျွန်ပ်တို့အသက်တာမှာကောသခင်ယေရှုရဲ့သွန်သင်ခြင်းကိုဘယ်လိုပုံစံနဲ့ခံယူကြပါသလဲ?ယနေ့သခင်ယေရှုလူ့ဇာတိအဖြစ်နဲ့လောကမှာမရှိတော့ဘူးဆိုပေမဲ့သူ့စကားတွေဟာသမ္မာကျမ်းစာအဖြစ်လူတိုင်းလက်ထဲရှိနေပါပြီ၊ဒီသွန်သင်ချက်ဩဝါဒတွေကိုကျမ်းတတ်ဖာရိရှဲတွေလိုဘဲငြင်းပယ်တိုက်ခိုက်နေသလား?သို့မဟုတ်ဘုရားသခင်ရဲ့လူတွေရဲ့ဟောပြောမှုကိုမထီမဲ့မြင်ပြုနေသလား?အတူတကွဆင် ခြင်အသက်ရှင်သွားကြပါစို့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်