စနေ, ဧပြီ 20, 2024

အာလဖ၊ဩမေဃဆိုတာ

အာလဖ နဲ့ ဩမေဃ ဆိုတာ ဂရိအက္ခရာ၂၄ လုံးထဲကအဦးဆုံးတလုံး A(alpha) နဲ့ နောက်ဆုံးတလုံး Ω(omega) ဘဲဖြစ်ပါတယ်(ပုံကိုကြည့်ပါ)။မြန်မာအက္ခရာ က နဲ့ အ (or) အင်္ဂလိပ်လို A နဲ့ Z လိုပါဘဲ။အဓိပ္ပာယ်ကတော့ အဦးဆုံးနဲ့နောက်ဆုံးဖြစ်သလို၊အစနဲ့အဆုံး လို့လည်းသက်ရောက်ပါတယ်။ဗျာဒိတ်ကျမ်းမှာဒီလိုအစအဆုံးနဲ့ပတ်သက်တဲ့ကျမ်းလေးငါးနေရာတွေ့ရမှာဖြစ်ပါတယ်။

၁။ဗျာဒိတ်ကျမ်း ၁:၈
ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။

၂။ဗျာဒိတ်ကျမ်း ၁:၁၇
… ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။

၃။ဗျာဒိတ်ကျမ်း ၂:၈
…အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊

၄။ဗျာဒိတ်ကျမ်း ၂၂:၁၃
ငါသည် အာလဖဖြစ်၏ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။

၅။ဗျာဒိတ်ကျမ်း ၂၁:၆
အမှုပြီးပြီ။ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်