စနေ, ဧပြီ 20, 2024

အငယ်ဆုံးသောသူ

 
သမ္မာကျမ်းစာထဲမှာအငယ်ဆုံးသောသူနဲ့ပတ်သက်ပြီးလူစားသုံးမျိုးကိုရည်ညွန်းတာရှိပါတယ်၊၁။မိသားစုမှာအငယ်ဆုံးဖြစ်သူ၊၂။မိမိကိုယ်ကိုယ်နှိမ့်ချပြီးပြောတဲ့စကား၊၃။ကူညီဖို့အလိုအပ်ဆုံးလူတန်းစားတို့ဖြစ်ပါတယ်။သခင်ယေရှုပြောတဲ့အငယ်ဆုံးသောသူဆိုတာကတော့အချက်၃အမျိုးအစားပါ။ဒီခရစ်တော်ပြောတဲ့အငယ်ဆုံးသောသူဆိုတာကိုအသေးစိတ်သိဖို့ရန်အချက်၆ချက်နဲ့ဖော်ပြချင်ပါတယ်။အဲဒါမှအငယ်ဆုံးသောသူကိုကူညီဖို့ကောက်ထားတဲ့အသင်းတော်ထဲကပွဲတော်အလှူငွေအပါအဝင်ယုံကြည်သူတိုင်းကိုယ်စီတတ်နိုင်တဲ့ဖက်ကကူညီဖို့၊နည်းမှန်လမ်းမှန်နဲ့ကူညီရာမှန်ပြီးထိရောက်မှုရှိနိုင်မှာပါ။အငယ်ဆုံးသောသူဆိုတာအသက်ငယ်တာကိုပြောတာမဟုတ်သလိုကိုယ်ခန္ဓာသေးငယ်သူကိုလဲပြောနေတာမဟုတ်ပါ။

အငယ်ဆုံးသူနဲ့ပတ်သတ်ပြီးကျမ်းစာရှင်မဿဲခရစ်ဝင်၂၅:၃၄-၄၆မှာအခြေနေ၆မျိုးကြုံနေသူကိုဖော်ပြထားပါတယ်။
၁။စားစရာမရှိငတ်မွတ်နေသူများ (မဿဲ ၂၅:၃၅)
၂။နေစရာအခက်ခဲရှိသူများ(မဿဲ၂၅:၃၅)
၃။ဝတ်စရာအဝတ်မရှိသောသူများ(မဿဲ၂၅:၃၆)
၄။ဖျားနာနေသူများ(မဿဲ၂၅:၃၆)
၅။ထောင်ထဲရောက်နေသူများ(မဿဲ၂၅:၃၆)
၆။မိဘမဲ့နှင့်မုဆိုးမများ(တရားဟော၁၀:၁၈-၁၉)

 

စကားတခွန်းနဲ့အငယ်ဆုံးသောသူကိုဖော်ပြပါဆိုရင်အသင်းတော်ထဲက” ကူညီဖို့လိုအပ်နေသောသူတွေ” လို့ပြောရပါလိမ့်မယ်။သာသနာပလူတွေကောမပါဘူးလားဆိုရင်၊ပါပါတယ်၊ဒါပေမယ့်ဘုရားသခင်ရဲ့နိယာမတရားကအဦးဆုံးမိမိနဲ့ဘုရားကြားအရင်ပြေလည်စေတယ်၊ဒုတိယအနေနဲ့ကိုယ်နဲ့မိသားစုထဲပြေလည်ဖေးမတတ်စေတယ်၊တတိယအနေနဲ့အသင်းတော်ထဲမှာပါဝင်ပြီးဖေးမတတ်စေတယ်၊ဒီလိုပုံသက်သေရှိသွားတဲ့အခါသာသနာပလူတွေဆီကိုအဆင်ပြေပြေနဲ့ဖေးမကူညီနိုင်သူတွေဖြစ်လာစေပါတယ်။နောက်ဆုံးတခုပြောချင်တာကခုခေတ်မှာငွေကြေးချမ်းသာတဲ့မုဆိုးမတွေနဲ့ငွေကြေးချမ်းသာကြတဲ့ဖျားနာသူ၊ငွေကြေးချမ်းသာတဲ့ထောင်ထဲရောက်နေသူဆိုပြီးရှိတတ်ပါတယ်။ဆိုတော့ဒီချမ်းသာတဲ့လူတွေလိုအပ်နေတာငွေကြေးမဟုတ်ဘဲအခြားသောနွေးထွေးဖေးမကူညီမှုတခုခုဖြစ်နိုင်ပါတယ်။ဒါကြောင့်အငယ်ဆုံးသောသူဆိုတာသိရှိပြီးလိုအပ်နေသူကိုလိုအပ်တာထိရောက်ကူညီဖေးမဖို့လိုကြောင်းခွန်အားပေးလိုက်ရပါတယ်။

 

ကျမ်းချက်
မင်းကြီးက၊ ငါအမှန်ဆို သည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။(မဿဲ ၂၅:၄၀)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်