စနေ, ဧပြီ 20, 2024

အစိုးပိုင်သောအခွင့်နေ့(တနင်္လာ)

ဒီနေ့ဟာယေရှုခရစ်တော်ဂျေရုစလင်မြို့ကိုဝင်ပြီးဖြစ်တဲ့သန့်ရှင်းသောအပတ်ဒုတိယနေ့” အစိုးပိုင်ခွင့်နေ့” ဘဲဖြစ်ပါတယ်။ဘာလို့ဒီနေ့ကိုအစိုးပိုင်ခွင့်နေ့လို့ပြောကြသလဲဆိုတော့ဒီနေ့မှာသခင်ယေရှုကအာဏာစက်နဲ့ပတ်သက်ပြီးအမှုနှစ်ခုပြုခဲ့လို့ပါ။ပထမတမျိုးက“သင်္ဘောသဖန်းပင်ကိုကျိန်ခြင်း”နဲ့ဒုတိယက“ဗိမာန်တော်ကိုသန့်ရှင်းခြင်း”ဘဲဖြစ်ပါတယ်။ဒီနေ့ဒီနှစ်ချက်ကိုအတူတကွဆင်ခြင်ကြရအောင်။

၁။သင်္ဘောသဖန်းပင်ကိုကျိန်ခြင်း
သင်္ဘောတဖန်းပင်ဆိုတာဣသရေလလူမျိုးကိုပုံဆောင်ပါတယ်(ယေရမိ၂၄:၅၊ဟောရှေ၉:၁၀)။ဆိုတော့သမ္မာကျမ်းစာမဿဲ21:18က“နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။”လို့ဆိုပါတယ်၊ဒီနေရာမှာဘယ်ကပြန်လာသလဲဆိုတော့ဗေသနိကနေစောစောပြန်လာကြတာပါ(မာကု၁၁:၁၁-၁၂)။ပုံဆောင်ချက်ကယေရှုဟာဣသရေလလူမျိုးထဲပြန်လာတဲ့သဘောပါ။ဆာလောင်တယ်ဆိုတဲ့ပုံဆောင်ခြင်းကယေရှုဟာဘုရားသခင်ရဲ့လိုလားချက်ကိုဣသရေလလူထဲသယ်ဆောင်လာကြောင်း၊ဒါပေမဲ့ယေရှုလာပြီးကြည့်မှအရွက်ဘဲရှိပြီးအသီးမရှိဘူးဆိုတာဟာဣသရေလလူမျိုးတွေကအပေါ်ယံယုံကြည်မှုသာရှိပြီးအတွင်းသက်သေမရှိတာကိုဆိုလိုတာပါ။ယေရှုခရစ်တော်ကယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်ဆိုလိုက်ခြင်းဟာဣသရေလလူမျိုးတွေမေရှိယကိုငြင်းပယ်ကြလို့ဘုရားသခင်ကလဲသူတို့ကိုငြင်းပယ်လိမ့်မည်ဆိုတဲ့သဘောပါ။ခြုံပြီးပြောရရင်ယေရှုခရစ်တော်သင်္ဘောသဖန်းပင်ကိုကျိန်ရခြင်းဟာဣသရေလလူမျိုးကိုအရေခွံဘဲရှိပြီးလက်တွေ့အသက်တာမရှိရင်ဘုရားသခင်ရဲ့စွန့်ပစ်ခြင်းခံရမှာဖြစ်ကြောင်းနဲ့၊တချိန်ထဲမှာဘဲချက်ခြင်းမိန့်ဆိုလိုက်တဲ့အတိုင်းဖြစ်သွားခြင်းအားဖြင့်ယေရှုခရစ်တော်ရဲ့အစိုးပိုင်သောအခွင်ကို ပေါ်လွင်စေပါတယ်။

ယနေ့ကျွန်ုပ်တို့ယုံကြည်သူများထဲမှာလဲယေရှုခရစ်တော်ခေတ်ကဣသရေလလူလိုမျိုးအများကြီးရှိပါတယ်။ယုံကြည်တယ်ဆိုပြီးပါးစပ်ကဘုရားဘုရားနဲ့လက်ကကားယားကားယားလုပ်နေသူတွေပါ။ခရစ်ယာန်ဆိုတဲ့နာမည်ခံထားပြီး၊ဘာသာဝင်ထားပြီးခရစ်တော်အသက်တာမရှိကြတဲ့အပေါ်ယံသမားတွေအများကြီးပါ။ဒီလိုလူတွေဟာသွေ့‌ ခြောက်သွားမဲ့သင်္ဘောသဖန်းပင်လိုပါဘဲ။ရှင်ယောဟန်၁၅:၂-၆မှာလဲဒီလိုအသီးမသီးဘဲဟန်ဆောင်ထားတဲ့အကိုင်းတွေအကုန်ခုတ်ပြစ်မယ်လို့ဆိုထားပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူများယုံကြည်ရာကိုးကွယ်ရာမှာဟန်မဆောင်ကြပါနဲ့၊နာမည်ခံဘဲမဖြစ်စေပါနဲ့၊ကိုယ်ရထားတဲ့ကယ်တင်ခြင်းကျေးဇူးအတိုင်းညီမျှသောအသက်တာရှိ စေပါ။

၂။ဗိမာန်တော်ကိုသန့်ရှင်းခြင်း
သန့်ရှင်းသောအပတ်ဒုတိယနေ့မှာယေရှုခရစ်တော်ပြုခဲ့တဲ့ဒုတိယအလုပ်ကဗိမာန်တော်ကိုသန့်ရှင်းခြင်းပါ။ဒီအကြိမ်ကဗိမာန်တော်ကိုဒုတိယအကြိမ်သန့်ရှင်းခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့(ရှင်ယောဟန်2:13-17)အရယေရှုခရစ်တော်ဟာလွန်ခဲ့တဲ့၃နှစ်တုန်းကပထမအကြိမ်ဗိမာန်တော်ကိုသန့်ရှင်းရေးလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့သုံးနှစ်လွန်ပြီးတဲ့ယခုအချိန်မှာလဲဗိမာန်တော်မှာဒီလိုညစ်ပေနေတဲ့အရာနဲ့ပြည့်နေတာတွေ့လို့ပြန်သန့်ရှင်းခဲ့တာဖြစ်တယ်။ဘယ်အရာတွေကဗိမာန်တော်ကိုညစ်ပေေစခဲ့တာလဲ?သမ္မာကျမ်းစာအရဗိမာန်တော်ထဲမှာသိုးနွားချိုးငှက်အရောင်းအဝယ်လုပ်သူနဲ့ငွေလဲသူတွေစီပွားရှာသူတွေနဲ့ဖရိုဖလဲဖြစ်နေတယ်။ အမှန်ကတော့ရပ်ဝေးကနေလာသူတွေအတွက်ယစ်ပူဇော်ဖို့အဆင်ပြေေအာင်ဆိုပြီးလုပ်တာကတကြောင်း၊ဗိမာန်တော်မှာရောမနဲ့ဂရိ‌ ငွေကိုလက်မခံတဲ့မတွက်ဟေဘရူး ငွေကိုလဲလှယ်ပြီးထည့်စေဖို့ကတကြောင်းရည်ရွယ်ပြီးလုပ်ဆောင်ကြတာပါ။ဒါပေမဲ့ဒီအရာတွေဟာတပါးအမျိုးသားတွေအတွက်နေရာချထားပေးတဲ့ဗိမာန်တော်ဝင်းထဲမှာလုပ်နေကြတာဖြစ်သောကြောင့်ဆူဆူညံညံနဲ့သူတပါးဆုတောင်းဖို့လုံးဝအနှောင့်အယှက်ဖြစ် ‌နေတာပါ။တနည်းအားဖြင့်ဗိမာန် တော်ဟာဆုတောင်းဖို့နေရာကနေစီးပွားရေးပဠိပခနေရာဖြစ်နေတဲ့သဘောပါ။ဒါကြောင့်လဲသခင်ယေရှုကဗိမာန်တော်ထဲကဒီအရာတွေအကုန်မောင်းထုတ်ပြီး ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဆိုပြီး ဆုံးမဩဝါဒပေးတော်မူခဲ့တာပါ။

ဆိုတော့သခင်ယေရှုဗိမာန်တော်ကိုသန့်ရှင်းစေတဲ့အရာအားဖြင့်ကျွန်ုပ်တို့အတွက်ဘာသင်ခန်းစာရပါသလဲ?ဒီနေ့ကျွန်ုပ်တို့ဆီမှာသမ္မာကျမ်းစာအရဗိမာန်ေတာ်နှစ်မျိုးရှိနေပါတယ်။ပထမတမျိုးကကျွန်ုပ်တို့ပတ်တိုင်းသွားနေတဲ့အသင်းတော်ပါ။ဒုတိယတမျိုးက၁ကော၃:၁၆အရကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကဘုရားသခင်ရဲ့ဗိမာန်တော်လို့ဆိုပါတယ်၊ဘုရားသခင်ရဲ့ဝိညာဉ်ကဒီနှစ်နေရာလုံးမှာကိမ်းဝပ်နေတယ်လို့ကျမ်းစကားရှိပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ဆင်ခြင်ရမှာကကျွန်ုပ်တို့အသင်းတော်ဟာဝတ်ပြုသောသူအတွက်သီးသန့်နေရာပေးနေပြီလား?သို့မဟုတ်ဆုတောင်းတဲ့နေရာကလောကီအမှုပြုတဲ့နေရာဖြစ်နေပြီလား?နောက်တခုကမိမိခန္ဓာကိုယ်ဟာဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုရင်ဒီခန္ဓာကိုယ်ကိုသန့်ရှင်းစေပြီလား?သို့မဟုတ်အပြစ်ထဲပျော်ပါးနေသလား…စသဖြင့်အသက်တာမှာဆင်ခြင်သုံးသပ်ပြီးအသက်ရှင်သွားဖို့လိုအပ်လှပါတယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့အစိုးပိုင်ခွင့်နေ့ရဲ့တရားဒေသနာအားဖြင့်၊သခင်ယေရှုခရစ်တော်ပြုခဲ့တဲ့သင်္ဘောသဖန်းပင်ကိုကျိန်ခြင်းနဲ့ဗိမာန်ေတာ်ကိုသန့်ရှင်းခြင်းအားဖြင့်အကျွန်ုပ်တို့အသက်တာမှာအေပါ်ယံယုံကြည်ခြင်းမျိုးမဟုတ်၊တကယ့်လက်တွေ့အသီးအပွင့်တွေရှိဖို့၊ကိုယ်ရရှိထားတဲ့ကယ်တင်ခြင်းကျေးဇူးနဲ့ညီမျှတဲ့အကျင့်ကောင်းတွေရှိလာဖို့ဆင်ခြင်ကြပါစို့။ဘုရားသခင်နဲ့အမြဲမပျက်ဆက်သွယ်ပဌာနာပြုဖို့ဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တဲ့မိမိအသင်းတော်နဲ့မိမိခန္ဓာကိုယ်ကိုသန့်ရှင်းစေလျက်အသက်ရှင်ကြပါစို့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်