စနေ, ဧပြီ 20, 2024

အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကိုမိစ္ဆာအယူလွဲလို့သတ်မှတ်ရတဲ့အကြောင်းရင်း

“နူတ်ကပတ်‌တော်သည်လူ့ဇာတိ၌ပေါ်လာ၏”ဆိုတဲ့သူတို့ရဲ့ကျမ်းစာကိုဖတ်ကြည့်ခြင်းအားဖြင့်သူတို့သည်…

၁။သမ္မာကျမ်းစာကသွန်သင်‌သောသုံးပါးတဆူ(တလုံးတဝ)ကိုလက်မခံခြင်း။

၂။သမ္မာကျမ်းစာကို‌ဘုရားစကားဟုမယုံကြည်ကြဘဲလူ‌ရေးထားပြီးခေတ်နောက်ကျပြီမို့၁၀၀%အပြည့်အဝမယုံကြည်ခြင်း။

၃။သမ္မာကျမ်းစာကိုယုံကြည်နေသေးသူများသည်လိမ်ခံရသူဖြစ်သည်ဟုဆိုထားပြီး၊သူတို့‌ရေးတဲ့ကျမ်းစာအသစ်“နူတ်ကပတ်‌ တော်သည်လူ့ဇာတိ၌ပေါ်လာ၏”ကိုယုံကြည်ရမည်ဟုဆိုခြင်း။

၄။ယေရှုသည်ဖန်ဆင်းရှင်မဟုတ်ဘဲဖန်ဆင်းခံသာဖြစ်သည်ဟုဆိုခြင်း။

၅။ယေရှုခရစ်တကယ်ရှင်ပြန်ထမြောက်တာမရှိခဲ့ဟုယတိပြတ်ငြင်းဆိုထားခြင်း။

၆။ယေရှုခရစ်ရဲ့ကယ်တင်ခြင်းဟာမပြည့်စုံလို့တရုတ်မအဖြစ်ဒုတိယအကြိမ်ပြန်တခါလူ့ဇာတိခံဖို့လိုသည်ဟုဆိုခြင်း။(လူ့ဇာတိ၂ကြိမ်ခံရမည်ဟုကျမ်းစာလုကာ၁၇:၂၄-၂၅ကိုတလွဲခံယူသွန်သင်ခြင်း)

၇။‌ပထမအကြိမ်လူ့ဇာတိခံတဲ့ချိန် ယေရှုဆိုတဲ့အမျိုးသားကိုယ်လုံးနဲ့လာပြီး၊အခုနိုင်ငံတော်ခေတ်မှာတရုတ်မ(အမျိုးသမီးကိုယ်လုံး)အားဖြင့်လူ့ဇာတိခံပြီးကျား/မတန်းတူဖြစ်ကြောင်းပြည့်စုံစေဖို့ဟုတလွဲသွန်သင်ခြင်း။

၈။ဝိညာဉ်တော်ဘုရားဟာခမည်းတော်ရဲ့အလုပ်သာဖြစ်ပြီးဘုရားအဖြစ်တည်ရှိခြင်းမဟုတ်ဟုဆိုခြင်း။

၉။ယနေ့ခေတ်မှာနိမိတ်လက္ခဏာမရှိတော့ဟုဆိုခြင်း၊ရှိပါကလည်းအဲလိုလုပ်သူသည်မိစ္ဆာဆရာများပင်ဖြစ်ကြသည်ဟုဆိုခြင်း။

၁၀။ဗတ္တိဇံမလို၊ပွဲတော်စားစရာမလို၊ဧဝံဂေလိလုပ်စရာမလို၊အသင်းတော်မလို၊အလှူငွေမလို(လှူရင်မိသားစုဝင်ငွေအကုန်လှူရမည်)ဟုသွန်သင်ကာလက်ရှိအသင်းတော်ကိုကွဲပြားစေခြင်း။

၁၁။နိုင်ငံတော်ခေတ်ရောက်ပြီမို့ဒုတိယအကြိမ်လူ့ဇာတိလာခံတဲ့အနန္တတန်ခိုးရှင်(တရုတ်မ)ကိုလက်မခံရင်ကယ်တင်ခြင်းမရဘူးလို့ဆိုခြင်း။ယေရှုနာမ မသုံးရတော့ဘဲဒီအနန္တတန်ခိုးရှင်တရုတ်မရဲ့နာမနဲ့ဆုတောင်းရမည်ဟုသွန်သင်ခြင်း။

၁၂။‌ ကျေးဇူးတော်ခေတ်ကုန်သွားပြီမို့၊မယုံကြည်သူကိုဧဝံဂေလိထပ်လုပ်စရာမလိုတော့ပါ၊ယုံကြည်ပြီးသား(ခရစ်ယာန်)တွေကိုသာသူတို့ယုံကြည်နေတာငါ(တရုတ်မ)ဘဲဖြစ်ကြောင်းလက်ခံလာအောင်ဆွဲဆောင်ပါလို့သွန်သင်ခြင်း။

၁၃။အမှု‌‌တော်ဆောင်ဖို့၊လိမ်လို့ရ၊အတုအယောင်လုပ်လို့ရ၊ဟန်ဆောင်လို့ရ၊ကာမဆက်ဆံလို့ရ၊နောက်ဆုံးဘုရားခိုင်းလို့ဆိုပြီးလူသတ်ရင်တောင်ရတယ်လို့သွန်သင်ခြင်း။

၁၄။‌ကောင်းကင်သစ်မြေကြီးသစ်မှာတည်မယ့်ကောင်းကင်နိုင်ငံဟာယခုပင်တည်နေပြီဖြစ်ကြောင်း၊ယခုပင်အနန္တတန်ခိုးရှင်(တရုတ်မ)ကိုယုံကြည်လက်ခံလိုက်တာနဲ့ဝင်စားရမည်ဟုသွန်သင်ထားခြင်း။

၁၅။ခေတ်ကာလသုံးမျိုး(ပညတ်ကာလမှာယေ‌ဟောဝါဘုရား၊ကျေးဇူးတော်ခေတ်မှာယေရှုခရစ်တော်၊အခုနိုင်ငံတော်ကာလမှာအနန္တတန်ခိုးရှင်တရုတ်မအဖြစ်)အလုပ်လုပ်ကြောင်းသွန်သင်ပြီးဂျင်းထည့်ခြင်း။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်