စနေ, ဧပြီ 20, 2024

အာမင်မထူးရတဲ့လား

တစ်ခါကဘုရားကျောင်းတစ်ကျောင်းမှာ ဘုရားကျောင်းတက်တိုင်း အာမင်လို့အမြဲထူးတတ်တဲ့သူတစ်ယောက်ရှိပါသတဲ့။ ဒါကိုသူ့သင်းအုပ်ဆရာကမကြိုက်ရှာဘူး၊ ဒါနဲ့ပဲ တစ်နေ့တော့သင်းအုပ်ကိုယ်တိုင်သူ့ဆီသွားပြီး ဒီတစ်ပတ်တရားနာချိန် အာမင်မထူးဖို့ပြောတယ်၊တစ်ကယ်လို့အာမင်မထူးပဲနေနိူင်ရင် အိမ်ကဝက်မလေးတစ်ကောင်ဆုချီးမြင့်မယ်လို့လည်း ပြောလိုက်တော့ သူ့ခမျာခေါင်းတစ်ညိမ့်ညိမ့်နဲ့ လုံးဝမထူးတော့ပါဘူးလို့ဆရာကိုဂတိပေးလိုက်ပါတယ်။

ဒီလိုနဲ့တနင်္ဂနွေနေ့မှာ ဆရာတရားဟောချိန် သူတစ်ယောက်ကတော့ခါတိုင်းနဲ့မတူဘဲတိတ်ဆိတ်နူတ်ပိတ်ပြီးနားထောင်နေရှာပါတယ်၊ပလ္လင်ပေါ်ကဆရာတရားဟောတာအရမ်းကောင်းသထက်ကောင်းလာချိန်မှာတော့ သူ့ခမျာမအောင့်ထားနိူင်တော့ပါဘူး၊မအောင့်ထားနိုင်တဲ့အဆုံးချက်ချင်းထပြီးပလ္လင်ပေါ်ကဆရာကိုအော်ပြောလိုက်ပါတယ် “ ဆရာရေ ကျွန်တော်ဝက်မယူတော့ဘူးအာမင်ကိုတော့မအောင့်နိူင်လို့ပြောလိုက်တော့မယ်” လို့ပြောပြီးအာမင်ထူးလိုက်ပါလေတော့တယ်။

ချစ်သောမိတ်ဆွေ

ယနေ့အသင်းတော်မှာအစွန်းရောက်နှစ်မျိုးရှိနေပါတယ်၊တမျိုးကအာမင် ဟာလေလုယာထူးနေတာကိုမနှစ်မျို့သူခေါင်းဆောင်တချို့နဲ့အာမင်ဟာလေလုယာကိုဆက်တိုက်ပြောမှမှန်တယ်ခံယူနေတဲ့ခေါင်းဆောင်တချို့ဖြစ်ပါတယ်။တကယ်တော့အာမင်မထူးနဲ့လို့တားမြစ်သူဟာမှားသလိုအာမင်ကိုမလိုလားဘဲထပ်ခါထပ်ခါထူးနေတာလဲတဖက်စွန်းရောက်နေတာပါ။တကယ်လို့အာမင်ဟာလေလုယာထူးတာမှားရင်ကျမ်းစာမှာထူးထားတဲ့ကျမ်းချက်တွေအကုန်မှားနေသလိုဖြစ်သွားပါလိမ့်မည်၊တကယ်လို့အာမင်ဟာလေလုယာအထပ်ထပ်ထူးမှမှန်တယ်ဆိုရင်လဲကျမ်းစာတခုလုံးမှာအာမင်ဟာလေလုယာတွေချည်းနဲ့ပြည့်နေပါလိမ့်မယ်။

ဒါကြောင့်ယနေ့ယုံကြည်သူများနဲ့ခေါင်းဆောင်များအာမင်နဲ့ဟာလေလုယာကိုလိုသွားတာမရှိဘဲပိုသွားတာမျိုးလဲမဖြစ်ရအောင်သူ့နေရာနဲ့သူမှန်ကန်စွာအသုံးချတတ်ဖို့အရေးကြီးပါတယ်။ရေခံမြေခံနဲ့လက်မခံနိုင်သေးတဲ့လူကြားမှာလဲအတင်းလိုက်ထူးခိုင်းတာမျိုးမဟုတ်ဘဲနားလည်အောင်ရှင်းပြသွန်သင်ပြီးမှတွဲခေါ်သင့်ပါပေတယ်။ကိုယ်ထူးလိုက်လို့သူတပါးအတွက်အနှောက်ယှက်ဖြစ်သွားလားဆိုတာလဲရေခံမြေခံအရဖြည်းဖြည်းအံဝင်အောင်ကြည့်လုပ်သင့်ပါပေတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်