စနေ, ဧပြီ 20, 2024

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(International Youth Day) IYDဆိုတာ၁၉၉၉ခုနှစ်ကကုလသမဂ္ဂအဖွဲ့စည်းကနေ54ကြီမ်မြောက်စည်းဝေးရဲ့နံပတ်120ဆုံးဖြတ်ချက်အရနှစ်စဉ်နှစ်တိုင်းရဲ့8လ၁၂ရက်နေ့မှာသတ်မှတ်လိုက်တဲ့နေ့ဖြစ်ပါတယ်။ပထမဦးဆုံးသောအပြည်ပြည်ဆိုင်ရာလူငယ်များနေကိုတော့၂၀ဝ၀ခုနှစ်၈လပိုင်း၁၂ရက်နေ့မှာစတင်ခဲ့ပါတယ်။အဲဒီနောက်နိုင်ငံအသီးသီးကအစိုးရအဖွဲ့တွေလဲဒီနေ့ကိုအသိမှတ်ပြုပေးပြီးအဲဒီနေ့မှာသီချင်းဆိုပွဲများ၊စကားဝိုင်းများ၊လူငယ်နဲ့ပတ်သတ်ပြီးအကျိုးရှိစေမယ့်အရာများကိုအစိုးရနဲ့ပြည်သူတွေပူးပေါင်းပြီးလုပ်ဆောင်လာကြပါတယ်။နှစ်စဉ်နှစ်တိုင်းမတူညီတဲ့ခေါင်းစဉ်နဲ့လူငယ်တွေရဲ့ပြဿနာရှေ့ရေးကိုကူညီဖြေရှင်းရင်းယနေ့ထိတိုင်အောင်ပြန့်ပွားလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

International Youth DayကိုWorld Youth Dayနဲ့မမှားဖို့လိုပါတယ်။ကမ္ဘာ့လူငယ်များနေ့(World Youth Day)ဆိုတာကတ်သလစ်အသင်းတော်တွေကနေသတ်မှတ်ပြီးလုပ်နေတဲ့လူငယ်များနေ့ဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းမတူညီတဲ့ခေါင်းစဉ်ကျမ်းချက်နဲ့နေ့ရက်အတိကျသတ်မှတ်ထားခြင်းမရှိဘဲပြောင်းလဲနေတတ်ပြီးနေရာတခုရွှေးချယ်စုဝေးတဲ့နေ့ဖြစ်ပါတယ်။ဒါတွေကလွဲလို့၂-၃နှစ်တခါကျင်းပတဲ့Asian Youth Day(AYD)လဲရှိသေးသလို၊နိုင်ငံအလိုက်မိမိနိုင်ငံသမိုင်းနဲ့သတ်မှတ်ထားတဲ့လူငယ်များနေ့အသီးသီးရှိကြတာနားလည်ထားရပါမည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဟာခရစ်ယာန်အသင်းတော်ရဲ့နေ့ထူးနေ့မြတ်ထဲတော့မပါဝင်ပါဘူး၊ဒါကြောင့်တချို့နှစ်စဉ်သတ်မှတ်ပြီးပြုလုပ်တဲ့အသင်းတော်ရှိသလို၊အဲဒီနေ့မဟုတ်ဘဲသီးသန့်သတ်မှတ်ပြီးလုပ်တဲ့အသင်းတော်တွေလဲရှိပါတယ်။အသင်းတော်အနေနဲ့လုပ်ရင်ကောင်းသလို၊မလုပ်ရင်လဲအပြစ်တော့မရှိပါ။ဒါပေမယ့်ဒီနေ့ရက်အကြောင်းနားလည်ထားရင်တော့မှားမယ်မထင်ပါ။ဒါကြောင့်လာမယ့်ပတ်ရောက်လာမယ့်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက်အနည်းငယ်တင်ပြပေးလိုက်ရပါတယ်။

မှီငြမ်း
https://en.wikipedia.org/wiki/International_Youth_Day

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်